



INDIA ISTAF WORLD CUP တွင် မြန်မာကိုယ်စားပြု ပိုက်ကျော်ခြင်းကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်မည်
===============
အိန္ဒိယနိုင်ငံ တွင် ကျင်းပမည့် ISTAF WORLD CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ကိုယ်စားပြုကစားသမားများ ယမန်နေ့ မတ်လ (၁၇) နံနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို မတ်လ (၂၀)ရက် မှ ( ၂၅)ရက်အထိ ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာကိုယ်စားပြုအသင်းအနေ ဖြင့် Men Double ၊ Men Quadrant ၊ Women Double ၊ Women Quadrant Mix Quadrant စသည့် ကစားနည်းများကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပြိုင်ပွဲတလျှောက် မြန်မာအသင်းယှဥ်ပြိုင်သည့် ပွဲစဉ်များကို Live ကြည့်ရှုအားပေးနိုင်ရန် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ချုပ် FB Page နှင့် Youtube Channel များမှ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။