ONE Firday Fights 100 မှာ ထိုင်းကစားသမား ဆန်ဂါသစ်နှင့် စူပါရေချမ်း ထိုးသတ်မည်
===============
မြန်မာ့လက်ဝှေ့သမား စူပါရေချမ်းက မတ်လ ၁၄ ရက်မှာ ပြုလုပ်မယ့် ONE Firday Fights 100 ပွဲစဉ်မှာ ထိုင်းကစားသမား ဆန်ဂါသစ်နှင့် Catchweight Kickboxing ထိုးသတ်မယ်လို့ ONE Championship က အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ စူပါရေချမ်း က ONE ပွဲစဉ်တွေ နှစ်ပွဲသာ ထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းရရှိထားပါတယ်။ ထိုင်းကစားသမား ဆန်ဂါသစ် က ရှုံးပွဲမရှိ ပရိုလက်ဝှေ့သမားဖြစ်ခဲ့သူဖြစ်ပြီး ONE ပွဲဦးထွက်အဖြစ် Kickboxing ကို ပြောင်းလဲထိုးသတ်မှာလည်း ဖြစ်ပါတယ်။