ခရမ္းလြန္ေရာင္ျခည္ သတိျပဳရန္ အသိေပးထုတ္ျပန္
ခရမ္းလြန္ေရာင္ျခည္အၫႊန္းကိန္း ျမင့္မားစြာရွိေနတဲ့အခ်ိန္ေတြမွာ ခရမ္းလြန္ေရာင္ျခည္နဲ႔ ထိေတြ႕မႈေၾကာင့္ က်န္းမာေရးအေပၚ သက္ေရာက္မႈေတြနဲ႔ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေတြနဲ႔ပတ္သက္လို႔ က်န္းမာေရးဝန္ႀကီး ဌာနက ထုတ္ျပန္အသိေပးထားပါတယ္။
ခရမ္းလြန္ေရာင္ျခည္နဲ႔ ထိေတြ႕မႈေၾကာင့္ ေနေလာင္တာ၊ အသားအေရာင္ညိဳမည္းတာေတြ ျဖစ္ေစႏိုင္ၿပီး ထိေတြ႕မႈ ကာလၾကာလာတဲ့အခါ မ်က္စိတိမ္စြဲတာ၊ အေရျပားေတြ အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္တာ၊ ခုခံအားက်ဆင္းလာ တာ၊ အေရျပားကင္ဆာျဖစ္တာ စတဲ့ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစႏိုင္တယ္လို႔ ဆိုပါတယ္။
ဒါေၾကာင့္ ခရမ္းလြန္ေရာင္ျခည္ ျမင့္မားစြာက်ေရာက္ႏိုင္တဲ့ မနက္ ၁၀ နာရီကေန ညေန ၄ နာရီအတြင္း ေနေရာင္ ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕တာကို အတတ္ႏိုင္ဆုံးေရွာင္ရွားဖို႔၊ အျပင္ထြက္မယ္ဆိုရင္ အသားအေရကို ေနေရာင္ ျခည္ တိုက္႐ိုက္မထိေတြ႕ေစဖို႔ မ်က္ႏွာ၊ လည္ပင္နဲ႔ ပခုံးေတြကို လုံၿခဳံတဲ့ ထီး၊ ဦးထုပ္တို႔ေဆာင္းတာ၊ ခရမ္းလြန္ ေရာင္ျခည္ အလြယ္တကူ မေဖာက္ႏိုင္တဲ့ အဝတ္အထည္ေတြကို ဝတ္ဆင္တာေတြကို လုပ္ေဆာင္ရမွာျဖစ္တယ္ လို႔ ပါရွိပါတယ္။
ခရမ္းလြန္ေရာင္ျခည္ဟာ မ်က္စိကိုလည္း ထိခိုက္ေစႏိုင္တာေၾကာင့္ ခရမ္းလြန္ေရာင္ျခည္ကို (၉၉)ရာခိုင္ႏႈန္း အထိ ကာကြယ္ေပးႏိုင္တဲ့ ေနကာမ်က္မွန္ တပ္ဆင္တာ၊ အဝတ္ကင္းလြတ္ေနတဲ့ လက္၊ လည္ပင္းနဲ႔ ပခုံး စတဲ့ ေနရာေတြကို သနပ္ခါးထူထူ ဒါမဟုတ္ ေနေလာင္ခံလိမ္းေဆးကို ေနေရာင္ျခည္ထဲ မထြက္မီ (၁၅)မိနစ္ခန႔္ ႀကိဳလိမ္းတာ၊ တစ္ခါလိမ္းၿပီး (၂)နာရီၾကာၿပီးတိုင္း တစ္ခါထပ္လိမ္းတာေတြ လုပ္ေဆာင္ရမယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ကေလးငယ္နဲ႔ သက္ႀကီးဘိုးဘြားေတြအေနနဲ႔ ခရမ္းလြန္ေရာင္ျခည္အႏၲရာယ္ကို ပိုမိုခံစားရႏိုင္တာေၾကာင့္ အထူးဂ႐ုျပဳဖို႔ လိုအပ္သလို အသက္တစ္ႏွစ္ေအာက္ကေလးငယ္ေတြကိုလည္း ေနပူထဲကိုေခၚေဆာင္တာေတြ မျပဳလုပ္ဖို႔နဲ႔ ကေလးေတြကို အရိပ္ထဲမွာသာ ကစားခိုင္းတာေတြ ျပဳလုပ္ဖို႔လိုတယ္လို႔ ထုတ္ျပန္ထားပါတယ္။
ခရမ်းလွန်ရောင်ခြည် သတိပြုရန် အသိပေးထုတ်ပြန်
========================
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေတဲ့အချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် နေလောင်တာ၊ အသားအရောင်ညိုမည်းတာတွေ ဖြစ်စေနိုင်ပြီး ထိတွေ့မှု ကာလကြာလာတဲ့အခါ မျက်စိတိမ်စွဲတာ၊ အရေပြားတွေ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်းလာ တာ၊ အရေပြားကင်ဆာဖြစ်တာ စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင် ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကို အတတ်နိုင်ဆုံးရှောင်ရှားဖို့၊ အပြင်ထွက်မယ်ဆိုရင် အသားအရေကို နေရောင် ခြည် တိုက်ရိုက်မထိတွေ့စေဖို့ မျက်နှာ၊ လည်ပင်နဲ့ ပခုံးတွေကို လုံခြုံတဲ့ ထီး၊ ဦးထုပ်တို့ဆောင်းတာ၊ ခရမ်းလွန် ရောင်ခြည် အလွယ်တကူ မဖောက်နိုင်တဲ့ အဝတ်အထည်တွေကို ဝတ်ဆင်တာတွေကို လုပ်ဆောင်ရမှာဖြစ်တယ် လို့ ပါရှိပါတယ်။
ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကိုလည်း ထိခိုက်စေနိုင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉)ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် တပ်ဆင်တာ၊ အဝတ်ကင်းလွတ်နေတဲ့ လက်၊ လည်ပင်းနဲ့ ပခုံး စတဲ့ နေရာတွေကို သနပ်ခါးထူထူ ဒါမဟုတ် နေလောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲ မထွက်မီ (၁၅)မိနစ်ခန့် ကြိုလိမ်းတာ၊ တစ်ခါလိမ်းပြီး (၂)နာရီကြာပြီးတိုင်း တစ်ခါထပ်လိမ်းတာတွေ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးငယ်နဲ့ သက်ကြီးဘိုးဘွားတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်တာကြောင့် အထူးဂရုပြုဖို့ လိုအပ်သလို အသက်တစ်နှစ်အောက်ကလေးငယ်တွေကိုလည်း နေပူထဲကိုခေါ်ဆောင်တာတွေ မပြုလုပ်ဖို့နဲ့ ကလေးတွေကို အရိပ်ထဲမှာသာ ကစားခိုင်းတာတွေ ပြုလုပ်ဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။