ႏွစ္ေပါင္း ၃၀ အတြင္း အဂၤါၿဂိဳလ္မွာ လူ ၁ သန္း ေနထိုင္နိုင္မယ့္ ၿမိဳ႕ တည္ေဆာက္မယ့္ Elon Musk
နည္းပညာ ဘီလီယမ္နာ သူေဌး Elon Musk ဟာ အာကာသမွ တျခား ၿဂိဳလ္ေတြမွာ လူသားေတြ အေျခခ်ေနထိုင္ဖို႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။ အခုေတာ့ သူက ႏွစ္ေပါင္း ၃၀ (၂၀၅၄ ခုႏွစ္)အတြင္း အဂၤါၿဂိဳလ္မွာ လူ ၁ သန္း ေနထိုင္နိုင္မယ့္ ၿမိဳ႕ကို တည္ေဆာက္မယ္လို႔ X လူမွုကြန္ရက္မွာ ေရးသားထားပါတယ္။ ကမၻာ ကေန မိုင္ သန္းေပါင္း ၁၄၀ ကြာေဝးတဲ့ အဂၤါၿဂိဳလ္ကို သြားဖို႔ဆိုတာ အရင္တုန္းကေတာ့ မျဖစ္နိုင္ဘူးလို႔ ထင္ရေပမယ့္ အခုေတာ့ ျဖစ္လာနိုင္ေတာ့မွာပါ။
ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Elon Musk ရဲ့ SpaceX ဟာ တန္ ၃,၀၀၀ အေလးခ်ိန္ရွိတဲ့ အာကာသယာဥ္ကို ၇၁ မီတာ (၂၄၂ ေပ) ရွည္လ်ားတဲ့ Super Heavy Booster နဲ႔ ကမၻာပတ္လမ္းေၾကာင္းထဲသို႔ လႊတ္တင္ခဲ့ၿပီး ကမၻာကို ျပန္လည္က်ေရာက္လာတဲ့ Booster ကို အပ်က္အဆီး မရွိဘဲ စက္႐ုပ္လက္တံနဲ႔ ေအာင္ျမင္စြာ ဖမ္းယူနိုင္ခဲ့ပါတယ္။ အဲဒီ အာကာသယာဥ္မွာ လူ ၁၀၀ ေက်ာ္ လိုက္ပါစီးနင္းနိုင္တဲ့အတြက္ အဂၤါၿဂိဳလ္ကို ခရီးသြားဖို႔ အဆင္ေျပပါတယ္။ Booster ကို မပ်က္ဆီးဘဲ ျပန္လည္ ဖမ္းယူနိုင္တဲ့အတြက္ ေဒၚလာ သန္းေပါင္းမ်ားစြာ ကုန္က်မွု သက္သာသြားပါတယ္။ အဲဒီအတြက္ အဂၤါၿဂိဳလ္ကို ခရီးသြားဖို႔ ေမၽွာ္လင့္ခ်က္ေတြ ပိုတိုးလာေစပါတယ္။
အဲဒီ သမိုင္းမွတ္တမ္းဝင္တဲ့ ေအာင္ျမင္မွုကို ျပဳလုပ္နိုင္ၿပီး ရက္ပိုင္းအၾကာမွာပဲ Elon Musk က ႏွစ္ေပါင္း ၃၀ အတြင္း အဂၤါၿဂိဳလ္မွာ လူ ၁ သန္း ေနထိုင္နိုင္တဲ့ ၿမိဳ႕ကို တည္ေဆာက္နိုင္မယ္လို႔ ေဟာကိန္းထုတ္လိုက္တာ ျဖစ္ပါတယ္။
Ref : theverge
#DigitalTimes
နှစ်ပေါင်း ၃၀ အတွင်း အင်္ဂါဂြိုလ်မှာ လူ ၁ သန်း နေထိုင်နိုင်မယ့် မြို့ တည်ဆောက်မယ့် Elon Musk
=======================================================
နည်းပညာ ဘီလီယမ်နာ သူဌေး Elon Musk ဟာ အာကာသမှ တခြား ဂြိုလ်တွေမှာ လူသားတွေ အခြေချနေထိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ အခုတော့ သူက နှစ်ပေါင်း ၃၀ (၂၀၅၄ ခုနှစ်)အတွင်း အင်္ဂါဂြိုလ်မှာ လူ ၁ သန်း နေထိုင်နိုင်မယ့် မြို့ကို တည်ဆောက်မယ်လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ကမ္ဘာ ကနေ မိုင် သန်းပေါင်း ၁၄၀ ကွာဝေးတဲ့ အင်္ဂါဂြိုလ်ကို သွားဖို့ဆိုတာ အရင်တုန်းကတော့ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် အခုတော့ ဖြစ်လာနိုင်တော့မှာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Elon Musk ရဲ့ SpaceX ဟာ တန် ၃,၀၀၀ အလေးချိန်ရှိတဲ့ အာကာသယာဉ်ကို ၇၁ မီတာ (၂၄၂ ပေ) ရှည်လျားတဲ့ Super Heavy Booster နဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်ခဲ့ပြီး ကမ္ဘာကို ပြန်လည်ကျရောက်လာတဲ့ Booster ကို အပျက်အဆီး မရှိဘဲ စက်ရုပ်လက်တံနဲ့ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီ အာကာသယာဉ်မှာ လူ ၁၀၀ ကျော် လိုက်ပါစီးနင်းနိုင်တဲ့အတွက် အင်္ဂါဂြိုလ်ကို ခရီးသွားဖို့ အဆင်ပြေပါတယ်။ Booster ကို မပျက်ဆီးဘဲ ပြန်လည် ဖမ်းယူနိုင်တဲ့အတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမှု သက်သာသွားပါတယ်။ အဲဒီအတွက် အင်္ဂါဂြိုလ်ကို ခရီးသွားဖို့ မျှော်လင့်ချက်တွေ ပိုတိုးလာစေပါတယ်။
အဲဒီ သမိုင်းမှတ်တမ်းဝင်တဲ့ အောင်မြင်မှုကို ပြုလုပ်နိုင်ပြီး ရက်ပိုင်းအကြာမှာပဲ Elon Musk က နှစ်ပေါင်း ၃၀ အတွင်း အင်္ဂါဂြိုလ်မှာ လူ ၁ သန်း နေထိုင်နိုင်တဲ့ မြို့ကို တည်ဆောက်နိုင်မယ်လို့ ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။
Ref : theverge
#DigitalTimes