Tesla စေတာ့ရွယ္ယာ ေဈးႏွုန္း ခုန္တက္မွုေၾကာင့္ ၁ ရက္ထဲမွာ ေဒၚလာ ၃၀ ဘီလီယမ္ ဝင္ေငြတိုးသြားတဲ့ Elon Musk

Elon Musk ရဲ့ ႂကြယ္ဝခ်မ္းသာမွုဟာ Tesla စေတာ့ရွယ္ယာ ေဈးႏွုန္းနဲ႔ အဓိက သက္ဆိုင္ေနပါတယ္။ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔မွာ Tesla ရဲ့ စေတာ့ ရွယ္ယာ ေဈးႏွုန္းဟာ ၂၂ ရာခိုင္ႏွုန္း ျမင့္မားသြားၿပီး ၁ ရက္ထဲမွာ Elon Musk ရဲ့ ဝင္ေငြဟာ ေဒၚလာ ၃၀ ဘီလီယမ္ တိုးတက္သြားပါတယ္။ ကုမၸဏီရဲ့ ေဈးကြက္တန္ဖိုးဟာ ေဒၚလာ ၁၅၀ ဘီလီယမ္ ဝန္းက်င္ျမင့္မားသြားၿပီး ကုမၸဏီမွာ ရင္းႏွီးျမႇပ္ႏွံသူေတြလည္း ဝင္ေငြ တိုးသြားပါတယ္။
Bloomberg ရဲ့ ေဒတာ အရ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔မွာ Elon Musk ရဲ့ ႂကြယ္ဝခ်မ္းသာမွုဟာ ေဒၚလာ ၂၇၀ ဘီလီယမ္ ျဖစ္သြားၿပီး ကမၻာ့ အခ်မ္းသာဆုံး ေနရာကို ဆက္လက္ ပိုင္ဆိုင္ထားပါတယ္။ သူ႔ရဲ့ အေနာက္မွာေတာ့ အေမဇုန္ သူေဌး Jeff Bezos နဲ႔ Larry Ellison တို႔ ရပ္တည္ေနပါတယ္။
Musk ဟာ Tesla စေတာ့ရွယ္ယာ ၁၃ ရာခိုင္ႏွုန္း ပိုင္ဆိုင္ထားၿပီး တန္ဖိုးအားျဖင့္ ေဒၚလာ ၁၂၃ ဘီလီယမ္ ဝန္းက်င္ ရွိတယ္လို႔ Bloomberg ရဲ့ ေဒတာမွာ ေဖာ္ျပထားပါတယ္။ Musk ဟာ SpaceX မွာ စေတာ့ရွယ္ယာ ၄၂ ရာခိုင္ႏွုန္း ပိုင္ဆိုင္ထားၿပီး ေဒၚလာ ၈၀ ဘီလီယမ္ တန္ေၾကး ရွိပါတယ္။
Musk ဟာ စုစုေပါင္း ေဒၚလာ ၂၄ ဘီလီယမ္ တန္ေၾကး ရွိတဲ့ စေတာ့ရွယ္ယာေတြကို X, The Boring Company , Neuralink နဲ႔ xAI မွာ ပိုင္ဆိုင္ထားပါတယ္။
Ref : businessinsider #ElonMusk #DigitalTimes


Tesla စတော့ရှယ်ယာ ဈေးနှုန်း ခုန်တက်မှုကြောင့် ၁ ရက်ထဲမှာ ဒေါ်လာ ၃၀ ဘီလီယမ် ဝင်ငွေတိုးသွားတဲ့ Elon Musk
==============================================================
Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ Tesla စတော့ရှယ်ယာ ဈေးနှုန်းနဲ့ အဓိက သက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ Tesla ရဲ့ စတော့ ရှယ်ယာ ဈေးနှုန်းဟာ ၂၂ ရာခိုင်နှုန်း မြင့်မားသွားပြီး ၁ ရက်ထဲမှာ Elon Musk ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၀ ဘီလီယမ် တိုးတက်သွားပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁၅၀ ဘီလီယမ် ဝန်းကျင်မြင့်မားသွားပြီး ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံသူတွေလည်း ဝင်ငွေ တိုးသွားပါတယ်။
Bloomberg ရဲ့ ဒေတာ အရ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၇၀ ဘီလီယမ် ဖြစ်သွားပြီး ကမ္ဘာ့ အချမ်းသာဆုံး နေရာကို ဆက်လက် ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ အနောက်မှာတော့ အမေဇုန် သူဌေး Jeff Bezos နဲ့ Larry Ellison တို့ ရပ်တည်နေပါတယ်။
Musk ဟာ Tesla စတော့ရှယ်ယာ ၁၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂၃ ဘီလီယမ် ဝန်းကျင် ရှိတယ်လို့ Bloomberg ရဲ့ ဒေတာမှာ ဖော်ပြထားပါတယ်။ Musk ဟာ SpaceX မှာ စတော့ရှယ်ယာ ၄၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၈၀ ဘီလီယမ် တန်ကြေး ရှိပါတယ်။
Musk ဟာ စုစုပေါင်း ဒေါ်လာ ၂၄ ဘီလီယမ် တန်ကြေး ရှိတဲ့ စတော့ရှယ်ယာတွေကို X, The Boring Company , Neuralink နဲ့ xAI မှာ ပိုင်ဆိုင်ထားပါတယ်။
Ref : businessinsider #ElonMusk #DigitalTimes