အဂၤလန္အသင္းပြဲစဥ္မ်ားကို လြဲေခ်ာ္ဖြယ္ရွိတဲ့ ပယ္မာ

ႂကြက္သားဒဏ္ရာရေနတဲ့ ကြင္းလယ္ကစားသမား ကိုးလ္ပယ္မာအေနနဲ႔ လာမယ့္ အဂၤလန္အသင္းရဲ႕ ပြဲေတြကို လြဲေခ်ာ္ဖြယ္ရွိတယ္လို႔ ခ်ဲလ္ဆီးနည္းျပ မာရက္စ္ကာက ေျပာသြားခဲ့ပါတယ္။ ပယ္မာဟာ ဒီဒဏ္ရာကို စေနေန႔ အသင္းေလ့က်င့္ေရးမွာ ရရွိခဲ့တာျဖစ္ၿပီး တနဂၤေႏြညမွာ ကစားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။

ပယ္မာအေနနဲ႔ ၂၀၂၄ ဧၿပီလေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲကို ပထမဆုံးအႀကိမ္ လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ပယ္မာရဲ႕ဒဏ္ရာအေျခအေနက အဂၤလန္အသင္းရဲ႕ ကမာၻ႔ဖလား ေျခစစ္ပြဲေတြ ကိုလည္း လြဲေခ်ာ္ဖြယ္ရွိတယ္လို႔ နည္းျပ မာရက္စ္ကာက အတည္ျပဳခဲ့ပါတယ္။ ပယ္မာရဲ႕ဒဏ္ရာအေျခအေန အေသးစိတ္ကိုေတာ့ တနလၤာေန႔ စစ္ေဆးမႈေတြအၿပီးမွာ သိရမွာျဖစ္တယ္လို႔လည္း မာရက္စ္ကာက ေျပာပါ တယ္။

ပယ္မာဟာ အခုရာသီ ခ်ဲလ္ဆီးအသင္းရဲ႕ လိဂ္သြင္းဂိုး ၅၃ ဂိုးမွာ ဂိုး ၂၀ အထိ ပါဝင္ပတ္သက္ထားေပမယ့္ ခ်ဲလ္ဆီး အတြက္ လိဂ္ေနာက္ဆုံး ၇ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ေနတာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ အနားယူၿပီးေနာက္မွာ ပယ္မာ အေနနဲ႔ ပုံစံေကာင္း ျပန္ရလာဖို႔ နည္းျပ မာရက္စ္ကာ ေမွ်ာ္လင့္ေနပါတယ္။


အင်္ဂလန်အသင်းပွဲစဉ်များကို လွဲချော်ဖွယ်ရှိတဲ့ ပယ်မာ
————————–
ကြွက်သားဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာအနေနဲ့ လာမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေကို လွဲချော်ဖွယ်ရှိတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ပယ်မာဟာ ဒီဒဏ်ရာကို စနေနေ့ အသင်းလေ့ကျင့်ရေးမှာ ရရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ရပါတယ်။

ပယ်မာအနေနဲ့ ၂၀၂၄ ဧပြီလနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲကို ပထမဆုံးအကြိမ် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပယ်မာရဲ့ဒဏ်ရာအခြေအနေက အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကိုလည်း လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြ မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။ ပယ်မာရဲ့ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ တနင်္လာနေ့ စစ်ဆေးမှုတွေအပြီးမှာ သိရမှာဖြစ်တယ်လို့လည်း မာရက်စ်ကာက ပြောပါ တယ်။

ပယ်မာဟာ အခုရာသီ ချဲလ်ဆီးအသင်းရဲ့ လိဂ်သွင်းဂိုး ၅၃ ဂိုးမှာ ဂိုး ၂၀ အထိ ပါဝင်ပတ်သက်ထားပေမယ့် ချဲလ်ဆီး အတွက် လိဂ်နောက်ဆုံး ၇ ပွဲဆက် ဂိုးပေါက်ပျောက်နေတာဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူပြီးနောက်မှာ ပယ်မာ အနေနဲ့ ပုံစံကောင်း ပြန်ရလာဖို့ နည်းပြ မာရက်စ်ကာ မျှော်လင့်နေပါတယ်။