ကမၻာ့နဂါးေလွေလွာ္ၿပိဳင္ပြဲ၏ ျမန္မာေလွေလွာ္အသင္း ေရႊတံဆိပ္(၅)ခုအပါအဝင္ ဆုတံဆိပ္ (၈)ခုရရွိခဲ့
တ႐ုတ္နိုင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ေသာ ကမၻာ့နဂါးေလွေလွာ္ၿပိဳင္ပြဲတြင္ ျမန္မာေလွေလွာ္အသင္းသည္ ေရႊတံဆိပ္(၅)ခုအပါအဝင္ ဆုတံဆိပ္(၈)ခုရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာေလွေလွာ္အဖြဲ႕သည္ ေအာက္တိုဘာ ၂၇ ရက္ကယွဥ္ၿပိဳင္ခဲ့သည့္ ၿပိဳင္ပြဲမ်ားျဖစ္ေသာ မီတာ ၅၀၀ အမ်ိဳးသား+အမ်ိဳးသမီး(၁၀)တက္ေလွာ္တြင္ ပထမဆု(ေရႊတံဆိပ္)၊ မီတာ ၂၀၀၀ အမ်ိဳးသား(၁၀)တက္ေလွာ္တြင္ ပထမဆု(ေရႊတံဆိပ္)၊ မီတာ၂၀၀ အမ်ိဳးသား(၁၀)တက္ေလွာ္တြင္ ဒုတိယဆု(ေငြတံဆိပ္)တို႔ ထပ္မံဆြတ္ခူးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မီတာ၂၀၀၀ အမ်ိဳးသား+အမ်ိဳးသမီး (၁၀)တက္ေလွာ္ၿပိဳင္ပြဲတြင္ ျမန္မာေလွေလွာ္အသင္းမွ စတုတၳဆုဆြတ္ခူးခဲ့သျဖင့္ ယခင္ေန႔ ၿပိဳင္ပြဲမ်ားတြင္လည္း ေရႊတံဆိပ္ဆုႏွင့္ေငြတံဆိပ္ဆုမ်ားဆြတ္ခူးနိုင္ခဲ့သျဖင့္ ဆုတံဆိပ္ေပါင္း(၈)ခု ဆြတ္ခူးနိုင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာေလွေလွာ္အသင္းသည္ ကမၻာ့နဂါးေလွေလွာ္ၿပိဳင္ပြဲ၌ ၿပိဳင္ပြဲအမ်ိဳးအစား(၈)မ်ိဳးကိုဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲအား အိမ္ရွင္တ႐ုတ္အသင္းမ်ား၊ ဥေရာပအသင္းမ်ား၊ အာရွအသင္းမ်ားႏွင့္ အာဆီယံနိုင္ငံမ်ားမွအသင္းေပါင္း(၁၈) သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။
ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၏ မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ် (၈)ခုရရှိခဲ့
===============
တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ်(၈)ခုရရှိခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများဖြစ်သော မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး(၁၀)တက်လှော်တွင် ပထမဆု(ရွှေတံဆိပ်)၊ မီတာ ၂၀၀၀ အမျိုးသား(၁၀)တက်လှော်တွင် ပထမဆု(ရွှေတံဆိပ်)၊ မီတာ၂၀၀ အမျိုးသား(၁၀)တက်လှော်တွင် ဒုတိယဆု(ငွေတံဆိပ်)တို့ ထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။
ထို့ပြင် မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းမှ စတုတ္ထဆုဆွတ်ခူးခဲ့သဖြင့် ယခင်နေ့ ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုများဆွတ်ခူးနိုင်ခဲ့သဖြင့် ဆုတံဆိပ်ပေါင်း(၈)ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အသင်းသည် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား(၈)မျိုးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား အိမ်ရှင်တရုတ်အသင်းများ၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှအသင်းပေါင်း(၁၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။