လာမည့္ ၂၀၃၀ ျပည့္ႏွစ္ကမၻာ့ဖလားတြင္ အသင္း ၆၄ သင္းအထိတိုးျမႇင့္ရန္ ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္စီစဥ္

ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္က ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ က်င္းပခဲ့ေသာအစည္းအေဝးတြင္ လာမည့္ ၂၀၃၀ ျပည့္ႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲတြင္ အသင္း ၆၄ သင္းထိ တိုးျမႇင့္ကစားရန္ ဆုံးျဖတ္ခဲ့ေၾကာင္းသိရပါတယ္။

လာမည့္ ၂၀၂၆ ကမၻာ့ဖလားၿပိဳင္ပြဲကို အေမရိကန္၊ မကၠဆီကို၊ ကေနဒါနိုင္ငံတို႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲဝင္အသင္း ၃၂ သင္းမွ ၄၈ သင္းထိပထမဆုံးအႀကိမ္ တိုးျမႇင့္ထားကာ ၂၀၃၄ ကမၻာ့ဖလားၿပိဳင္ပြဲကို ေဆာ္ဒီအာေရဗ်နိုင္ငံက အိမ္ရွင္အျဖစ္ က်င္းပခြင့္ရရွိရန္ ေသခ်ာေနတာျဖစ္ပါတယ္။

ဖီဖာဥကၠ႒ အင္ဖာတီနို က အဆိုပါအစည္းအေဝးတြင္ ၎တာဝန္ယူထားသည့္ ကိုးႏွစ္တာကာလအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ပြဲဝင္ အသင္း ၃၂ သင္းမွ ၄၈ သင္း အထိ တိုးျမႇင့္က်င္းပနိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ ၿပီးေနာက္ ဘ႑ာေငြတိုးတက္ရရွိေရး အတြက္ ၂၀၃၀ ျပည့္ႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲတြင္လည္း အသင္း ၆၄ သင္းအထိ တိုးျမႇင့္ က်င္းပရန္ စီစဥ္ထားသလို ၿပိဳင္ပြဲက်င္းပခ်ိန္ကို ရက္သတၱေျခာက္ပတ္ထိ က်င္းပရမည္ျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

လက္ရွိတြင္ အသင္းတိုးျမႇင့္က်င္းပမည့္အစီအစဥ္ကို တရားဝင္ေၾကညာျခင္း မရွိေသးသည့္အျပင္ အိမ္ရွင္အျဖစ္ က်င္းပခြင့္ရထားသည့္နိုင္ငံမ်ားက အသင္းတိုးျမႇင့္မည့္ အစီအစဥ္ကို တုံ႔ျပန္မႈမရွိေသးေသာ္လည္း ဥကၠ႒ အင္ဖာတီနို က အေကာင္အထည္ေဖာ္နိုင္ရန္ ဆက္လက္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။


လာမည့် ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားတွင် အသင်း ၆၄ သင်းအထိတိုးမြှင့်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်စီစဉ်
======================
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့သောအစည်းအဝေးတွင် လာမည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၆၄ သင်းထိ တိုးမြှင့်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။

လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ ၄၈ သင်းထိပထမဆုံးအကြိမ် တိုးမြှင့်ထားကာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရန် သေချာနေတာဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖာတီနို က အဆိုပါအစည်းအဝေးတွင် ၎င်းတာဝန်ယူထားသည့် ကိုးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲဝင် အသင်း ၃၂ သင်းမှ ၄၈ သင်း အထိ တိုးမြှင့်ကျင်းပနိုင်ခဲ့ကြောင်း ပြောကြားခဲ့ ပြီးနောက် ဘဏ္ဍာငွေတိုးတက်ရရှိရေး အတွက် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အသင်း ၆၄ သင်းအထိ တိုးမြှင့် ကျင်းပရန် စီစဉ်ထားသလို ပြိုင်ပွဲကျင်းပချိန်ကို ရက်သတ္တခြောက်ပတ်ထိ ကျင်းပရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် အသင်းတိုးမြှင့်ကျင်းပမည့်အစီအစဉ်ကို တရားဝင်ကြေညာခြင်း မရှိသေးသည့်အပြင် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားသည့်နိုင်ငံများက အသင်းတိုးမြှင့်မည့် အစီအစဉ်ကို တုံ့ပြန်မှုမရှိသေးသော်လည်း ဥက္ကဋ္ဌ အင်ဖာတီနို က အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။