=========================
တောင်ကြီး မတ် ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်း(၇၆)နှစ်မြောက်ပအိုဝ်းအမျိုးသား နေ့ဂုဏ်ပြု ညစာစားပွဲ သို့တက်ရောက်ပြီးပွဲကျင်းပရေးကော်မတီသို့ အလှူငွေများပေးအပ်လှူဒါန်း
=========================
တောင်ကြီး မတ် ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် လိုက်ပါလျက် (၁၃.၃.၂၀၂၅)ရက်နေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ခရိုင်ပါတီရုံးသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌမှ ပါတီလုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သဘာဝ ဘေး အန္တရာယ် ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့် ခရိုင်/မြို့နယ်ပါတီ ရုံး /အဆောက်အဦ များ၏ အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့သည် ညနေပိုင်း၌ တောင်ကြီးမြို့သို့ ရောက်ရှိပြီး ညပိုင်းတွင် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းတွင်ကျင်းပသည့် (၇၆)နှစ်မြောက်ပအိုဝ်းအမျိုးသား နေ့ဂုဏ်ပြု ညစာစားပွဲ သို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ ပွဲကျင်းပရေးကော်မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရးပါတီ မှ လှူဒါန်းသော အလှူငွေများအား ပေးအပ်ခဲ့ပါသည်။