ဂ်ပန္ ကုမၸဏီ (၄၀၀)ေက်ာ္က ျမန္မာအလုပ္သမား (၁၄၀၀) ဝန္းက်င္ ေခၚယူမည္

ဂ်ပန္ ကုမၸဏီ (၄၀၀)ေက်ာ္က ျမန္မာအလုပ္သမား (၁,၄၀၀) ဝန္းက်င္အတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ကမ္းလွမ္းေခၚယူမည္ဟု ဂ်ပန္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၏ အသိေပးခ်က္အရ သိရသည္။
ဂ်ပန္ ကုမၸဏီ (၄၃၁) ခုက ျမန္မာအလုပ္သမား (၁,၄၀၀)ဝန္းက်င္ေခၚယူမည္ျဖစ္ၿပီး အမ်ိဳးသမီးအလုပ္သမား (၁,၀၀၀) ေက်ာ္ႏွင့္ အမ်ိဳးသားလုပ္သား (၃၀၀) ေက်ာ္ ေခၚယူျခင္း ျဖစ္သည္။
အဓိကအားျဖင့္ သက္ႀကီးေစာင့္ေရွာက္ေရး၊စားေသာက္ကုန္ထုတ္လုပ္ေရး ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းဆိုင္ရာ အလုပ္အကိုင္ ေထာင္ေက်ာ္ကို ေခၚယူထားျခင္းျဖစ္ၿပီး အလုပ္သမားဝန္ႀကီးဌာနက ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာပါအခ်က္အလက္မ်ားကို စိစစ္ၿပီး ထုတ္ျပန္ေပးေနေၾကာင္းလည္း ဂ်ပန္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ထို႔ျပင္ အလုပ္ေခၚသည့္ ကုမၸဏီႏွင့္ စက္႐ုံမ်ားသည္ တရားဝင္တည္ေထာင္ထားျခင္း ရွိ၊မရွိ ႏွင့္ စာရြက္စာတမ္းအေထာက္အထားမ်ားကို စိစစ္ေနေၾကာင္းလည္း သိရသည္။


ဂျပန် ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာအလုပ်သမား (၁၄၀၀) ဝန်းကျင် ခေါ်ယူမည်
=============
ဂျပန် ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာအလုပ်သမား (၁,၄၀၀) ဝန်းကျင်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကမ်းလှမ်းခေါ်ယူမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အသိပေးချက်အရ သိရသည်။
ဂျပန် ကုမ္ပဏီ (၄၃၁) ခုက မြန်မာအလုပ်သမား (၁,၄၀၀)ဝန်းကျင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးအလုပ်သမား (၁,၀၀၀) ကျော်နှင့် အမျိုးသားလုပ်သား (၃၀၀) ကျော် ခေါ်ယူခြင်း ဖြစ်သည်။
အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊စားသောက်ကုန်ထုတ်လုပ်ရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ထောင်ကျော်ကို ခေါ်ယူထားခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာပါအချက်အလက်များကို စိစစ်ပြီး ထုတ်ပြန်ပေးနေကြောင်းလည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ နှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်နေကြောင်းလည်း သိရသည်။