ယခုႏွစ္ ဖူဆယ္ေဘာလုံးရာသီအၿပီး MIU FC အသင္း ခ်န္ပီဆုဖလား ဆြတ္ခူး
ၿပီးဆုံးခဲ့ၿပီျဖစ္သည့္၂၀၂၄ ဖူဆယ္ေဘာလုံးရာသီအၿပီးတြင္ ခ်န္ပီဆုဖလားကို MIU FC အသင္းက စုစုေပါင္း ရမွတ္ (၅၂)မွတ္ ျဖင့္ ရႈံးပြဲမရွိ ဆြတ္ခူးရရွိခဲ့သည္။
ယမန္ေန႔ မတ္လ (၁၆) ရက္တြင္ MFF Vita Max Futsal League (I) 2024- 2025 ေနာက္ဆုံးပြဲစဥ္မ်ား ယွဥ္ၿပိဳင္အၿပီး၊ ဆုေပးပြဲ အခမ္းအနားကို တဆက္တည္းက်င္းပခဲ့ၾကသည္။
ဆုေပးပြဲ အခမ္းအနားတြင္ MFF Vita Max Futsal League (I) 2024- 2025 ၿပိဳင္ပြဲ ေနာက္ဆုံးပြဲစဥ္တြင္ တာဝန္ယူကိုင္တြယ္ခဲ့ေသာ ဒိုင္လူႀကီးမ်ားကို ေပးအပ္ေသာ အမွတ္တရ ဆုတံဆိပ္မ်ားႏွင့္ ၿပိဳင္ပြဲတြင္ အသန႔္ရွင္းဆုံး အသင္းဆု ရရွိေသာ Generations FC အသင္းကို ေပးအပ္ေသာ အမွတ္တရဆုႏွင့္ ဆုေၾကးေငြက်ပ္ (၅)သိန္းကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဖူဆယ္ႏွင့္ သဲေသာင္ျပင္ ေကာ္မတီ ဒုတိယ ဥကၠ႒ ဦးႏိုင္ေသာင္းထိုက္က ခ်ီးျမႇင့္ခဲ့သည္။
ထို႔ေနာက္ ၿပိဳင္ပြဲ၏ အေကာင္းဆုံး ဂိုးသမားဆု ရရွိခဲ့ေသာ MIU FC အသင္းမွ မိုင္စိုးျမတ္ေထြးႏွင့္ ၿပိဳင္ပြဲ၏ အေကာင္းဆုံး ကစားသမား ဆု ရရွိေသာ MH Dream Team FC အသင္းမွ ၿငိမ္းမင္းစိုး တို႔ကို ေပးအပ္ခ်ီးျမႇင့္သည့္ အမွတ္တရဆုႏွင့္ ဆုေၾကးေငြက်ပ္ (၅) သိန္းစီကို ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္ အသင္းနည္းျပခ်ဳပ္ Mr. Pattaya ေပးအပ္ခဲ့သည္။
ထို႔ေနာက္ ၿပိဳင္ပြဲ၏ စတုတၳဆု ရရွိေသာ VUC FC အသင္းကို ဖူဆယ္ႏွင့္ သဲေသာင္ျပင္ လိဂ္ေကာ္မတီ ဥကၠ႒ ဦးၾကည္မင္းသိန္း က ဆုေၾကးေငြ က်ပ္ သိန္း (၃၀)ကို ေပးအပ္ခဲ့ၿပီး ၿပိဳင္ပြဲ၏ တတိယဆု ရရွိေသာ YRG FCအသင္းကို Cen tury Beverage Co,Ltd မွ မန္ေနးဂ်င္း ဒါ႐ိုက္တာ ဦးစိုင္းဝင္းေအာင္ က တစ္ဦးခ်င္း ဆုတံဆိပ္မ်ားႏွင့္ ဆုေၾကးေငြက်ပ္ သိန္း (၅၀) ကို ေပးအပ္ခဲ့သည္။
ဒုတိယဆု ရရွိေသာ MH Dream Team အသင္းကို ဖူဆယ္ႏွင့္ သဲေသာင္ျပင္ ေကာ္မတီ ဥကၠ႒ ဦးဝင္းေသာ္ က တစ္ဦးခ်င္း ဆုတံဆိပ္မ်ားႏွင့္ ဆုေၾကးေငြက်ပ္ သိန္း (၁၀၀) ကိုေပးအပ္ခဲ့သည္။
ဆက္လက္၍ ပထမဆု ရရွိခဲ့ေသာ MIU FC အသင္းကို ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရးရာဝန္ႀကီး ဦးေဌးေအာင္ က တစ္ဦးခ်င္းဆုမ်ားႏွင့္ ဆုေၾကးေငြ က်ပ္ သိန္း (၁၅၀) ကို ခ်ီးျမႇင့္ေပးအပ္ခဲ့သည္။
ထို႔ေနာက္ ခ်န္ပီယံ ဆုဖလားအား ရရွိခဲ့ေသာ MIU FC အသင္းကို အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ အႀကီးတန္းဒုတိယ ဥကၠ႒ႏွင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္က ခ်န္ပီယံဆုဖလား ေပးအပ္ခဲ့သည္။ #Popular
ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC အသင်း ချန်ပီဆုဖလား ဆွတ်ခူး
================
ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။
ယမန်နေ့ မတ်လ (၁၆) ရက်တွင် MFF Vita Max Futsal League (I) 2024- 2025 နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်အပြီး၊ ဆုပေးပွဲ အခမ်းအနားကို တဆက်တည်းကျင်းပခဲ့ကြသည်။
ဆုပေးပွဲ အခမ်းအနားတွင် MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများကို ပေးအပ်သော အမှတ်တရ ဆုတံဆိပ်များနှင့် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး အသင်းဆု ရရှိသော Generations FC အသင်းကို ပေးအပ်သော အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၅)သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်က ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော MIU FC အသင်းမှ မိုင်စိုးမြတ်ထွေးနှင့် ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဆု ရရှိသော MH Dream Team FC အသင်းမှ ငြိမ်းမင်းစိုး တို့ကို ပေးအပ်ချီးမြှင့်သည့် အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၅) သိန်းစီကို မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Pattaya ပေးအပ်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲ၏ စတုတ္ထဆု ရရှိသော VUC FC အသင်းကို ဖူဆယ်နှင့် သဲသောင်ပြင် လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း က ဆုကြေးငွေ ကျပ် သိန်း (၃၀)ကို ပေးအပ်ခဲ့ပြီး ပြိုင်ပွဲ၏ တတိယဆု ရရှိသော YRG FCအသင်းကို Cen tury Beverage Co,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းဝင်းအောင် က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် သိန်း (၅၀) ကို ပေးအပ်ခဲ့သည်။
ဒုတိယဆု ရရှိသော MH Dream Team အသင်းကို ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော် က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် သိန်း (၁၀၀) ကိုပေးအပ်ခဲ့သည်။
ဆက်လက်၍ ပထမဆု ရရှိခဲ့သော MIU FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က တစ်ဦးချင်းဆုများနှင့် ဆုကြေးငွေ ကျပ် သိန်း (၁၅၀) ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ချန်ပီယံ ဆုဖလားအား ရရှိခဲ့သော MIU FC အသင်းကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလား ပေးအပ်ခဲ့သည်။ #Popular