ONE Friday Fights 101 ၿပိဳင္ပြဲတြင္ အဲမြီႏွင့္ ေသြးလင္းထက္တို႔၏ တြဲဆိုင္းမ်ား ပါဝင္

မတ္ (၂၁) ရက္တြင္ ထိုင္းႏိုင္ငံ၌ က်င္းပမည့္ ONE Friday Fights 101 ၿပိဳင္ပြဲတြင္ ျမန္မာဖိုက္တာႏွစ္ဦးျဖစ္သည့္ အဲမြီႏွင့္ ေသြးလင္းထက္တို႔၏ တြဲဆိုင္းမ်ား ပါဝင္လာေၾကာင္း သိရသည္။

ယင္းၿပိဳင္ပြဲတြင္ တြဲဆိုင္းစုစုေပါင္း (၁၂)ပြဲ ပါဝင္မည္ျဖစ္ၿပီး အဲမြီတြဲဆိုင္းကို ပြဲစဥ္ (၆)၊ ေသြးလင္းထက္တြဲဆိုင္းကို ပြဲစဥ္ (၇)တြင္ က်င္းပမည္ျဖစ္သည္။

အဲမြီသည္ အစၥေရးႏိုင္ငံသား အာဟာဗက္ဒ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္ၿပီး ONE ႏွင့္ (၄)ပြဲေျမာက္ ထိုးသတ္ရမည္ျဖစ္သည္။

အဲမြီသည္ ၿပီးခဲ့သည့္ (၃)ပြဲတြင္ ႏွစ္ပြဲႏိုင္၊ တစ္ပြဲရႈံးနိမ့္ထားၿပီး အႏိုင္ရထားသည့္ ႏွစ္ပြဲစလုံး အလဲထိုးထားျခင္းျဖစ္ကာ ရႈံးနိမ့္သည့္ပြဲမွာမူ အမွတ္ျဖင့္အေရးနိမ့္ခဲ့ျခင္းျဖစ္သည္။

အဲမြီၿပိဳင္ဘက္ အာဟာဗက္ဒ္သည္ ONE ႏွင့္ ပထမဆုံးပြဲထိုးသတ္ျခင္းျဖစ္ေသာ္လည္း ေမြထိုင္းပြဲ အေတြ႕အႀကဳံရွိသူျဖစ္ၿပီး (၇) ပြဲထိုးသတ္ရာတြင္ (၇) ပြဲစလုံး အႏိုင္ရထားသလို (၅) ပြဲကို အလဲထိုးျဖင့္အႏိုင္ရထားျခင္းျဖစ္သည္။

ေသြးလင္းထက္သည္ ထိုင္းဖိုက္တာ ဝမ္တာဝီႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္ၿပီး ယခုႏွစ္အတြင္း ဒုတိယေျမာက္ ထိုးသတ္ရမည့္ပြဲျဖစ္သည္။

ေသြးလင္းထက္သည္ ရက္ေပါင္း(၃၀) ေက်ာ္အၾကာမွာပင္ ေနာက္ထပ္တစ္ပြဲ ထိုးသတ္ရျခင္းျဖစ္ၿပီး ONE ႏွင့္ (၄) ပြဲေျမာက္ ထိုးသတ္ခြင့္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေသြးလင္းထက္သည္ ၿပီးခဲ့သည့္ (၃) ပြဲတြင္ ႏွစ္ပြဲႏိုင္၊ တစ္ပြဲရႈံးနိမ့္ထားၿပီး ေနာက္ဆုံးထိုးသတ္သည့္ပြဲတြင္ ထိုင္းဖိုက္တာကို ပထမအခ်ီမွာပင္ အလဲထိုးအႏိုင္ ရထားျခင္းျဖစ္သည္။

ဝမ္တာဝီသည္ ONE ႏွင့္ ဒုတိယေျမာက္ပြဲ ထိုးသတ္ခြင့္ရျခင္းျဖစ္ၿပီး ပထမပြဲတြင္ အႏိုင္ရထားသည္။ #Eleven


ONE Friday Fights 101 ပြိုင်ပွဲတွင် အဲမွီနှင့် သွေးလင်းထက်တို့၏ တွဲဆိုင်းများ ပါဝင်
=======================
မတ် (၂၁) ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 101 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် အဲမွီနှင့် သွေးလင်းထက်တို့၏ တွဲဆိုင်းများ ပါဝင်လာကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၁၂)ပွဲ ပါဝင်မည်ဖြစ်ပြီး အဲမွီတွဲဆိုင်းကို ပွဲစဉ် (၆)၊ သွေးလင်းထက်တွဲဆိုင်းကို ပွဲစဉ် (၇)တွင် ကျင်းပမည်ဖြစ်သည်။

အဲမွီသည် အစ္စရေးနိုင်ငံသား အာဟာဗက်ဒ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ONE နှင့် (၄)ပွဲမြောက် ထိုးသတ်ရမည်ဖြစ်သည်။

အဲမွီသည် ပြီးခဲ့သည့် (၃)ပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး အနိုင်ရထားသည့် နှစ်ပွဲစလုံး အလဲထိုးထားခြင်းဖြစ်ကာ ရှုံးနိမ့်သည့်ပွဲမှာမူ အမှတ်ဖြင့်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

အဲမွီပြိုင်ဘက် အာဟာဗက်ဒ်သည် ONE နှင့် ပထမဆုံးပွဲထိုးသတ်ခြင်းဖြစ်သော်လည်း မွေထိုင်းပွဲ အတွေ့အကြုံရှိသူဖြစ်ပြီး (၇) ပွဲထိုးသတ်ရာတွင် (၇) ပွဲစလုံး အနိုင်ရထားသလို (၅) ပွဲကို အလဲထိုးဖြင့်အနိုင်ရထားခြင်းဖြစ်သည်။

သွေးလင်းထက်သည် ထိုင်းဖိုက်တာ ဝမ်တာဝီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ယခုနှစ်အတွင်း ဒုတိယမြောက် ထိုးသတ်ရမည့်ပွဲဖြစ်သည်။

သွေးလင်းထက်သည် ရက်ပေါင်း(၃၀) ကျော်အကြာမှာပင် နောက်ထပ်တစ်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ONE နှင့် (၄) ပွဲမြောက် ထိုးသတ်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

သွေးလင်းထက်သည် ပြီးခဲ့သည့် (၃) ပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးထိုးသတ်သည့်ပွဲတွင် ထိုင်းဖိုက်တာကို ပထမအချီမှာပင် အလဲထိုးအနိုင် ရထားခြင်းဖြစ်သည်။

ဝမ်တာဝီသည် ONE နှင့် ဒုတိယမြောက်ပွဲ ထိုးသတ်ခွင့်ရခြင်းဖြစ်ပြီး ပထမပွဲတွင် အနိုင်ရထားသည်။ #Eleven