ဆိုးလ္ႏွင့္ဆက္ထားသည့္ ရထားလမ္းကားလမ္းမ်ားကို ျဖတ္ေတာက္ေတာ့မည္–ျပဳံယမ္း

ဆိုးလ္၊ေအာက္တိုဘာ ၉
ကိုရီးယားကၽြန္းဆြယ္ရွိအႏၲရာယ္မ်ားေသာအေျခအေနမ်ားေၾကာင့္ ယေန႔ ေအာက္တိုဘာ ၉ ရက္မွစ၍ ေတာင္ကိုရီးယားႏွင့္ဆက္သြယ္ထားသည့္ ကားလမ္းမ်ားႏွင့္ရထားလမ္းမ်ားကို ျဖတ္ေတာက္ပစ္ေတာ့မည္ဟု ေျမာက္ကိုရီးယားျပည္သူ႔တပ္မေတာ္၏ စစ္ဦးစီးအရာရွိကေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယားေတာင္ဘက္နယ္စပ္ရွိ ေတာင္ကိုရီးယား၏ စစ္ေရးေလ့က်င့္မွုမ်ား၊အေမရိက၏ ေျခလွမ္းျဖန႔္က်က္လာမွု ႏွင့္ ျပဳံယမ္းအာဏာက်ဆုံးေရးကိစၥမ်ားေၾကာင့္ ကိုရီးယားကၽြန္းဆြယ္အေျခအေနကို လ်စ္လ်ဴရွုမထားနိုင္ေတာ့ေၾကာင္း စစ္ဦးစီး အရာရွိကဆက္လက္ေျပာၾကားခဲ့သည္။
ကၽြန္းဆြယ္ရွိ ႐ုတ္တရက္ျဖစ္ေပၚလာသည့္ အေျခအေနမ်ားအရ ျပဳံယမ္း၏ နိုင္ငံေတာ္လုံျခဳံေရးအားကာကြယ္ရန္ ထိေရာက္သည့္အျပင္အဆင္မ်ားျဖင့္ တပ္ဖြဲ႕မ်ားလိုအပ္သည္ဟုလည္း၎က ေျပာသည္။
“ဒီအခ်က္ေတြေၾကာင့္ ေတာင္ကိုရီးယားသမၼတနိုင္ငံနဲ႔ဆက္သြယ္ထားတဲ့ လမ္းေတြနဲ႔မီးရထားလမ္းေတြကို လုံးဝျဖတ္ေတာက္ၿပီး သက္ဆိုင္ရာနယ္ေျမေတြကို ခိုင္ခံ့တဲ့ကာကြယ္ေရးပုံစံေတြနဲ႔ ခိုင္မာေအာင္လုပ္မွာျဖစ္လို႔ အခုစီမံကိန္းကို ေအာက္တိုဘာ ၉ ရက္မွာ စတင္ေဆာင္ရြက္တာပါ” ဟုလည္း သတင္း တစ္ပုဒ္တြင္ ေဖာ္ျပထားသည္။
KPA စစ္ဦးစီး အရာရွိကမူ ယခုလွုပ္ရွားမွုသည္ စစ္ပြဲကို ဟန႔္တားရန္ႏွင့္ ေျမာက္ကိုရီးယား၏လုံျခဳံေရးကိုကာကြယ္ရန္အတြက္လုပ္ ေဆာင္ျခင္းသာျဖစ္သည္ ဟုလည္းေျပာၾကားခဲ့သည္။
Source :Reuters
ဆိုးလ်နှင့်ဆက်ထားသည့် ရထားလမ်းကားလမ်းများကို ဖြတ်တောက်တော့မည်–ပြုံယမ်း
ဆိုးလ်၊အောက်တိုဘာ ၉
ကိုရီးယားကျွန်းဆွယ်ရှိအန္တရာယ်များသောအခြေအနေများကြောင့် ယနေ့ အောက်တိုဘာ ၉ ရက်မှစ၍ တောင်ကိုရီးယားနှင့်ဆက်သွယ်ထားသည့် ကားလမ်းများနှင့်ရထားလမ်းများကို ဖြတ်တောက်ပစ်တော့မည်ဟု မြောက်ကိုရီးယားပြည်သူ့တပ်မတော်၏ စစ်ဦးစီးအရာရှိကပြောကြားခဲ့သည်။
မြောက်ကိုရီးယားတောင်ဘက်နယ်စပ်ရှိ တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများ၊အမေရိက၏ ခြေလှမ်းဖြန့်ကျက်လာမှု နှင့် ပြုံယမ်းအာဏာကျဆုံးရေးကိစ္စများကြောင့် ကိုရီးယားကျွန်းဆွယ်အခြေအနေကို လျစ်လျူရှုမထားနိုင်တော့ကြောင်း စစ်ဦးစီး အရာရှိကဆက်လက်ပြောကြားခဲ့သည်။
ကျွန်းဆွယ်ရှိ ရုတ်တရက်ဖြစ်ပေါ်လာသည့် အခြေအနေများအရ ပြုံယမ်း၏ နိုင်ငံတော်လုံခြုံရေးအားကာကွယ်ရန် ထိရောက်သည့်အပြင်အဆင်များဖြင့် တပ်ဖွဲ့များလိုအပ်သည်ဟုလည်း၎င်းက ပြောသည်။
“ဒီအချက်တွေကြောင့် တောင်ကိုရီးယားသမ္မတနိုင်ငံနဲ့ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့မီးရထားလမ်းတွေကို လုံးဝဖြတ်တောက်ပြီး သက်ဆိုင်ရာနယ်မြေတွေကို ခိုင်ခံ့တဲ့ကာကွယ်ရေးပုံစံတွေနဲ့ ခိုင်မာအောင်လုပ်မှာဖြစ်လို့ အခုစီမံကိန်းကို အောက်တိုဘာ ၉ ရက်မှာ စတင်ဆောင်ရွက်တာပါ” ဟုလည်း သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
KPA စစ်ဦးစီး အရာရှိကမူ ယခုလှုပ်ရှားမှုသည် စစ်ပွဲကို ဟန့်တားရန်နှင့် မြောက်ကိုရီးယား၏လုံခြုံရေးကိုကာကွယ်ရန်အတွက်လုပ် ဆောင်ခြင်းသာဖြစ်သည် ဟုလည်းပြောကြားခဲ့သည်။
Source :Reuters



