ခ်န္ပီယံ ျမန္မာအမ်ိဳးသမီးအသင္းကို ဆုေၾကး သိန္း ငါးေထာင္ေက်ာ္ ခ်ီးျမႇင့္
နီေပါနိုင္ငံ၌ က်င္းပသည့္ ေလးနိုင္ငံ ဖိတ္ေခၚၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုရခဲ့သည့္ ျမန္မာ့လက္ေရြးစင္အမ်ိဳးသမီးအသင္းကို က်ပ္သိန္း(၅၇၃၀) ကို ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ေအာင္ပြဲရ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းအတြက္ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာနက က်ပ္သိန္း(၃၀၀)၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က က်ပ္သိန္း(၇၀၀)၊ KBZ Bank ကက်ပ္သိန္း (၁၀၀၀)၊ AYA Bank ကက်ပ္သိန္း(၁၀၀၀)၊ Max Energy ကက်ပ္သိန္း(၆၀၀)၊ ျမန္မာနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အႀကီးတန္း ဒုတိယ ဥကၠ႒ ဦးျပည့္ၿဖိဳးေတဇက က်ပ္သိန္း(၄၀၀)၊ A Bank က်ပ္သိန္း(၃၀၀)၊ ATOM က်ပ္သိန္း(၃၀၀)၊ BYD Essential Motors ကက်ပ္သိန္း(၃၀၀)၊ Max Cement ကက်ပ္သိန္း(၂၀၀)၊ MFF အမ်ိဳးသမီးေဘာလုံးေကာ္မတီ ဥကၠ႒ ေဒၚခင္စပယ္ၾကည္က က်ပ္သိန္း(၂၀၀)၊ MNL လိဂ္ေကာ္မတီ ဥကၠဌ ဦးေဇာ္မင္းသိန္းက က်ပ္သိန္း(၁၀၀)၊ MFF ဖူဆယ္ႏွင့္သဲေသာင္ျပင္ေဘာလုံးေကာ္မတီ ဥကၠ႒ ဦးဝင္းေသာ္က က်ပ္သိန္း(၁၀၀)၊ ရွမ္းယူနိုက္တက္အသင္းဥကၠ႒ ဦးခြန္ေနာင္ျမင့္ေဝက က်ပ္သိန္း(၁၀၀)၊ ဦးထြန္းထြန္းလင္း (Poe Poe Trading)က က်ပ္သိန္း(၁၀၀)အား ေပးအပ္လႉဒါန္းခဲ့ၾကရာ ျပည္ေထာင္စုဝန္ႀကီး၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္တို႔က လက္ခံရယူခဲ့ၿပီးေနာက္ ဂုဏ္ျပဳဆုေငြစုစုေပါင္း က်ပ္သိန္း ၅၇၃၀ ကို ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္း အုပ္ခ်ဳပ္/နည္းျပ၊ကစားသမားမ်ားထံသို႔ ခ်ီးျမႇင့္ေပးအပ္ခဲ့ၾကျခင္း ျဖစ္သည္။
ယင္းေနာက္ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္း ကိုယ္စား တိုက္စစ္မႉး ဝင္းသိဂီထြန္းႏွင့္ ေမထက္လူတို႔က ေက်းဇူးတင္စကားေျပာၾကားခဲ့သည္ဟု သိရသည္။
ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းသည္ အဆိုပါ ၿပိဳင္ပြဲတြင္ နီေပါ၊ ကာဂ်စၥတန္၊ လက္ဘႏြန္အသင္းတို႔ႏွင့္ ေလးသင္းပတ္လည္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အုပ္စုပြဲမ်ားတြင္ လက္ဘႏြန္အသင္းကို သုံးဂိုး-တစ္ဂိုး၊ ကာဂ်စၥတန္အသင္းကို ငါးဂိုးျပတ္အနိုင္ရကာ အိမ္ရွင္နီေပါအသင္းႏွင့္ ႏွစ္ဂိုးစီသေရက်ကာ အုပ္စုပထမျဖင့္ ဗိုလ္လုပြဲတက္ေရာက္နိုင္ခဲ့သည္။ ဗိုလ္လုပြဲတြင္ အိမ္ရွင္နီေပါအသင္းကို ႏွစ္ဂိုး-ဂိုးမရွိျဖင့္ အနိုင္ယူၿပီး ခ်န္ပီယံဆု ထိုက္ထိုက္တန္တန္ ရယူနိုင္ခဲ့ျခင္းျဖစ္သည္။
ချန်ပီယံ မြန်မာအမျိုးသမီးအသင်းကို ဆုကြေး သိန်း ငါးထောင်ကျော် ချီးမြှင့်
================
နီပေါနိုင်ငံ၌ ကျင်းပသည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ကျပ်သိန်း(၅၇၃၀) ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကျပ်သိန်း(၃၀၀)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း(၇၀၀)၊ KBZ Bank ကကျပ်သိန်း (၁၀၀၀)၊ AYA Bank ကကျပ်သိန်း(၁၀၀၀)၊ Max Energy ကကျပ်သိန်း(၆၀၀)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ကျပ်သိန်း(၄၀၀)၊ A Bank ကျပ်သိန်း(၃၀၀)၊ ATOM ကျပ်သိန်း(၃၀၀)၊ BYD Essential Motors ကကျပ်သိန်း(၃၀၀)၊ Max Cement ကကျပ်သိန်း(၂၀၀)၊ MFF အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စပယ်ကြည်က ကျပ်သိန်း(၂၀၀)၊ MNL လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်မင်းသိန်းက ကျပ်သိန်း(၁၀၀)၊ MFF ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း(၁၀၀)၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ကျပ်သိန်း(၁၀၀)၊ ဦးထွန်းထွန်းလင်း (Poe Poe Trading)က ကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုဆုငွေစုစုပေါင်း ကျပ်သိန်း ၅၇၃၀ ကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြ၊ကစားသမားများထံသို့ ချီးမြှင့်ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကိုယ်စား တိုက်စစ်မှူး ဝင်းသိဂီထွန်းနှင့် မေထက်လူတို့က ကျေးဇူးတင်စကားပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဆိုပါ ပြိုင်ပွဲတွင် နီပေါ၊ ကာဂျစ္စတန်၊ လက်ဘနွန်အသင်းတို့နှင့် လေးသင်းပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စုပွဲများတွင် လက်ဘနွန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန်အသင်းကို ငါးဂိုးပြတ်အနိုင်ရကာ အိမ်ရှင်နီပေါအသင်းနှင့် နှစ်ဂိုးစီသရေကျကာ အုပ်စုပထမဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။