ျမန္မာလူထုကိုမီဒီယာအဆိပ္ခတ္တဲ့ VOA/RFA ဖ်က္သိမ္းခံရ

ႏွစ္ေပါင္းမ်ားစြာ ျမန္မာလူထုကိုမီဒီယာအဆိပ္ခတ္ခဲ့တဲ့ ​​ျပည္ပသတင္းဌာနေတြျဖစ္တဲ့ VOA နဲ႔ RFA သတင္းဌာန​​ေတြကို အေမရိကန္သမၼတ​​ေဒၚနယ္ထရမ့္ရဲ႕အမိန္႔နဲ႔ ဖ်က္သိမ္းခံလိုက္ရၿပီျဖစ္ပါတယ္။
VOA နဲ႔ RFA တို႔ရဲ႕ (Umbrella)ေအဂ်င္စီအဖြဲ႕ႀကီးျဖစ္တဲ့ USAGM (United States Agency for Global Media) ကို (တျခားေအဂ်င္စီအခ်ိဳ႕နဲ႔အတူ) အေမရိကန္ဖက္ဒရယ္ျဗဳ႐ိုကေရစီအုပ္ခ်ဳပ္ေရးရဲ႕မလိုအပ္တဲ့ကဏၰ/အဖြဲ႕အစည္းေတြ အျဖစ္သတ္မွတ္ၿပီး ဖ်က္သိမ္းတယ္ အေမရိကန္သမတအိမ္ျဖဴေတာ္က ၁၄ မတ္လ ၂၀၂၅ ေန႔စြဲနဲ႔ ေၾကျငာခ်က္ထုတ္ျပန္လိုက္ပါတယ္။
USAGM ရဲ႕အထူးအႀကံ​ေပး Kari Lake က သမတ Trump ရဲ႕ၫႊန္ၾကားခ်က္အတိုင္း USAGM ကိုဖ်က္သိမ္းေရးလိုက္နာအ​ေကာင္အထည္​ေဖၚသြားမယ္လို႔​ေၾကျငာခ်က္ထုတ္ျပန္ထားပါတယ္။

USAGM ေအာက္မွာ VOA, Office of Cuba Broadcasting, Radio Free Europe/Radio Liberty, Radio Free Asia, Middle East Broadcasting Networks နဲ႔ Open Technology Fund စတဲ့အဖြဲ႕အစည္း​ေတြပါတယ္။

USAGM လက္​ေအာက္အဖြဲ႕အစည္း​ေတြထဲမွာ စပိုင္​ေတြ အၾကမ္းဖက္အဖြဲ႕အစည္းလိုလား​သူ/ေထာက္ခံသူ​ေတြအမ်ားအျပားသပ္သွ်ိဳဝင္​ေရာက္​ေနတာမို႔”(ႏိုင္ငံ​ေတာ္) လုံၿခဳံ​ေရးက်ိဳး​ေပါက္မႈႀကီးျဖစ္​ေနတယ္လို႔ Kari Lake ေျပာတဲ့အဓိကအခ်က္​ေတြထဲမွာပါဝင္ပါတယ္။

သတင္းအမည္ခံၿပီး အ​ေမရိကန္ဆန္႔က်င္ဘက္နဲ႔ျပည္ပကအသံ​ေတြကိုဘဲၾကက္တူေ႐ြးႏႈတ္တိုက္႐ြတ္ျပ​ေနတာ​ေတြရွိ​ေနတယ္ အလြဲသုံးျခစားမႈ​ေတြလဲအမ်ားႀကီးပဲ့ ဒါ​ေၾကာင့္ USAGM ဟာအဖတ္ဆယ္လို႔မရ​ေတာ့ဘူးလို႔ သုံးသပ္သူေတြက ေျပာပါတယ္။

သမတ Trump ဟာ “တႏိုင္ငံလုံးအတိုင္းအတာနဲ႔ဖက္ဒရယ္အုပ္ခ်ဳပ္​ေရးယႏၲရားေလွ်ာ့ခ်ေရးလုပ္ငန္းစဥ္”ကိုဆက္လက္လုပ္​ေဆာင္​ေနၿပီး အခု USAGM အပါအဝင္ တျခားအစိုး​ရေအဂ်င္စီအဖြဲ႕ ၆ခုကိုအသုံးမက်တဲ့အစိတ္အပိုင္း​ေတြအျဖစ္သတ္မွတ္ၿပီး eliminate ဖယ္ရွားမိန္႔ထုတ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

တခ်ိဳ႕ေတြထင္ေနၾကသလို USAGM/VOA မွာ “လူေလ်ာ့ခ်ဘို႔/ဘတ္ဂ်က္ေလ်ာ့ခ်ဘို”ေလာက္ဘဲရည္႐ြယ္တာမဟုတ္ဘူး “USAGM ဟာအဖတ္ဆည္လို႔မရ​ေတာ့ဘူး”လို႔ အထူးအႀကံ​ေပး Kari Lake က​ေျပာထားခဲ့တာျဖစ္ပါတယ္။

သမၼတအမိန္႔မွာပါတဲ့”ေအဂ်င္စီမွာအနည္းဆုံးလိုအပ္တဲ့လူဘဲခ်န္ရမယ္”ဆိုတာကလဲ လုပ္ငန္းအၿပီးသတ္ဘို႔/လူ/ေငြေၾကးလက္က်န္ရွင္းတမ္းေတြစာရင္းျပဳစုဘို႔လိုတဲ့လူအရည္အတြက္ကိုဘဲထားဘို႔ဆိုလိုတာလို႔ ေလ့လာသုံးသပ္သူတစ္ဦးေျပာဆိုထားပါတယ္။

RFA နဲ႔ VOA က ၇ ရက္အတြင္းစာရင္းျပဳစုၿပီးဗဟိုအစိုးရစီမံအုပ္ခ်ဳပ္ေရး႐ုံး OMB ကိုတင္ျပရမွာျဖစ္ၿပီး ေလာေလာဆယ္ေတာ့ဝန္ထမ္းအားလုံးကို(ယာယီ)လစာအျပည့္နဲ႔ခြင့္ေပးထားလိုက္ၿပီလို႔လည္း ဆိုပါတယ္။

“VOA အစီအစဥ္ေတြေခတၱရပ္နားထားၿပီးမၾကာခင္ျပန္လည္တင္ဆက္ပါမယ္”လို႔ဆိုတဲ့ VOA ျမန္မာပိုင္းရဲ႕ေၾကျငာခ်က္ဟာ”လက္​ေတြ႕အ​ေျခအ​ေနကိုထင္ဟတ္ပါရဲ႕လား​ေတာ့”ေမးစရာျဖစ္​ေနတယ္လို႔ ေလ့လာသုံးသပ္သူ ဦးသန္းလြင္ထြန္းက သူ႔ရဲ႕လူမႈကြန္ယက္မွာ ေရးသားေျပာဆိုထားပါတယ္။ #PAN


မြန်မာလူထုကိုမီဒီယာအဆိပ်ခတ်တဲ့ VOA/RFA ဖျက်သိမ်းခံရ
=======================
နှစ်ပေါင်းများစွာ မြန်မာလူထုကိုမီဒီယာအဆိပ်ခတ်ခဲ့တဲ့ ​​ပြည်ပသတင်းဌာနတွေဖြစ်တဲ့ VOA နဲ့ RFA သတင်းဌာန​​တွေကို အမေရိကန်သမ္မတ​​ဒေါ်နယ်ထရမ့်ရဲ့အမိန့်နဲ့ ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။
VOA နဲ့ RFA တို့ရဲ့ (Umbrella)အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media) ကို (တခြားအေဂျင်စီအချို့နဲ့အတူ) အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီအုပ်ချုပ်ရေးရဲ့မလိုအပ်တဲ့ကဏ္ဏ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းတယ် အမေရိကန်သမတအိမ်ဖြူတော်က ၁၄ မတ်လ ၂၀၂၅ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
USAGM ရဲ့အထူးအကြံ​ပေး Kari Lake က သမတ Trump ရဲ့ညွှန်ကြားချက်အတိုင်း USAGM ကိုဖျက်သိမ်းရေးလိုက်နာအ​ကောင်အထည်​ဖေါ်သွားမယ်လို့​ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

USAGM အောက်မှာ VOA, Office of Cuba Broadcasting, Radio Free Europe/Radio Liberty, Radio Free Asia, Middle East Broadcasting Networks နဲ့ Open Technology Fund စတဲ့အဖွဲ့အစည်း​တွေပါတယ်။

USAGM လက်​အောက်အဖွဲ့အစည်း​တွေထဲမှာ စပိုင်​တွေ အကြမ်းဖက်အဖွဲ့အစည်းလိုလား​သူ/ထောက်ခံသူ​တွေအများအပြားသပ်သျှိုဝင်​ရောက်​နေတာမို့”(နိုင်ငံ​တော်) လုံခြုံ​ရေးကျိုး​ပေါက်မှုကြီးဖြစ်​နေတယ်လို့ Kari Lake ပြောတဲ့အဓိကအချက်​တွေထဲမှာပါဝင်ပါတယ်။

သတင်းအမည်ခံပြီး အ​မေရိကန်ဆန့်ကျင်ဘက်နဲ့ပြည်ပကအသံ​တွေကိုဘဲကြက်တူရွေးနှုတ်တိုက်ရွတ်ပြ​နေတာ​တွေရှိ​နေတယ် အလွဲသုံးခြစားမှု​တွေလဲအများကြီးပဲ့ ဒါ​ကြောင့် USAGM ဟာအဖတ်ဆယ်လို့မရ​တော့ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။

သမတ Trump ဟာ “တနိုင်ငံလုံးအတိုင်းအတာနဲ့ဖက်ဒရယ်အုပ်ချုပ်​ရေးယန္တရားလျှော့ချရေးလုပ်ငန်းစဉ်”ကိုဆက်လက်လုပ်​ဆောင်​နေပြီး အခု USAGM အပါအဝင် တခြားအစိုး​ရအေဂျင်စီအဖွဲ့ ၆ခုကိုအသုံးမကျတဲ့အစိတ်အပိုင်း​တွေအဖြစ်သတ်မှတ်ပြီး eliminate ဖယ်ရှားမိန့်ထုတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တချို့တွေထင်နေကြသလို USAGM/VOA မှာ “လူလျော့ချဘို့/ဘတ်ဂျက်လျော့ချဘို”လောက်ဘဲရည်ရွယ်တာမဟုတ်ဘူး “USAGM ဟာအဖတ်ဆည်လို့မရ​တော့ဘူး”လို့ အထူးအကြံ​ပေး Kari Lake က​ပြောထားခဲ့တာဖြစ်ပါတယ်။

သမ္မတအမိန့်မှာပါတဲ့”အေဂျင်စီမှာအနည်းဆုံးလိုအပ်တဲ့လူဘဲချန်ရမယ်”ဆိုတာကလဲ လုပ်ငန်းအပြီးသတ်ဘို့/လူ/ငွေကြေးလက်ကျန်ရှင်းတမ်းတွေစာရင်းပြုစုဘို့လိုတဲ့လူအရည်အတွက်ကိုဘဲထားဘို့ဆိုလိုတာလို့ လေ့လာသုံးသပ်သူတစ်ဦးပြောဆိုထားပါတယ်။

RFA နဲ့ VOA က ၇ ရက်အတွင်းစာရင်းပြုစုပြီးဗဟိုအစိုးရစီမံအုပ်ချုပ်ရေးရုံး OMB ကိုတင်ပြရမှာဖြစ်ပြီး လောလောဆယ်တော့ဝန်ထမ်းအားလုံးကို(ယာယီ)လစာအပြည့်နဲ့ခွင့်ပေးထားလိုက်ပြီလို့လည်း ဆိုပါတယ်။

“VOA အစီအစဉ်တွေခေတ္တရပ်နားထားပြီးမကြာခင်ပြန်လည်တင်ဆက်ပါမယ်”လို့ဆိုတဲ့ VOA မြန်မာပိုင်းရဲ့ကြေငြာချက်ဟာ”လက်​တွေ့အ​ခြေအ​နေကိုထင်ဟတ်ပါရဲ့လား​တော့”မေးစရာဖြစ်​နေတယ်လို့ လေ့လာသုံးသပ်သူ ဦးသန်းလွင်ထွန်းက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပါတယ်။ #PAN