




စတုတ္ထ အကြိမ်မြောက် ဂင်းနစ်ဂုဏ်ပြုမှတ်တမ်းကို ရယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို
=======================

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ကစားသမားဘဝတွင် စတုတ္ထ အကြိမ်မြောက် ဂင်းနစ်ဂုဏ်ပြုမှတ်တမ်းကို ဒိန်းမတ်နှင့်ပွဲမတိုင်မီ လက်ခံရယူခဲ့ပါတယ်။

စီရော်နယ်လ်ဒို(၄၀ နှစ်)ဟာ နိုင်ငံတကာဘောလုံးသမိုင်းတွင် နိုင်ပွဲအများဆုံး ကစားသမားအဖြစ် ၁၃၂ ပွဲနှင့် ယင်းမှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒို၏ အခြားဂင်းနစ်မှတ်တမ်းသုံးခုမှာ နိုင်ငံတကာဘောလုံးသမိုင်းတွင် ဂိုးအများဆုံး၊ ချန်ပီယံလိဂ်တွင် သွင်းဂိုး ၁၀၀ ပြည့်သည့် ပထမဆုံးကစားသမား၊ Instagramတွင် Follower
အများဆုံးစသည့် မှတ်တမ်းများနှင့် ပိုင်ဆိုင်ခဲ့ပါတယ်။