နယ်သာလန်ထိပ်တန်းဂိုးသွင်းရှင်ကို စပါးအသင်းခေါ်ယူ

Vecent

နယ်သာလန်ထိပ်တန်း လိဂ် Eredivisie ၏ ထိပ်တန်းဂိုး သွင်းရှင် ဗင်းဆင့်ဂျန်ဆန်ကို စပါးအသင်းက လေးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

Eredivisie လိဂ်မှ အေဇက် အသင်းတိုက်စစ်မှူး ဂျန်ဆန် (၂၂)နှစ်ကို စပါးက ပေါင် ၁၈ ဒသမ ၈ သန်းဖြင့် ခေါ်ယူခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

နည်းပြ ပိုချက်တီနို၏ စပါး အသင်းသည် ၂၀၁၆-၁၇ ဘော လုံးရာသီအတွက် ပရီးမီးယား လိဂ်ဖလား စိန်ခေါ်နိုင်ရေး တိုက် စစ်မှူး ဟယ်ရီကိန်းကို အားဖြည့် ရန် ဂျန်ဆန်ကို ခေါ်ယူလိုက် သည်။

စပါးက ဆောက်သမ်တန် ကွင်းလယ်လူ ၀န်ယာမာကို ခေါ် ယူပြီးနောက် ဂျန်ဆန်သည် ခေါ်ယူအားဖြည့်သော ဒုတိယမြောက် ကစားသမားဖြစ်လာသည်။

ဖီယင်နုလူငယ်အကယ်ဒမီ ဘောလုံးကျောင်းထွက် ဂျန်ဆန်သည် အေဇက်အသင်းကို ပြီးခဲ့သည့်ရာသီက စတုတ္ထ နေရာရရှိ အောင် ကူညီခဲ့ပြီး ၃၄ ပွဲတွင် ၂၇ ဂိုးသွင်းယူခဲ့သည်။

ယင်းအသင်းက မိမိ၏ အသင်းပြောင်းရွှေ့ခွင့်များကို တားဆီးခဲ့သောကြောင့် စိတ်ပျက်မိသည်ဟု ဂျန်ဆန်က ပြောသည်။

ဂျန်ဆန်သည် လိဂ်တစ်ခု တွင် ၂၅ ဂိုးနှင့်အထက် သွင်းယူ သော အသက်အငယ်ဆုံးကစားသမားဖြစ်သည်။

 —Ref:Goal


Leave a Reply