ေတာင္ကိုရီးယား၊ဂ်ပန္ႏွင့္အေမရိကတို႔ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္

ဆိုးလ္၊နိုဝင္ဘာ ၃
ေတာင္ကိုရီးယား၊အေမရိကႏွင့္ဂ်ပန္တို႔သည္ အေမရိက၏ မဟာဗ်ဴဟာေျမာက္ဗုံးၾကဲေလယာဥ္ပါဝင္ေသာ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္မွုကို တနဂၤေႏြေန႔ကျပဳလုပ္ခဲ့ေၾကာင္း ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား (JCS) ကေျပာၾကားခဲ့သည္။
အဆိုပါသုံးနိုင္ငံစစ္ေရးေလ့က်င့္မွုကို ေတာင္ကိုရီးယားေတာင္ပိုင္း ဂ်ဲဂ်ဴးကၽြန္းအေရွ႕ဘက္ေရျပင္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း JCS က သတင္းထုတ္ျပန္ခဲ့ၿပီး ယခုႏွစ္အတြက္ ကိုရီးယားကၽြန္းဆြယ္သို႔ အေမရိက၏မဟာဗ်ဴဟာေျမာက္ ဗုံးၾကဲေလယာဥ္လာေရာက္မွုစတုတၳအႀကိမ္ျဖစ္ေၾကာင္းလည္းဆိုခဲ့သည္။
ယခုေလ့က်င့္မွုတြင္ ေတာင္ကိုရီးယားေလတပ္မွ F-15K၊ KF-16 တိုက္ေလယာဥ္မ်ား၊B-1B ဗုံးၾကဲေလယာဥ္ႏွင့္ အေမရိကန္ေလတပ္မွ F-16 တိုက္ေလယာဥ္မ်ား၊ဂ်ပန္ေလတပ္မွ F-2 တိုက္ေလယာဥ္မ်ားပါ ေပါင္းစပ္ေလေၾကာင္း ေလ့က်င့္မွုျပဳလုပ္ခဲ့သည္ဟုေျပာၾကားခဲ့သည္။
အဆိုပါစစ္ေရးေလ့က်င့္မွုအတြင္း သုံးနိုင္ငံမွ တိုက္ေလယာဥ္မ်ား ဝန္းရံပ်ံသန္းေနသည့္ အေမရိက ဗုံးၾကဲေလယာဥ္သည္ သတ္မွတ္ထား‌ေသာပစ္မွတ္တစ္ခုကို ထိမွန္ေအာင္ပစ္ခတ္ေလ့က်င့္ခဲ့ေၾကာင္းႏွင့္ ေလ့က်င့္မွုသည္ ယခုႏွစ္အတြက္ သုံးနိုင္ငံၾကား ဒုတိယေျမာက္ ေလေၾကာင္း စစ္ေရးေလ့က်င့္မွုျဖစ္ေၾကာင္းလည္းသတင္း ေၾကျငာခ်က္တြင္ေဖာ္ျပထားသည္။
သုံးနိုင္ငံစစ္ေရးေလ့က်င့္မွုသည္ ေအာက္တိုဘာ ၃၁ ရက္က ကိုရီးယားဒီမိုကရက္တစ္ျပည္သူ႔သမၼတနိုင္ငံက ပစ္လႊတ္ခဲ့သည့္ တိုက္ခ်င္းပစ္ဒုံးက်ည္ (ICBM) ကို တုံ႔ျပန္ျခင္းျဖစ္ေၾကာင္းလည္း JCS ကေျပာၾကားခဲ့သည္။
Source : ရွင္းဟြာ


တောင်ကိုရီးယား၊ဂျပန်နှင့်အမေရိကတို့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်
==============
ဆိုးလ်၊နိုဝင်ဘာ ၃
တောင်ကိုရီးယား၊အမေရိကနှင့်ဂျပန်တို့သည် အမေရိက၏ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ပါဝင်သော ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေနေ့ကပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) ကပြောကြားခဲ့သည်။
အဆိုပါသုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားတောင်ပိုင်း ဂျဲဂျူးကျွန်းအရှေ့ဘက်ရေပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း JCS က သတင်းထုတ်ပြန်ခဲ့ပြီး ယခုနှစ်အတွက် ကိုရီးယားကျွန်းဆွယ်သို့ အမေရိက၏မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်လာရောက်မှုစတုတ္ထအကြိမ်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။
ယခုလေ့ကျင့်မှုတွင် တောင်ကိုရီးယားလေတပ်မှ F-15K၊ KF-16 တိုက်လေယာဉ်များ၊B-1B ဗုံးကြဲလေယာဉ်နှင့် အမေရိကန်လေတပ်မှ F-16 တိုက်လေယာဉ်များ၊ဂျပန်လေတပ်မှ F-2 တိုက်လေယာဉ်များပါ ပေါင်းစပ်လေကြောင်း လေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟုပြောကြားခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း သုံးနိုင်ငံမှ တိုက်လေယာဉ်များ ဝန်းရံပျံသန်းနေသည့် အမေရိက ဗုံးကြဲလေယာဉ်သည် သတ်မှတ်ထား‌သောပစ်မှတ်တစ်ခုကို ထိမှန်အောင်ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်းနှင့် လေ့ကျင့်မှုသည် ယခုနှစ်အတွက် သုံးနိုင်ငံကြား ဒုတိယမြောက် လေကြောင်း စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်းလည်းသတင်း ကြေငြာချက်တွင်ဖော်ပြထားသည်။
သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုသည် အောက်တိုဘာ ၃၁ ရက်က ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံက ပစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း JCS ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ