အမ်ိဳးသမီးမ်ားအၾကမ္းဖက္မႈၾကဳံေတြ႕ရပါက ၂၄ နာရီ Helpline ဖုန္း “1566” ကိုသတင္းပို႔တိုင္ၾကားနိုင္
အမ်ိဳးသမီးမ်ား အၾကမ္းဖက္မႈၾကဳံေတြ႕ရပါက သတင္းပို႔တိုင္ၾကားနိုင္ရန္ ၂၄ နာရီ Helpline ဖုန္း “1566” ကို ဖြင့္ထားၿပီး လူမႈေရးလိုအပ္ခ်က္မ်ားကို ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း ေနျပည္ေတာ္ရွိ ႐ုံးအမွတ္ (၂၃)အျပည္ျပည္ ဆိုင္ရာအမ်ိဳးသမီးမ်ားေန႔အခမ္းအနားမွာ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္း က ေျပာၾကားခဲ့ပါတယ္သည္။
လက္ရွိကာလတြင္ ကမၻာေပၚရွိ လူဦးေရသန္း ရွစ္ေထာင္ ေက်ာ္ရွိတဲ့အနက္ ကမၻာ့အမ်ိဳးသမီးက သန္း ေလးေထာင္ ေက်ာ္ (၄၉ ဒသမ ၇၃ ရာခိုင္ႏႈန္း)ရွိ ေၾကာင္း၊ ယခင္ႏွစ္စာရင္းမ်ားအရ ကမၻာတစ္ဝန္း လက္နက္ကိုင္ ပဋိပကၡမ်ားအၾကားမွာ အမ်ိဳးသမီးႏွင့္ မိန္းကေလးငယ္ ၆၁၂ သန္း ရင္ဆိုင္ၾကဳံေတြ႕ခဲ့ၾကရေၾကာင္း၊ အမ်ိဳးသမီးမ်ားကို နည္းမ်ိဳးစုံနဲ႔ ခြဲျခားမႈပေပ်ာက္ေရးဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္း (UNCEDAW) ႏွင့္အညီ အမ်ိဳးသမီးမ်ား၏ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာ နယ္ပယ္အားလုံးတြင္ အမ်ိဳးသမီးမ်ား၏ပါဝင္မႈကို တိုးျမႇင့္ေဆာင္ရြက္ ေပးရန္လိုအပ္ေၾကာင္း၊ အမ်ိဳးသမီးမ်ားဖြံ့ၿဖိဳးတိုးတက္ေရးကို ေဆာင္ရြက္လ်က္ရွိသလို အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမ်ားကိုလည္း ေလ်ာ့နည္းပေပ်ာက္သြားေအာင္ အသိပညာေပးျခင္း၊ ကူညီေစာင့္ေရွာက္ျခင္းမ်ားကို လည္း ေဆာင္ရြက္ေပးရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ယခုႏွစ္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔၏ ေဆာင္ပုဒ္ျဖစ္ေသာ “တန္းတူအခြင့္အေရးရရွိဖို႔ အမ်ိဳးသမီးမ်ား စြမ္းရည္ျမႇင့္တင္စို႔” ႏွင့္အညီ အမ်ိဳးသမီးမ်ား၏ အခြင့္အေရးျမႇင့္တင္ ျခင္းႏွင့္ အမ်ိဳးသမီးမ်ားစြမ္းရည္ ျမင့္မားလာေစရန္ အမ်ိဳးသမီးမ်ားကို သိပၸံႏွင့္နည္းပညာ၊ အင္ဂ်င္နီယာႏွင့္ သခၤ်ာဘာသာရပ္နယ္ပယ္တြင္ ပိုမိုပါဝင္နိုင္ေရး ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ အမ်ိဳးသမီးမ်ား၏ ပညာေရး၊ အလုပ္အကိုင္ရရွိေရး၊ ေခါင္းေဆာင္မႈ ႏွင့္ ဆုံးျဖတ္ခ်က္ခ်မွတ္နိုင္ေရးတို႔တြင္ အမ်ိဳးသမီးစြမ္းပကားျမႇင့္တင္ေပးေရးလုပ္ငန္းမ်ားကိုလည္း ဝိုင္းဝန္း ေဆာင္ရြက္ ေပးရန္လိုအပ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။
အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါက ၂၄ နာရီ Helpline ဖုန်း “1566” ကိုသတင်းပို့တိုင်ကြားနိုင်
=====================
အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် ၂၄ နာရီ Helpline ဖုန်း “1566” ကို ဖွင့်ထားပြီး လူမှုရေးလိုအပ်ချက်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း နေပြည်တော်ရှိ ရုံးအမှတ် (၂၃)အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က ပြောကြားခဲ့ပါတယ်သည်။
လက်ရှိကာလတွင် ကမ္ဘာပေါ်ရှိ လူဦးရေသန်း ရှစ်ထောင် ကျော်ရှိတဲ့အနက် ကမ္ဘာ့အမျိုးသမီးက သန်း လေးထောင် ကျော် (၄၉ ဒသမ ၇၃ ရာခိုင်နှုန်း)ရှိ ကြောင်း၊ ယခင်နှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများအကြားမှာ အမျိုးသမီးနှင့် မိန်းကလေးငယ် ၆၁၂ သန်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း၊ အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) နှင့်အညီ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့နည်းပပျောက်သွားအောင် အသိပညာပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းများကို လည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်ဖြစ်သော “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့” နှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးမြှင့်တင် ခြင်းနှင့် အမျိုးသမီးများစွမ်းရည် မြင့်မားလာစေရန် အမျိုးသမီးများကို သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်နယ်ပယ်တွင် ပိုမိုပါဝင်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ခေါင်းဆောင်မှု နှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးတို့တွင် အမျိုးသမီးစွမ်းပကားမြှင့်တင်ပေးရေးလုပ်ငန်းများကိုလည်း ဝိုင်းဝန်း ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။