ဘရာဇီးလ်ကွင်းလယ်ကစားသမား ၀ီလီယံကို ချယ်လ်ဆီးအသင်း (၂၀၂၀)ခုနှစ်အထိ သက်တမ်းတိုး
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက အသင်း၏ အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြခဲ့သော ဘရာဇီးလ် ကွင်းလယ် ကစားသမား ၀ီလီယံကို (၂၀၂၀)ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။
အသက်(၂၇)နှစ်ရှိပြီဖြစ်သည့် ၀ီလီယံသည် လက်ရှိစာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးသော်လည်း သက်တမ်း တိုးမြှင့် ခံခဲ့ရခြင်းဖြစ်သည်။
ဝီလီယံသည် ၂၀၁၃ ခုနှစ်က ရုရှားကလပ်အန်ဇီအသင်းမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၁၄၀)ကစားပြီး (၁၉)ဂိုး သွင်းယူပေးထားသည်။
စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် ၀ီလီယံက ” ဒီအသင်းနဲ့ ကာလရှည် ဆက်ပြီးလက်တွဲသွားချင်တဲ့ ကျွန်တော့်ဆန္ဒ တကယ်ဖြစ်လာတဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ဆုဖလားများစွာ ရယူနိုင်ဖို့ ကူညီနိုင်တဲ့သူဖြစ်အောင် ကျွန်တော်ကြိုးစားသွားမှာပါ” ဟု ဆိုခဲ့သည်။
Photos: Chelseafc