ကင္ဆာကုသေရးဌာနဖြင့္လွစ္ၿပီးလၽွင္ လူနာ ၂၀၀ ထိ တိုးခ်ဲ႕ကုသနိုင္မည္

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာနမွာ ဓာတ္ေရာင္ျခည္ ကင္ဆာေရာဂါကုသစက္ႏွစ္လုံး တပ္ဆင္ၿပီးရင္ အခုႏွစ္ ဒီဇင္ဘာလကစၿပီး တစ္ရက္ကို လူနာ ၂၀၀ ေလာက္ အထိ ကုသေပးနိုင္မွာ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သိရပါတယ္။
အမ်ိဳးသား ကင္ဆာေရာဂါကုသေရး ဌာနမွာ အခုအခါ ဓာတ္ေရာင္ျခည္ကုသစက္ေတြနဲ႔အတူ တြဲဖက္ အသုံးျပဳရမယ့္ ဓာတ္ေရာင္ျခည္နဲ႔ ကုသမွု အေထာက္အကူျပဳစက္(CT Simulator)တပ္ဆင္တဲ့ လုပ္ငန္းေဆာင္ရြက္ေနၿပီး မၾကာမီၿပီးစီးမွာ ျဖစ္တဲ့အတြက္ ေအာက္တိုဘာလ တတိယပတ္ကစၿပီး လက္ေတြ႕ သင္ၾကားကုသမွု စတင္နိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္၊၊
အဲဒီေနာက္ လူနာသစ္ေတြကို ကုသမွုေပးနိုင္ဖို႔ စီစဥ္ေနၿပီး အခုတပ္ဆင္ၿပီးျဖစ္တဲ့ ဓာတ္ေရာင္ျခည္နဲ႔ ကင္ဆာ ေရာဂါကုသစက္အသစ္ Linear Accelerator နဲ႔ တစ္ရက္ကို ကင္ဆာလူနာ ၅၀ ကေန ၁၀၀ အထိ ကုသမွု ေပးနိုင္မွာျဖစ္သလို ထပ္မံၿပီး ဓာတ္ေရာင္ျခည္နဲ႔ ကင္ဆာေရာဂါကုသစက္သစ္ႏွစ္လုံး တပ္ဆင္ၿပီးရင္ အခုႏွစ္ ဒီဇင္ဘာလကစတင္ၿပီး တစ္ရက္ကို စုစုေပါင္းလူနာ ၂၀၀ အထိ ဓာတ္ေရာင္ျခည္နဲ႔ ကုသေပးနိုင္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္၊၊
ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္မွာ တည္ေဆာက္ေနတဲ့ အထူးကုေဆး႐ုံ သစ္ႀကီး(ရန္ကုန္) တည္ေဆာက္ေရး စီမံကိန္းၿပီးစီးရင္လည္း နိုင္ငံတကာအဆင့္မီ ေဆး႐ုံဒီဇိုင္းနဲ႔ ေဆး႐ုံသုံး ပစၥည္းေတြပါဝင္တဲ့ ႏွလုံး၊ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ အထူးကုေဆး႐ုံႀကီးအျဖစ္ ရပ္တည္ကာ ျပည္သူေတြကို အရည္အေသြးျပည့္ က်န္းမာေရး ေစာက္ေရွာက္ေရးလုပ္ငန္းေတြ ပိုမိုေဆာင္ရြက္နိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္၊၊


ကင်ဆာကုသရေးဌာနဖွင့်လှစ်ပြီးလျှင် လူနာ ၂၀၀ ထိ တိုးချဲ့ကုသနိုင်မည်
————————-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနမှာ ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုသစက်နှစ်လုံး တပ်ဆင်ပြီးရင် အခုနှစ် ဒီဇင်ဘာလကစပြီး တစ်ရက်ကို လူနာ ၂၀၀ လောက် အထိ ကုသပေးနိုင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
အမျိုးသား ကင်ဆာရောဂါကုသရေး ဌာနမှာ အခုအခါ ဓာတ်ရောင်ခြည်ကုသစက်တွေနဲ့အတူ တွဲဖက် အသုံးပြုရမယ့် ဓာတ်ရောင်ခြည်နဲ့ ကုသမှု အထောက်အကူပြုစက်(CT Simulator)တပ်ဆင်တဲ့ လုပ်ငန်းဆောင်ရွက်နေပြီး မကြာမီပြီးစီးမှာ ဖြစ်တဲ့အတွက် အောက်တိုဘာလ တတိယပတ်ကစပြီး လက်တွေ့ သင်ကြားကုသမှု စတင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲဒီနောက် လူနာသစ်တွေကို ကုသမှုပေးနိုင်ဖို့ စီစဉ်နေပြီး အခုတပ်ဆင်ပြီးဖြစ်တဲ့ ဓာတ်ရောင်ခြည်နဲ့ ကင်ဆာ ရောဂါကုသစက်အသစ် Linear Accelerator နဲ့ တစ်ရက်ကို ကင်ဆာလူနာ ၅၀ ကနေ ၁၀၀ အထိ ကုသမှု ပေးနိုင်မှာဖြစ်သလို ထပ်မံပြီး ဓာတ်ရောင်ခြည်နဲ့ ကင်ဆာရောဂါကုသစက်သစ်နှစ်လုံး တပ်ဆင်ပြီးရင် အခုနှစ် ဒီဇင်ဘာလကစတင်ပြီး တစ်ရက်ကို စုစုပေါင်းလူနာ ၂၀၀ အထိ ဓာတ်ရောင်ခြည်နဲ့ ကုသပေးနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ တည်ဆောက်နေတဲ့ အထူးကုဆေးရုံ သစ်ကြီး(ရန်ကုန်) တည်ဆောက်ရေး စီမံကိန်းပြီးစီးရင်လည်း နိုင်ငံတကာအဆင့်မီ ဆေးရုံဒီဇိုင်းနဲ့ ဆေးရုံသုံး ပစ္စည်းတွေပါဝင်တဲ့ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော အထူးကုဆေးရုံကြီးအဖြစ် ရပ်တည်ကာ ပြည်သူတွေကို အရည်အသွေးပြည့် ကျန်းမာရေး စောက်ရှောက်ရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊