ယူကရိန္းႏွင့္ သယံဇာတသေဘာတူညီခ်က္ လက္မွတ္ေရးထိုးရန္ အစီအစဥ္မရွိေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးေျပာၾကား

ယူကရိန္းႏွင့္ သယံဇာတသေဘာတူညီခ်က္ လက္မွတ္ေရးထိုးရန္ လတ္တေလာအစီအစဥ္မရွိေသးေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ ဘက္ဆင့္က ေျပာၾကားလိုက္သည္။

‘လက္မွတ္ေရးထိုးရန္ အစီအစဥ္မရွိပါ’ ဟု အေမရိကန္ ဘ႑ာေရးဝန္ႀကီး စေကာ့ ဘက္ဆင့္က Fox News သတင္းဌာနသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

CBS News သတင္းဌာနကမူ သတင္းရင္းျမစ္မ်ားစြာကို ကိုးကားၿပီး သေဘာတူညီခ်က္တစ္ခု အၿပီးသတ္မျပဳလုပ္ရေသးေၾကာင္း၊ အေမရိကန္သမၼတ ေဒၚနယ္လ္ ထရမ့္က ယခုအခါ “ပိုႀကီးမားၿပီး ပို၍ေကာင္းေသာ သေဘာတူညီခ်က္” ကို ရရွိရန္ ေစာင့္ဆိုင္းေနေၾကာင္း ေဖာ္ျပခဲ့သည္။

ယူကရိန္းႏွင့္ စီးပြားေရးသေဘာတူညီခ်က္သည္ ထရမ့္အစိုးရအတြက္ “ေလာေလာဆယ္” စားပြဲေပၚတြင္ မရွိေသးေၾကာင္း မတ္လ ၂ ရက္ေန႔တြင္ ဘက္ဆင့္က CBS ႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ့သည္။

အေမရိကန္ႏွင့္ ယူကရိန္းတို႔သည္ သတၱဳသေဘာတူညီခ်က္ကို နာရီပိုင္းအတြင္း လက္မွတ္ေရးထိုးနိုင္မည္ဟု ရိုက္တာသတင္းဌနာက မတ္လ ၄ ရက္ေန႔ေႏွာင္းပိုင္းတြင္ ေဖာ္ျပခဲ့သည္။


ယူကရိန်းနှင့် သယံဇာတသဘောတူညီချက် လက်မှတ်ရေးထိုးရန် အစီအစဉ်မရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြောကြား
===================
ယူကရိန်းနှင့် သယံဇာတသဘောတူညီချက် လက်မှတ်ရေးထိုးရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ပြောကြားလိုက်သည်။

‘လက်မှတ်ရေးထိုးရန် အစီအစဉ်မရှိပါ’ ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က Fox News သတင်းဌာနသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

CBS News သတင်းဌာနကမူ သတင်းရင်းမြစ်များစွာကို ကိုးကားပြီး သဘောတူညီချက်တစ်ခု အပြီးသတ်မပြုလုပ်ရသေးကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ယခုအခါ “ပိုကြီးမားပြီး ပို၍ကောင်းသော သဘောတူညီချက်” ကို ရရှိရန် စောင့်ဆိုင်းနေကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းနှင့် စီးပွားရေးသဘောတူညီချက်သည် ထရမ့်အစိုးရအတွက် “လောလောဆယ်” စားပွဲပေါ်တွင် မရှိသေးကြောင်း မတ်လ ၂ ရက်နေ့တွင် ဘက်ဆင့်က CBS နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ယူကရိန်းတို့သည် သတ္တုသဘောတူညီချက်ကို နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု ရိုက်တာသတင်းဌနာက မတ်လ ၄ ရက်နေ့နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။