ပြည် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်တက်ရောက်
====================
ပြည် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပါတီရုံး၌တိုင်း/ခရိုင်/မြို့နယ်တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီဥက္ကဋ္ဌဦးအောင်ချိုဦး၊တိုင်းပါတီအတွင်းရေးမှူးဦးကျော်ကျော်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ခရိုင်ပါတီဥက္ကဋ္ဌ ဒေါ်ဆွေဆွေသင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပြည်မြို့နယ်ဥက္ကဋ္ဌဒေါ်မိုးမိုးစံ၊ရွှေတောင်မြို့နယ် ဥက္ကဋ္ဌဦးခင်အောင်ဝင်း၊ပန်းတောင်းမြို့နယ်ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် ပေါက်ခေါင်းမြို့နယ်ဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်တို့တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် တိုင်း/ခရိုင်ပါတီ တာဝန်ရှိသူများမှပါတီ၏ ရှေ့ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များ၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိမြို့နယ်အလိုက် ပါတီအောင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တိုင်း/ခရိုင်ပါတီတာဝန်ရှိသူများကလိုအပ်သည်များပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။