ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ေစတနာရွင္ လူမွုေရးအသင္းအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ
ေအာက္တိုဘာ ၂၅၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ေစတနာရွင္ လူမွုေရးအသင္းအဖြဲ႕ (၅၅)ဖြဲ႕မွ တာဝန္ရွိသူမ်ားအား ေတြ႕ဆုံဂုဏ္ျပဳပြဲအခမ္းအနား ကို ၂၄-၁၀-၂၀၂၄ ရက္ေန႔ ေန႔လည္ ၁၃၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ပါတီအႀကီးအကဲမ်ား တက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒ ဦးခင္ရီမွ ႏွုတ္ခြန္းဆက္ အမွာစကားေျပာၾကားရာ “ယခုလို အမ်ားအက်ိဳးကို စြမ္းစြမ္းတမံ ေဆာင္ရြက္ေနၾကေသာ ေစတနာရွင္ လူမွုေရးအသင္းအဖြဲ႕မ်ားက ပုဂၢိဳလ္မ်ားႏွင့္ ဆုံေတြ႕ရသည့္ အထူးပင္ဝမ္းသာပါေၾကာင္း၊ ၿပီးခဲ့သည့္ ေရေဘးၾကဳံေတြ႕ရသည့္ အခ်ိန္တြင္ ေစတနာရွင္ လူမွုအဖြဲ႕အစည္းမ်ား၏ အသက္ကိုပဓာနမထားပဲ လုပ္ကိုင္ေဆာင္ရြက္ခဲ့မွုမ်ားအား မ်ားစြာအသိအမွတ္ျပဳပါေၾကာင္း၊ မိမိတို႔အေနျဖင့္ အမ်ားအက်ိဳးေဆာင္ရြက္ေနၾကသူမ်ားကို ယခုလိုဂုဏ္ျပဳခြင့္ရသည့္အတြက္လည္း မ်ားစြာဝမ္းသာပီတိျဖစ္ရပါေၾကာင္း၊ အသင္းအဖြဲ႕မ်ားအားလုံး အမ်ားအက်ိဳးကို ယခုထက္ပို၍ ပို၍ ေအာင္ျမင္စြာ လုပ္ကိုင္ေဆာင္ရြက္နိုင္ၾကပါေစလို႔လည္း ဆုေတာင္းပါေၾကာင္း” ေျပာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး ပါတီဗဟိုအတြင္းေရးမွူး ေဒါက္တာသန္းထြန္းမွ ေတြ႕ဆုံပြဲက်င္းပျပဳလုပ္ရသည့္ အေၾကာင္းအား ရွင္းလင္းတင္ျပၿပီး တက္ေရာက္လာၾကေသာ ေစတနာရွင္ လူမွုေရးအသင္းအဖြဲ႕မ်ားမွ ႏွုတ္ခြန္းဆက္စကားႏွင့္ အသင္းေပၚေပါက္လာပုံ၊ ေဆာင္ရြက္ခဲ့သည့္၊ ေဆာင္ရြက္ေနသည့္ အမ်ားအက်ိဳးျပဳလုပ္ငန္းမ်ား၊ နိုင္ငံေတာ္အစိုးရအဖြဲ႕အစည္းႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေနမွုမ်ား၊ လိုအပ္ခ်က္ရွိသည့္ အသင္းမ်ားမွတ္ပုံတင္ေရးကိစၥမ်ားႏွင့္ အက်ိဳးျပဳလုပ္ငန္းမ်ားေဆာင္ရြက္စဥ္ ၾကဳံေတြ႕ရေသာအခက္အခဲမ်ားအား ရွင္းလင္းတင္ျပၾကပါသည္။
၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အေနျဖင့္ “ယခုလို အသင္းအဖြဲ႕မ်ား၏ ကိစၥရပ္မ်ားအား သိရွိရသည့္အတြက္ မ်ားစြာပီတိျဖစ္ရပါေၾကာင္း၊ အခက္အခဲအခ်ိဳ႕ကိုလည္း မိမိတို႔တတ္စြမ္းသေရြ႕ ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ ယခု ၅၅ သင္းအတြက္ နည္းသည္မ်ားသည္မဟုတ္ပဲ တစ္သင္းလၽွင္ (၅)သိန္းက်ပ္ႏွုန္းျဖင့္ (၅၅)သင္းအတြက္ (ႏွစ္ရာခုနစ္ဆယ့္ငါးသိန္းက်ပ္)အား ဂုဏ္ျပဳလွူဒါန္းပါေၾကာင္း၊ ပူးေပါင္းေဆာင္ရြက္နိုင္သည့္ ကိစၥရပ္မ်ားေပၚေပါက္လာပါကလည္း အတူတကြေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ အသင္းအဖြဲ႕မ်ားႏွင့္ ထပ္မံဆုံေတြ႕သြားမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက ေစတနာရွင္ လူမွုေရးအသင္းအဖြဲ႕မ်ားသို႔ အလွူေငြမ်ား ေပးအပ္လွူဒါန္းၿပီး ညေန ၁၆၃၀ အခ်ိန္တြင္ ဂုဏ္ျပဳေတြ႕ဆုံပြဲအခမ္းအနားေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။ အဆိုပါဂုဏ္ျပဳေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမွူးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ား၊ ျပည္ေထာင္စုနယ္ေျမပါတီ ယာယီဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား၊ ေစတနာရွင္ လူမွုေရးအသင္းအဖြဲ႕ (၅၅)ဖြဲ႕မွ တာဝန္ရွိသူမ်ား၊ စုစုေပါင္း (၁၅၀)ဦးခန႔္ တက္ေရာက္ခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုနယ်မြေအတွင်းရှိ စေတနာရှင် လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ
===============================
အောက်တိုဘာ ၂၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ စေတနာရှင် လူမှုရေးအသင်းအဖွဲ့ (၅၅)ဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနား ကို ၂၄-၁၀-၂၀၂၄ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ပါတီအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားရာ “ယခုလို အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော စေတနာရှင် လူမှုရေးအသင်းအဖွဲ့များက ပုဂ္ဂိုလ်များနှင့် ဆုံတွေ့ရသည့် အထူးပင်ဝမ်းသာပါကြောင်း၊ ပြီးခဲ့သည့် ရေဘေးကြုံတွေ့ရသည့် အချိန်တွင် စေတနာရှင် လူမှုအဖွဲ့အစည်းများ၏ အသက်ကိုပဓာနမထားပဲ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများအား များစွာအသိအမှတ်ပြုပါကြောင်း၊ မိမိတို့အနေဖြင့် အများအကျိုးဆောင်ရွက်နေကြသူများကို ယခုလိုဂုဏ်ပြုခွင့်ရသည့်အတွက်လည်း များစွာဝမ်းသာပီတိဖြစ်ရပါကြောင်း၊ အသင်းအဖွဲ့များအားလုံး အများအကျိုးကို ယခုထက်ပို၍ ပို၍ အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေလို့လည်း ဆုတောင်းပါကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းမှ တွေ့ဆုံပွဲကျင်းပပြုလုပ်ရသည့် အကြောင်းအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော စေတနာရှင် လူမှုရေးအသင်းအဖွဲ့များမှ နှုတ်ခွန်းဆက်စကားနှင့် အသင်းပေါ်ပေါက်လာပုံ၊ ဆောင်ရွက်ခဲ့သည့်၊ ဆောင်ရွက်နေသည့် အများအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်အစိုးရအဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်ရှိသည့် အသင်းများမှတ်ပုံတင်ရေးကိစ္စများနှင့် အကျိုးပြုလုပ်ငန်းများဆောင်ရွက်စဉ် ကြုံတွေ့ရသောအခက်အခဲများအား ရှင်းလင်းတင်ပြကြပါသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အနေဖြင့် “ယခုလို အသင်းအဖွဲ့များ၏ ကိစ္စရပ်များအား သိရှိရသည့်အတွက် များစွာပီတိဖြစ်ရပါကြောင်း၊ အခက်အခဲအချို့ကိုလည်း မိမိတို့တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခု ၅၅ သင်းအတွက် နည်းသည်များသည်မဟုတ်ပဲ တစ်သင်းလျှင် (၅)သိန်းကျပ်နှုန်းဖြင့် (၅၅)သင်းအတွက် (နှစ်ရာခုနစ်ဆယ့်ငါးသိန်းကျပ်)အား ဂုဏ်ပြုလှူဒါန်းပါကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များပေါ်ပေါက်လာပါကလည်း အတူတကွဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသင်းအဖွဲ့များနှင့် ထပ်မံဆုံတွေ့သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စေတနာရှင် လူမှုရေးအသင်းအဖွဲ့များသို့ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ညနေ ၁၆၃၀ အချိန်တွင် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အဆိုပါဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ထောင်စုနယ်မြေပါတီ ယာယီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စေတနာရှင် လူမှုရေးအသင်းအဖွဲ့ (၅၅)ဖွဲ့မှ တာဝန်ရှိသူများ၊ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။