ကျောဘက်ကင်မရာ နှစ်လုံးပါဝင်သော Honor 8 စမတ်ဖုန်းကို Huawei ထုတ်ဖော်မိတ်ဆက်

Huawei သည် P9 specifications နီးပါးအတိုင်း တူညီပြီး ဈေးနှုန်းထက်ဝက်ခန့် သက်သာသော Honor 8 စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

Honor 8

Huawei သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က သုံးစွဲသူနှင့် တိုက်ရိုက်ထိတွေ့စေမည့် နည်းဗျူဟာအဖြစ် Honor အမှတ်တံဆိပ်ကို စတင်ခဲ့သည်။ Honor 8 စမတ်ဖုန်းသစ်ကို 3GB RAM/32GB storage မော်ဒယ်အား ကန်ဒေါ်လာ ၃၀၀၊ 4GB/32GB မော်ဒယ်အတွက် ကန်ဒေါ်လာ ၃၄၃ နှင့် 4GB/64GB အတွက် ကန်ဒေါ်လာ ၃၇၄ ဟူ၍ တရုတ်နိုင်ငံတွင် ရောင်းချပေးမည် ဖြစ်သည်။

Honor 8 တွင် P9 နှင့်အလွန်ဆင်တူသော 12-megapixel dual camera setup ပါဝင်သော်လည်း Leica အမှတ်တံဆိပ် မဟုတ်ပေ။ အခြားအသေးစိတ်အချက်အလက်များမှာ မျက်နှာပြင်အရွယ် ၅.၂ လက်မ 1920x 1080 pixel ရုပ်ထွက်အရည်အသွေး နှင့် Kirin 950 octa-core တို့ ပါဝင်လာသည်။ EMUI 4.1 နှင့် Android 6 Marshmallow အသုံးပြုထားသည်။ ထို့အပြင် အားသွင်းမြန်ဆန်သည့် နည်းပညာနှင့်အတူ ဖြုတ်၍ မရသော 3000 mAh ဘက်ထရီပါဝင်လာသည်။

နှိုင်းယှဉ်ချက်အရ Huawei P9 နှင့် Honor 8 ကွာခြားချက်မှာ Kirin 955 ပရိုဆက်ဆာသစ် အသုံးပြုထားခြင်း ဖြစ်သည်။ Huawei P9 ၏ အခြား spec များမှာ Honor 8 နှင့် အတူတူပင် ဖြစ်သည်။

ဓာတ်ပုံထဲတွင် Honor 8 ကို နီလာရောင်ဖြင့် ဖော်ပြထားသော်လည်း အဖြူ၊ ရွှေ၊ အနက်နှင့် ပန်းရောင်များသာ ရရှိမည် ဖြစ်သည်။ Huawei သည် Honor 8 ကို တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်တွင် ရောင်းချသွားမည် ဖြစ်သည်။

Ref: ZDNet


Leave a Reply