ေမြထိုင္းဂႏၴဝင္ ဆက္ခ္ဆန္းနဲ႔ ထိုးသတ္သြားမယ့္ စိုးလင္းဦး
လာမယ့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၂၄ ရက္မွာ က်င္းပမယ့္ One 170 ပြဲမွာ စိုးလင္းဦးက နာမည္ႀကီး ေမြထိုင္းဂႏၴဝင္ ဆက္ခ္ဆန္းနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ကို One က တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတႀယ္။
အသက္ ၃၂ ႏွစ္ရွိ စိုးလင္းဦးဟာ One Championship ရဲ့ ေမြထိုင္းၿပိဳင္ပြဲမွာ ၃ ပြဲဆက္တိုက္ အလဲထိုးနဲ႔ အနိုင္ရခဲ့ၿပီးေနာက္ အေမရိကန္ေဒၚလာတသိန္းတန္စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ရခဲ့သူပါ။
စိုးလင္းဦးဟာ ေနာက္ဆုံးထိုးသတ္ခဲ့တဲ့ စက္တင္ဘာ ၂၇ ရက္ ပြဲစဥ္မွာ နာဘီလ္ကို အမွတ္နဲ႔ ရွုံးနိမ့္ခဲ့ေပမဲ့ ပရိသတ္ေတြရဲ့ လက္ခုပ္သံ ရရွိခဲ့သူပါ။
စိုးလင္းဦးနဲ႔ထိုးသတ္မယ့္ ဆက္ခ္ဆန္းဟာ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္ၿပီး ေမြထိုင္းပြဲေပါင္း ၂၅၀ ေက်ာ္ ထိုးသတ္ခဲ့တဲ့ ဂႏၴဝင္ကစားသမားႀကီးတေယာက္ျဖစ္ၿပီး One Championship မွာ ၈ ပြဲဆက္တိုက္ အနိုင္ရရွိခဲ့ဖူးပါတယ္။
၉ ပြဲေျမာက္မွာ ဂ်ပန္ဖိုက္တာ အဆာဟိကို ရွုံးနိမ့္ခဲ့ေပမဲ့ စက္တင္ဘာ ၆ ရက္က ဟာရစ္ဆန္နဲ႔ပြဲမွာ အထဲထိုးနိုင္ပြဲ ျပန္လည္ရရွိခဲ့ပါတယ္။
သူဟာ ၂၀၁၅ ခုႏွစ္က ထိုင္းနိုင္ငံရဲ့ အေကာင္းဆုံး ေမြထိုင္းကစားသမားဆု ရရွိခဲ့ၿပီး ေမြထိုင္း ကမၻာ့ခ်န္ပီယံဆုေတြလည္း ရရွိခဲ့ဖူးပါတယ္။
မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းနဲ့ ထိုးသတ်သွားမယ့် စိုးလင်းဦး
==================
လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမယ့် One 170 ပွဲမှာ စိုးလင်းဦးက နာမည်ကြီး မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို One က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတႀယ်။
အသက် ၃၂ နှစ်ရှိ စိုးလင်းဦးဟာ One Championship ရဲ့ မွေထိုင်းပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတသိန်းတန်စာချုပ် ချုပ်ဆိုခွင့်ရခဲ့သူပါ။
စိုးလင်းဦးဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် ပွဲစဉ်မှာ နာဘီလ်ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ပရိသတ်တွေရဲ့ လက်ခုပ်သံ ရရှိခဲ့သူပါ။
စိုးလင်းဦးနဲ့ထိုးသတ်မယ့် ဆက်ခ်ဆန်းဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး မွေထိုင်းပွဲပေါင်း ၂၅၀ ကျော် ထိုးသတ်ခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီးတယောက်ဖြစ်ပြီး One Championship မှာ ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ဖူးပါတယ်။
၉ ပွဲမြောက်မှာ ဂျပန်ဖိုက်တာ အဆာဟိကို ရှုံးနိမ့်ခဲ့ပေမဲ့ စက်တင်ဘာ ၆ ရက်က ဟာရစ်ဆန်နဲ့ပွဲမှာ အထဲထိုးနိုင်ပွဲ ပြန်လည်ရရှိခဲ့ပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး မွေထိုင်းကစားသမားဆု ရရှိခဲ့ပြီး မွေထိုင်း ကမ္ဘာ့ချန်ပီယံဆုတွေလည်း ရရှိခဲ့ဖူးပါတယ်။