ပဲရစ္မာစတာၿပိဳင္ပြဲမွ ႏုတ္ထြက္သြားတဲ့ ဂ်ိဳကိုဗစ္
ဆားဘီးယားတင္းနစ္သမား ဂ်ိဳကိုဗစ္ဟာ ပဲရစ္မာစတာၿပိဳင္ပြဲ လူစာရင္းကေန ႏုတ္ထြက္သြားခဲ့တယ္လို႔ ၿပိဳင္ပြဲ က်င္းပေရးအဖြဲ႕က ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ အတည္ျပဳခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ ဂ်ိဳကိုဗစ္ဟာ ပဲရစ္မာစတာၿပိဳင္ပြဲရဲ့ လက္ရွိခ်န္ပီယံျဖစ္ေပမယ့္ အခုႏွစ္ၿပိဳင္ပြဲကိုေတာ့ အေၾကာင္းျပခ်က္မရွိဘဲ ၿပိဳင္ပြဲကေန ႏုတ္ထြက္သြားခဲ့တာပါ။
ဂ်ိဳကိုဗစ္ကလည္း သူ႔ရဲ့ အင္စတာဂရမ္မွာ အခုႏွစ္ပဲရစ္မာစတာၿပိဳင္ပြဲကို ဝင္ၿပိဳင္မွာ မဟုတ္တဲ့အေၾကာင္း အတည္ျပဳခဲ့ၿပီး အခုႏွစ္ၿပိဳင္ပြဲမွာ သူ႔ရဲ့ပြဲစဥ္ေတြကို အားေပးဖို႔ ေစာင့္ေမၽွာ္ေနၾကတဲ့ ပရိသတ္ ေတြအတြက္လည္း စိတ္မေကာင္းပါဘူးလို႔ ဂ်ိဳကိုဗစ္က ေရးသားထားပါတယ္။ ဂ်ိဳကိုဗစ္ဟာ ေအတီပီ မာစတာ ၁၀၀၀ အမ်ိဳးအစားျဖစ္ တဲ့ ပဲရစ္မာစတာၿပိဳင္ပြဲ ခ်န္ပီယံဆုကို ၇ ႀကိမ္ရယူထားၿပီး ပဲရစ္မာစတာၿပိဳင္ပြဲရဲ့ ပြဲစဥ္ ၅၉ ပြဲမွာ ပြဲ ၅၀ နိုင္ ၉ ပြဲရွုံးမွတ္တမ္းကို ရရွိထားတာ ျဖစ္ပါတယ္။
အခုႏွစ္အတြင္း ၿပိဳင္ပြဲစုံမွာ ၃၇ ပြဲနိုင္ ၉ ပြဲရွုံး မွတ္တမ္းရရွိထားတဲ့ ဂ်ိဳကိုဗစ္က ပဲရစ္မာစတာၿပိဳင္ပြဲကို စိတ္မ ေကာင္းစြာနဲ႔ လြဲေခ်ာ္ခဲ့ရေပမယ့္ ရာသီလက္က်န္ ပြဲစဥ္ေတြမွာေတာ့ ပါဝင္ယွဥ္ၿပိဳင္နိုင္ဖို႔ကို ႀကိဳးစားသြားမယ္လို႔ ေျပာၾကားထားပါတယ္။
ပဲရစ်မာစတာပြိုင်ပွဲမှ နုတ်ထွက်သွားတဲ့ ဂျိုကိုဗစ်
———————-
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ပဲရစ်မာစတာပြိုင်ပွဲ လူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ ပြိုင်ပွဲ ကျင်းပရေးအဖွဲ့က အောက်တိုဘာ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ပဲရစ်မာစတာပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပေမယ့် အခုနှစ်ပြိုင်ပွဲကိုတော့ အကြောင်းပြချက်မရှိဘဲ ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့တာပါ။
ဂျိုကိုဗစ်ကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ အခုနှစ်ပဲရစ်မာစတာပြိုင်ပွဲကို ဝင်ပြိုင်မှာ မဟုတ်တဲ့အကြောင်း အတည်ပြုခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ သူ့ရဲ့ပွဲစဉ်တွေကို အားပေးဖို့ စောင့်မျှော်နေကြတဲ့ ပရိသတ် တွေအတွက်လည်း စိတ်မကောင်းပါဘူးလို့ ဂျိုကိုဗစ်က ရေးသားထားပါတယ်။ ဂျိုကိုဗစ်ဟာ အေတီပီ မာစတာ ၁၀၀၀ အမျိုးအစားဖြစ် တဲ့ ပဲရစ်မာစတာပြိုင်ပွဲ ချန်ပီယံဆုကို ၇ ကြိမ်ရယူထားပြီး ပဲရစ်မာစတာပြိုင်ပွဲရဲ့ ပွဲစဉ် ၅၉ ပွဲမှာ ပွဲ ၅၀ နိုင် ၉ ပွဲရှုံးမှတ်တမ်းကို ရရှိထားတာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း ပြိုင်ပွဲစုံမှာ ၃၇ ပွဲနိုင် ၉ ပွဲရှုံး မှတ်တမ်းရရှိထားတဲ့ ဂျိုကိုဗစ်က ပဲရစ်မာစတာပြိုင်ပွဲကို စိတ်မ ကောင်းစွာနဲ့ လွဲချော်ခဲ့ရပေမယ့် ရာသီလက်ကျန် ပွဲစဉ်တွေမှာတော့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ကို ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။