


ဂျပန်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိခဲ့တဲ့ ဂျော်ရှုဝါဗန်
==================
မနေ့က UFC 313 အဖြစ် ယှဉ်ပြိုင်သွားတဲ့ ဖလိုင်းဝိတ်တန်းပွဲစဉ်မှာ ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျော်ရှုဝါဗန်က ပြိုင်ဘက် ဂျပန်နိုင်ငံသား ရီးဆုရုယကို အမှတ်ပေးဒိုင်လူကြီး သုံးဦးရဲ့ Unanimous Decision နဲ့ အနိုင်ရခဲ့ပါတယ်။ ဒိုင်လူကြီး သုံးဦးစလုံးက ဗန်ကို ၃၀-၂၇၊ ၃၀-၂၇၊ ၃၀-၂၇ မှတ်နဲ့ အနိုင်ပေးခဲ့တာပါ။ အသက် ၂၃ နှစ် ဗန် အနေနဲ့ UFC မှာ ခုနစ်ပွဲထိုးသတ်ရာ ခြောက်ပွဲနိုင်၊ တပွဲရှုံးမှတ်တမ်း ရရှိထားပါတယ်။ အသက် ၂၂ နှစ် ဆုရုယကတော့ သူ့ရဲ့ ကြေးစားဘဝမှာ ပထမဆုံးရှုံးပွဲကြုံသွားခဲ့တာပါ။
ပွဲပြီးတော့ ဗန် ကို နောက်ပွဲမှာ ဘယ်ပြိုင်ဘက်နဲ့ တွေ့ချင်လို့ ဆိုပြီး သတင်းထောက်တွေက မေးပါတယ်။
ဗန် ကလဲ Ranking က တလွဲတွေ လုပ်ထားလို့ ပိုကောင်းတဲ့ ပြိုင်ဘက်မျိုးပဲ လိုချင်တယ် ဆိုပြီး တုန့်ပြန်သွားပါတယ်။