ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမွုေဆာင္၊ အလုပ္သမားေရးရာတာဝန္ခံ ဦးေမာင္ျမင့္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ရွိ အလုပ္႐ုံ /စက္႐ုံမ်ားသို႔သြားေရာက္၍ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ
ပဲခူး နိုဝင္ဘာ ၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမွုေဆာင္၊ အလုပ္သမားေရးရာတာဝန္ခံ ဦးေမာင္ျမင့္သည္ပဲခူးတိုင္းေဒသႀကီး(အေရွ႕)သို႔ နိုဝင္ဘာလ(၃ ရက္ေန႔ နံနက္ပိုင္းက ေရာက္ရွိကာ ပဲခူးၿမိဳ႕နယ္အတြင္းရွိ ရြာသစ္ေက်းရြာမွ သံထည္ပစၥည္းထုတ္လုပ္ေနမွု လုပ္ငန္းမ်ား ၊ အင္းတေကာ္ၿမိဳ႕ရွိ စက္႐ုံလုပ္ငန္းမ်ားသို႔ တိုင္းေဒသႀကီးပါတီ ဥကၠ႒ဦးရဲျမင့္ထြန္း ႏွင့္ တိုင္း၊ ခရိုင္ ၊ၿမိဳ႕နယ္ အဆင့္ပါတီတာဝန္ရွိမ်ားမွ နယ္ေျမကြင္းဆင္း၍ ျပည္သူမ်ားႏွင့္ေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။
ထိုသို႔နယ္ေျမကြင္းဆင္းခဲ့ရာတြင္ ပါတီ၏ဗဟိုအလုပ္အမွုေဆာင္မွ နိုင္ငံေတာ္မွ စီမံေဆာင္ရြက္ေနေသာ လုပ္ငန္းစဥ္မ်ား ၊ နိုင္ငံ၏ GDP တိုးတက္လာမွု ၊ ကုန္ထုတ္လုပ္မွုစြမ္းအား ပိုမိုတိုးတက္လာေစေရး ၊ တည္ၿငိမ္ေအးခ်မ္းစြာ တည္ဆဲဥပေဒမ်ားအေပၚ ေလးစားလိုက္နာသျဖင့္ ရရွိနိုင္ေသာအက်ိဳးရလာဒ္မ်ား ၊ တိုင္းျပည္၏ပကတိအေျခအေနမ်ား ၊ ျပည္ပနိုင္ငံမ်ားႏွင့္ကုန္သြယ္မွုဆိုင္ရာကိစၥရပ္မ်ားအား အေသးစိတ္အက်ယ္တစ္ဝင့္ေျပာၾကားခဲ့ၿပီး တက္ေရာက္လာသူမ်ားမွ သိလိုသည္မ်ားကို ေမးျမန္းခဲ့မွုအေပၚ ျပန္လည္ ရွင္းလင္းေျပာၾကားခဲ့သည္။ ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တက္ေရာက္လာၾကသူမ်ားအား အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ခဲ့ေၾကာင္းသိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ အလုပ်ရုံ /စက်ရုံများသို့သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံ
============================
ပဲခူး နိုဝင်ဘာ ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့်သည်ပဲခူးတိုင်းဒေသကြီး(အရှေ့)သို့ နိုဝင်ဘာလ(၃ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိကာ ပဲခူးမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာမှ သံထည်ပစ္စည်းထုတ်လုပ်နေမှု လုပ်ငန်းများ ၊ အင်းတကော်မြို့ရှိ စက်ရုံလုပ်ငန်းများသို့ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ထွန်း နှင့် တိုင်း၊ ခရိုင် ၊မြို့နယ် အဆင့်ပါတီတာဝန်ရှိများမှ နယ်မြေကွင်းဆင်း၍ ပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့နယ်မြေကွင်းဆင်းခဲ့ရာတွင် ပါတီ၏ဗဟိုအလုပ်အမှုဆောင်မှ နိုင်ငံတော်မှ စီမံဆောင်ရွက်နေသော လုပ်ငန်းစဥ်များ ၊ နိုင်ငံ၏ GDP တိုးတက်လာမှု ၊ ကုန်ထုတ်လုပ်မှုစွမ်းအား ပိုမိုတိုးတက်လာစေရေး ၊ တည်ငြိမ်အေးချမ်းစွာ တည်ဆဲဥပဒေများအပေါ် လေးစားလိုက်နာသဖြင့် ရရှိနိုင်သောအကျိုးရလာဒ်များ ၊ တိုင်းပြည်၏ပကတိအခြေအနေများ ၊ ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များအား အသေးစိတ်အကျယ်တစ်ဝင့်ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲများအပြီးတွင် တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။