T-72 တင့္မ်ားအတြက္ လိုအပ္သည့္အင္ဂ်င္မ်ားအား ႐ုရွားမွဝယ္ယူရန္ သေဘာတူညီခ်က္တစ္ရပ္ကို အိႏၵိယ လက္မွတ္ေရးထိုး

အိႏၵိယနိုင္ငံသည္ ၎တို႔၏ ၾကည္းတပ္မေတာ္တြင္ အသုံးျပဳေနသည့္ T-72 တင့္မ်ားအတြက္ လိုအပ္သည့္ အင္ဂ်င္မ်ားကို ႐ုရွားနိုင္ငံမွဝယ္ယူရန္ ေဒၚလာ ၂၄၈ သန္း တန္ဖိုးရွိ သေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုး ခဲ့ေၾကာင္း ႐ုရွားနိုင္ငံပိုင္ လက္နက္ကုမၸဏီႀကီးျဖစ္သည့္ Rosoboronexport က ထုတ္ျပန္သည္။

႐ုရွားနိုင္ငံႏွင့္ ခ်ဳပ္ဆိုသည့္ အဆိုပါသေဘာတူညီခ်က္အရ အိႏၵိယနိုင္ငံအေနျဖင့္ T-72 တင့္မ်ားအတြက္ ျမင္းေကာင္ေရ ၁,၀၀၀ အားရွိ အင္ဂ်င္မ်ားကို ဝယ္ယူမည္ျဖစ္ၿပီး ၎အင္ဂ်င္မ်ားအား အိႏၵိယနိုင္ငံအတြင္း၌ ထုတ္လုပ္နိုင္ရန္အတြက္ ႐ုရွားနိုင္ငံမွ နည္းပညာလႊဲေျပာင္းရယူမည္ျဖစ္ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက မတ္လ ၇ ရက္တြင္ ထုတ္ျပန္သည့္ ေၾကညာခ်က္၌ ေဖာ္ျပထားသည္။

T-72 တင့္မ်ားသည္ အိႏၵိယၾကည္းတပ္မေတာ္တြင္ အဓိကအသုံးျပဳေနသည့္ တင့္မ်ားျဖစ္ၿပီး လက္ရွိတြင္ ၎တင့္မ်ား၌ ျမင္းေကာင္ေရ ၇၈၀ အားရွိ အင္ဂ်င္မ်ားကိုသာ တပ္ဆင္အသုံးျပဳလ်က္ရွိသည္။

အဆိုပါတင့္မ်ားတြင္ ျမင္းေကာင္ေရ ၁,၀၀၀ အားရွိ အင္ဂ်င္မ်ားျဖင့္ အစားထိုးတပ္ဆင္၍ အဆင့္ျမႇင့္တင္ျခင္းအားျဖင့္ တင့္မ်ား၏ စစ္ဆင္ေရးဆိုင္ရာထိေရာက္မႈကို ျမႇင့္တင္ေပးနိုင္သည့္အျပင္ စစ္ကစားနိုင္မႈႏွင့္ ထိုးစစ္ဆင္မႈဆိုင္ရာ စြမ္းေဆာင္ရည္မ်ားကိုပါ တိုးတက္လာေစမည္ဟု အိႏၵိယတပ္မေတာ္က ေမၽွာ္လင့္ထားေၾကာင္း သိရသည္။

Rosoboronexport ကုမၸဏီသည္ ၂၀၀၅ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း အိႏၵိယနိုင္ငံႏွင့္ ေဒၚလာ ၅၀ ဘီလီယံတန္ဖိုးရွိ သေဘာတူညီခ်က္မ်ား ကို လက္မွတ္ေရးထိုးခဲ့ၿပီး အိႏၵိယနိုင္ငံသို႔ ႐ုရွားကေရာင္းခ်ခဲ့သည့္ စစ္လက္နက္ပစၥည္းမ်ား၏တန္ဖိုးမွာ ေဒၚလာ ၈၀ ဘီလီယံ အထိေရာက္ရွိခဲ့ေၾကာင္းသိရသည္။


T-72 တင့်များအတွက် လိုအပ်သည့်အင်ဂျင်များအား ရုရှားမှဝယ်ယူရန် သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယ လက်မှတ်ရေးထိုး
===============
အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ ကြည်းတပ်မတော်တွင် အသုံးပြုနေသည့် T-72 တင့်များအတွက် လိုအပ်သည့် အင်ဂျင်များကို ရုရှားနိုင်ငံမှဝယ်ယူရန် ဒေါ်လာ ၂၄၈ သန်း တန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီကြီးဖြစ်သည့် Rosoboronexport က ထုတ်ပြန်သည်။

ရုရှားနိုင်ငံနှင့် ချုပ်ဆိုသည့် အဆိုပါသဘောတူညီချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် T-72 တင့်များအတွက် မြင်းကောင်ရေ ၁,၀၀၀ အားရှိ အင်ဂျင်များကို ဝယ်ယူမည်ဖြစ်ပြီး ၎င်းအင်ဂျင်များအား အိန္ဒိယနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာလွှဲပြောင်းရယူမည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

T-72 တင့်များသည် အိန္ဒိယကြည်းတပ်မတော်တွင် အဓိကအသုံးပြုနေသည့် တင့်များဖြစ်ပြီး လက်ရှိတွင် ၎င်းတင့်များ၌ မြင်းကောင်ရေ ၇၈၀ အားရှိ အင်ဂျင်များကိုသာ တပ်ဆင်အသုံးပြုလျက်ရှိသည်။

အဆိုပါတင့်များတွင် မြင်းကောင်ရေ ၁,၀၀၀ အားရှိ အင်ဂျင်များဖြင့် အစားထိုးတပ်ဆင်၍ အဆင့်မြှင့်တင်ခြင်းအားဖြင့် တင့်များ၏ စစ်ဆင်ရေးဆိုင်ရာထိရောက်မှုကို မြှင့်တင်ပေးနိုင်သည့်အပြင် စစ်ကစားနိုင်မှုနှင့် ထိုးစစ်ဆင်မှုဆိုင်ရာ စွမ်းဆောင်ရည်များကိုပါ တိုးတက်လာစေမည်ဟု အိန္ဒိယတပ်မတော်က မျှော်လင့်ထားကြောင်း သိရသည်။

Rosoboronexport ကုမ္ပဏီသည် ၂၀၀၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များ ကို လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ရုရှားကရောင်းချခဲ့သည့် စစ်လက်နက်ပစ္စည်းများ၏တန်ဖိုးမှာ ဒေါ်လာ ၈၀ ဘီလီယံ အထိရောက်ရှိခဲ့ကြောင်းသိရသည်။