သမၼတေဟာင္းအဖမ္းခံရမႈေၾကာင့္ ဖိလစ္ပိုင္ျပည္သူေသာင္းႏွင့္ခ်ီ ဆႏၵထုတ္ေဖာ္

ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး(ICC) သို႔ ဖမ္းဆီးပို႔ေဆာင္ခံရသည့္ သမၼတေဟာင္း ႐ိုဒရီဂို ဒူတာေတးအား ဖိလစ္ပိုင္ျပည္သူ ေသာင္းႏွင့္ခ်ီ ေထာက္ခံ ဆႏၵထုတ္ေဖာ္ခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံသားမ်ားသည္ ဖိလစ္ပိုင္ႏိုင္ငံရွိၿမိဳ႕ႀကီးမ်ားအျပင္ ကေနဒါ၊ ဖင္လန္၊ ဒူဘိုင္း၊ စပိန္၊ ကိုရီးယားႏိုင္ငံမ်ားတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနေသာ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားလည္း စုေဝးဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

“သမၼတ ဒူတာေတး ဖိလစ္ပိုင္ႏိုင္ငံကို ျပန္ေရာက္တဲ့အထိ ကြၽန္ေတာ္တို႔ရဲ႕ေထာက္ခံမႈကို ျပသသြားမွာပါ”ဟု ေထာက္ခံသူမ်ားကဆိုသည္။

ဒူတာေတးသမၼတ တာဝန္ယူစဥ္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းမႈတြင္ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈက်ဴးလြန္သည္ဟု စြပ္စြဲခံရၿပီးေနာက္ လက္ရွိသမၼတ ဖာဒီနန္မာကို႔စ္ ဂ်ဴနီယာမွ ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး(ICC) သို႔ ဖမ္းဆီးပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္။

သမၼတေဟာင္းဖမ္းဆီးခံရမႈေၾကာင့္ လက္ရွိသမၼတအေပၚ လူထုေထာက္ခံမႈက်ဆင္းေနၿပီး ဖိလစ္ပိုင္ျပည္သူမ်ားႏွင့္အတူ ဖိလစ္ပိုင္အစိုးရဝန္ထမ္းမ်ားပါ ပူးေပါင္းဆႏၵထုတ္ေဖာ္လ်က္ရွိသည္။


သမ္မတဟောင်းအဖမ်းခံရမှုကြောင့် ဖိလစ်ပိုင်ပြည်သူသောင်းနှင့်ချီ ဆန္ဒထုတ်ဖော်
===================
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး(ICC) သို့ ဖမ်းဆီးပို့ဆောင်ခံရသည့် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ဖိလစ်ပိုင်ပြည်သူ သောင်းနှင့်ချီ ထောက်ခံ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံရှိမြို့ကြီးများအပြင် ကနေဒါ၊ ဖင်လန်၊ ဒူဘိုင်း၊ စပိန်၊ ကိုရီးယားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်နိုင်ငံသားများလည်း စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“သမ္မတ ဒူတာတေး ဖိလစ်ပိုင်နိုင်ငံကို ပြန်ရောက်တဲ့အထိ ကျွန်တော်တို့ရဲ့ထောက်ခံမှုကို ပြသသွားမှာပါ”ဟု ထောက်ခံသူများကဆိုသည်။

ဒူတာတေးသမ္မတ တာဝန်ယူစဉ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုတွင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရပြီးနောက် လက်ရှိသမ္မတ ဖာဒီနန်မာကို့စ် ဂျူနီယာမှ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး(ICC) သို့ ဖမ်းဆီးပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်းဖမ်းဆီးခံရမှုကြောင့် လက်ရှိသမ္မတအပေါ် လူထုထောက်ခံမှုကျဆင်းနေပြီး ဖိလစ်ပိုင်ပြည်သူများနှင့်အတူ ဖိလစ်ပိုင်အစိုးရဝန်ထမ်းများပါ ပူးပေါင်းဆန္ဒထုတ်ဖော်လျက်ရှိသည်။