ယူကရိန္းပဋိပကၡကို အဆုံးသတ္ႏိုင္မည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ရပ္ ခ်မွတ္ႏိုင္ရန္ နီးစပ္လာၿပီဟု အေမရိကန္ေျပာ
ယူကရိန္းပဋိပကၡကို အဆုံးသတ္ႏိုင္မည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ရပ္ ခ်မွတ္ႏိုင္ေရးသည္ နီးသထက္ နီးစပ္လာၿပီျဖစ္ေၾကာင္း အေမရိကန္အိမ္ျဖဴေတာ္မွ ျပန္ၾကားေရးအတြင္းဝန္ ကာ႐ိုလိုင္းေလဗစ္ က ေျပာၾကား လိုက္ေၾကာင္းသိရသည္။
အိမ္ျဖဴေတာ္၏အဆိုပါထုတ္ျပန္ခ်က္သည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ႏွင့္႐ုရွားသမၼတ ဗလာဒီမာပူတင္တို႔ၾကား ယူကရိန္းတြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ခ်မွတ္ႏိုင္ရန္ တယ္လီဖုန္းမွတစ္ဆင့္ ေဆြးေႏြးမႈမစတင္မီ မတ္လ ၁၇ ရက္တြင္ ထြက္ေပၚလာျခင္းျဖစ္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ယူကရိန္းတြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ခ်မွတ္ႏိုင္ေရးအတြက္ လုပ္ေဆာင္ ရန္ ဆုံးျဖတ္ထားေၾကာင္း ကာ႐ိုလိုင္းေလဗစ္က ဆက္လက္ေျပာၾကားထားေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံေခါင္းေဆာင္ႏွစ္ဦးၾကား ျပဳလုပ္မည့္ ေဆြးေႏြးပြဲတြင္ နယ္နိမိတ္ထိန္းခ်ဳပ္ေရးႏွင့္ နယ္ေျမပိုင္ဆိုင္မႈ အခ်ိဳ႕အားခြဲျခမ္းေရးတို႔ကို အဓိကထားေဆြးေႏြးမည္ျဖစ္ၿပီး ကနဦးအေနျဖင့္ ယူကရိန္းတြင္ ရက္ေပါင္း ၃၀ ၾကာ အပစ္အခတ္ ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်မွတ္ႏိုင္မည္ဟု ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားက ေမွ်ာ္လင့္ထားသည္။
ယူကရိန္းအစိုးရသည္ အေမရိကန္က အဆိုျပဳသည့္ ယာယီအပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို သေဘာတူလက္ခံ ထားေသာ္လည္း ခ႐ိုင္းမီးယားေဒသႏွင့္ ႐ုရွားက ၎တို႔ပိုင္အျဖစ္ေၾကညာ ထားသည့္ နယ္နိမိတ္မ်ားကို စြန႔္လႊတ္ရန္ တြန႔္ဆုတ္လ်က္ရွိေၾကာင္း RT သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် နီးစပ်လာပြီဟု အမေရိကန်ပြော
=======================
ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးသည် နီးသထက် နီးစပ်လာပြီဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်မှ ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်းလေဗစ် က ပြောကြား လိုက်ကြောင်းသိရသည်။
အိမ်ဖြူတော်၏အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့်ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရန် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုမစတင်မီ မတ်လ ၁၇ ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် လုပ်ဆောင် ရန် ဆုံးဖြတ်ထားကြောင်း ကာရိုလိုင်းလေဗစ်က ဆက်လက်ပြောကြားထားကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပြုလုပ်မည့် ဆွေးနွေးပွဲတွင် နယ်နိမိတ်ထိန်းချုပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှု အချို့အားခွဲခြမ်းရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ကနဦးအနေဖြင့် ယူကရိန်းတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ချမှတ်နိုင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက မျှော်လင့်ထားသည်။
ယူကရိန်းအစိုးရသည် အမေရိကန်က အဆိုပြုသည့် ယာယီအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို သဘောတူလက်ခံ ထားသော်လည်း ခရိုင်းမီးယားဒေသနှင့် ရုရှားက ၎င်းတို့ပိုင်အဖြစ်ကြေညာ ထားသည့် နယ်နိမိတ်များကို စွန့်လွှတ်ရန် တွန့်ဆုတ်လျက်ရှိကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။