ႏွစ္ေပါင္း ၇၀ အတြင္း ပထမဆုံးအႀကိမ္ ျပည္တြင္းဆုဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ နယူးကာဆယ္

မေန႔ညက ယွဥ္ၿပိဳင္ကစားသြားတဲ့ ကရာေဘာင္ လိဂ္ဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္အသင္းဟာ လီဗာပူးကို အႏိုင္ရၿပီး ႏွစ္ေပါင္း ၇၀ အတြင္းမွာ ပထမဆုံးအႀကိမ္ ျပည္တြင္းဆုဖလားတလုံး ျပန္လည္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

နယူးကာဆယ္အသင္းဟာ လီဗာပူးနဲ႔ ဗိုလ္လုပြဲမွာ ဒမ္နီဘမ္း၊ အီဆက္ခ္တို႔ရဲ႕ ဂိုးေတြနဲ႔ ဦးေဆာင္ဂိုး ၂ ဂိုး ရရွိခဲ့ၿပီး ပြဲၿပီးခါနီးမွာ ေခ်ပဂိုးတဂိုး ျပန္ေပးခဲ့ရကာ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရ ဗိုလ္စြဲခဲ့တာပါ။

၁၉၅၅ ခုႏွစ္ FA ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုဖလား ရယူႏိုင္ခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၇၀ အတြင္းမွာ ပထမဆုံးအႀကိမ္ ျပည္တြင္းဆုဖလား ျပန္လည္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔လည္း ေမွ်ာ္လင့္ႏိုင္တဲ့ နယူးကာဆယ္အသင္းဟာ လိဂ္ဖလား ရယူႏိုင္ခဲ့တာေၾကာင့္ လာမယ့္ရာသီ ဥေရာပဖလားၿပိဳင္ပြဲဝင္ခြင့္ရဖို႔လည္း ေသခ်ာေစခဲ့ပါတယ္။


နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နယူးကာဆယ်
==============
မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကရာဘောင် လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းဟာ လီဗာပူးကို အနိုင်ရပြီး နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလားတလုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ လီဗာပူးနဲ့ ဗိုလ်လုပွဲမှာ ဒမ်နီဘမ်း၊ အီဆက်ခ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ဂိုး ၂ ဂိုး ရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ချေပဂိုးတဂိုး ပြန်ပေးခဲ့ရကာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။

၁၉၅၅ ခုနှစ် FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလား ပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း မျှော်လင့်နိုင်တဲ့ နယူးကာဆယ်အသင်းဟာ လိဂ်ဖလား ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဖလားပြိုင်ပွဲဝင်ခွင့်ရဖို့လည်း သေချာစေခဲ့ပါတယ်။