ရန္ကုန္ – ပုသိမ္ – ေညာင္ဦး – မႏၲေလး ေလေၾကာင္းခရီးစဥ္အား အခ်ိန္ေျပာင္းလဲ၍ ပ်ံသန္းေျပးဆြဲမည္ ဟု MNA ထုတ္ျပန္

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) သည္ ရန္ကုန္ – ပုသိမ္ – ေညာင္ဦး – မႏၲေလးခရီးစဥ္အား ေအာက္တိုဘာ(၂၇)ရက္ေန႔မွစ၍ အခ်ိန္ေျပာင္းလဲ၍ ပ်ံသန္းေျပးဆြဲမည္ ဟု ထုတ္ျပန္ထားသည္။
ေျပးဆြဲေပးမည့္ အစီအစဥ္အရ ရန္ကုန္ – ပုသိမ္ – ေညာင္ဦး – မႏၲေလး ခရီးစဥ္ကို တနဂၤေႏြေန႔တြင္ ေျပးဆြဲမည္ျဖစ္ကာ မႏၲေလး – ေညာင္ဦး – ပုသိမ္ – ရန္ကုန္ ခရီးစဥ္မ်ားကို တနလၤာေန႔တြင္ ေျပးဆြဲေပးမည္ဟု သိရသည္။
ခရီးသြားျပည္သူမ်ား ပိုမိုအဆင္ေျပေစရန္ ေန႔လည္ပိုင္းတြင္ ေျပးဆြဲေပးသြားမည္ဟု ဆိုသည္။
ရန္ကုန္ – ပုသိမ္ – ေညာင္ဦး – မႏၲေလး ခရီးစဥ္ကို တနဂၤေႏြေန႔တြင္ ရန္ကုန္ မွ နံနက္ (၁၁)နာရီခြဲတြင္ ထြက္ခြာၿပီး ပုသိမ္သို႔ ေန႔လည္ (၁၂)နာရီ (၁၀)မိနစ္တြင္ လည္းေကာင္း၊ ပုသိမ္မွ ေန႔လည္ (၁၂)နာရီ (၂၅)မိနစ္တြင္ ထြက္ခြာၿပီး ေညာင္ဦးသို႔ ေန႔လည္(၂)နာရီ (၁၀)မိနစ္တြင္ လည္းေကာင္း၊ ေညာင္ဦးမွ ေန႔လည္ (၂)နာရီ (၂၅)မိနစ္တြင္ ထြက္ခြာၿပီး မႏၲေလးသို႔ ညေန(၃)နာရီတြင္လည္းေကာင္းေရာက္ရွိမည္ ျဖစ္သည္။
ထိုနည္းတူ မႏၲေလး – ေညာင္ဦး – ပုသိမ္ – ရန္ကုန္ ခရီးစဥ္မ်ားကို တနလၤာေန႔တြင္ မႏၲေလး မွ ေန႔လည္ (၂)နာရီ (၂၀)မိနစ္တြင္ ထြက္ခြာၿပီး ေညာင္ဦးသို႔ ေန႔လည္ (၂)နာရီ (၅၅)မိနစ္တြင္လည္းေကာင္း၊ ေညာင္ဦးမွ ညေန (၃)နာရီ (၁၀) မိနစ္တြင္ ထြက္ခြာၿပီး ပုသိမ္သို႔ ညေန (၄)နာရီ (၅၅)မိနစ္တြင္လည္းေကာင္း၊ ပုသိမ္မွ ညေန(၅)နာရီ မိနစ္ (၁၀)တြင္ ထြက္ခြာၿပီး ရန္ကုန္သို႔ ညေန (၅)နာရီ (၅၀)မိနစ္တြင္ ေရာက္ရွိမည္ျဖစ္သည္ဟု သိရသည္။
ယင္းခရီးစဥ္ သတ္မွတ္ထားေသာေဈးႏွုန္းမွာ ရန္ကုန္ မွ ပုသိမ္သို႔ ေငြက်ပ္ ၁၆၀၀၀၀၊ ပုသိမ္မွ ေညာင္ဦးသို႔ ေငြက်ပ္ ၁၉၀၀၀၀၊ မႏၲေလးမွ ေညာင္ဦးသို႔ ေငြက်ပ္ ၁၁၀၀၀၀၊ ရန္ကုန္ မွ ေညာင္ဦးသို႔ ေငြက်ပ္ ၂၉၀၀၀၀၊ မႏၲေလးမွ ပုသိမ္သို႔ ေငြက်ပ္ ၃၆၀၀၀၀၊ သတ္မွတ္ထားေၾကာင္း သိရသည္။


ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး လေကြောင်းခရီးစဉ်အား အချိန်ပြောင်းလဲ၍ ပျံသန်းပြေးဆွဲမည် ဟု MNA ထုတ်ပြန်
================
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်အား အောက်တိုဘာ(၂၇)ရက်နေ့မှစ၍ အချိန်ပြောင်းလဲ၍ ပျံသန်းပြေးဆွဲမည် ဟု ထုတ်ပြန်ထားသည်။
ပြေးဆွဲပေးမည့် အစီအစဉ်အရ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ပြေးဆွဲမည်ဖြစ်ကာ မန္တလေး – ညောင်ဦး – ပုသိမ် – ရန်ကုန် ခရီးစဉ်များကို တနင်္လာနေ့တွင် ပြေးဆွဲပေးမည်ဟု သိရသည်။
ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် နေ့လည်ပိုင်းတွင် ပြေးဆွဲပေးသွားမည်ဟု ဆိုသည်။
ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန် မှ နံနက် (၁၁)နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နေ့လည် (၁၂)နာရီ (၁၀)မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ နေ့လည် (၁၂)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည်(၂)နာရီ (၁၀)မိနစ်တွင် လည်းကောင်း၊ ညောင်ဦးမှ နေ့လည် (၂)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ(၃)နာရီတွင်လည်းကောင်းရောက်ရှိမည် ဖြစ်သည်။
ထိုနည်းတူ မန္တလေး – ညောင်ဦး – ပုသိမ် – ရန်ကုန် ခရီးစဉ်များကို တနင်္လာနေ့တွင် မန္တလေး မှ နေ့လည် (၂)နာရီ (၂၀)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည် (၂)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ (၃)နာရီ (၁၀) မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၄)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ(၅)နာရီ မိနစ် (၁၀)တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၅)နာရီ (၅၀)မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်ဟု သိရသည်။
ယင်းခရီးစဉ် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန် မှ ပုသိမ်သို့ ငွေကျပ် ၁၆၀၀၀၀၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉၀၀၀၀၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁၀၀၀၀၊ ရန်ကုန် မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀၀၀၀၊ သတ်မှတ်ထားကြောင်း သိရသည်။