Google က သင့္ ဖုန္း ခိုးယူခံရရင္ ေဒတာေတြကို ကာကြယ္နိုင္မယ့္ Feature ေတြကို ထည့္သြင္းေပး

Google က သင့္ Android ဖုန္း ခိုးယူခံရရင္ သင့္ေဒတာေတြကို ကာကြယ္ေပးနိုင္တဲ့ Feature ေတြကို ထည့္သြင္းေပးေနပါတယ္။ အဲဒါေတြက Offline Device Lock , Theft Detection Lock နဲ႔ Remote Lock တို႔ ျဖစ္ၾကပါတယ္။ Remote Lock ကို ထည့္သြင္းေပးထားတာ ၾကာၿပီ ျဖစ္ၿပီး က်န္တဲ့ Feature ၂ ခုက အသစ္ ျဖစ္ပါတယ္။
Offline Device Lock က သင့္ဖုန္းကို ခိုးယူထားသူဟာ ဖုန္းကို ေျခရာခံလို႔ မရေအာင္ အခ်ိန္အၾကာႀကီး အင္တာနက္ ပိတ္ထားရင္ Lock လုပ္ေပးနိုင္ပါတယ္။
Theft Detection Lock က ဖုန္း ဆန္ဆာေတြကို အသုံးျပဳကာ ဖုန္း ခိုးယူခံရတာကို သိနိုင္ေစၿပီး ဖုန္းကို Lock လုပ္ေပးပါတယ္။ ဒီ Feature မွာ AI နည္းပညာကို အသုံးျပဳထားပါတယ္။ ဥပမာ အေနနဲ႔ တစ္စုံတစ္ေယာက္က သင့္ဖုန္းကို လုယူၿပီး ထြက္ေျပးသြားတာ ၊ စက္ဘီး၊ ကားနဲ႔ ထြက္ေျပးသြားတာကို သိၿပီး Lock လုပ္ေပးနိုင္ပါတယ္။
Remote Lock က သင့္ဖုန္းကို အေဝးကေန Lock လုပ္နိုင္ၿပီး Find My Device ပိတ္ထားရင္၊ သင့္ Google အေကာင့္ကို Login ဝင္လို႔ မရရင္လည္း အသုံးျပဳနိုင္ပါတယ္။
သင့္ဖုန္းမွာ ဒီ Feature ေတြကို မၾကာခင္ ရရွိေတာ့မယ္လို႔ ေမၽွာ္လင့္ရပါတယ္။
Ref : theverge
#DigitalTimes


Google က သင့် ဖုန်း ခိုးယူခံရရင် ဒေတာတွေကို ကာကွယ်နိုင်မယ့် Feature တွေကို ထည့်သွင်းပေး
========================================================
Google က သင့် Android ဖုန်း ခိုးယူခံရရင် သင့်ဒေတာတွေကို ကာကွယ်ပေးနိုင်တဲ့ Feature တွေကို ထည့်သွင်းပေးနေပါတယ်။ အဲဒါတွေက Offline Device Lock , Theft Detection Lock နဲ့ Remote Lock တို့ ဖြစ်ကြပါတယ်။ Remote Lock ကို ထည့်သွင်းပေးထားတာ ကြာပြီ ဖြစ်ပြီး ကျန်တဲ့ Feature ၂ ခုက အသစ် ဖြစ်ပါတယ်။
Offline Device Lock က သင့်ဖုန်းကို ခိုးယူထားသူဟာ ဖုန်းကို ခြေရာခံလို့ မရအောင် အချိန်အကြာကြီး အင်တာနက် ပိတ်ထားရင် Lock လုပ်ပေးနိုင်ပါတယ်။
Theft Detection Lock က ဖုန်း ဆန်ဆာတွေကို အသုံးပြုကာ ဖုန်း ခိုးယူခံရတာကို သိနိုင်စေပြီး ဖုန်းကို Lock လုပ်ပေးပါတယ်။ ဒီ Feature မှာ AI နည်းပညာကို အသုံးပြုထားပါတယ်။ ဥပမာ အနေနဲ့ တစ်စုံတစ်ယောက်က သင့်ဖုန်းကို လုယူပြီး ထွက်ပြေးသွားတာ ၊ စက်ဘီး၊ ကားနဲ့ ထွက်ပြေးသွားတာကို သိပြီး Lock လုပ်ပေးနိုင်ပါတယ်။
Remote Lock က သင့်ဖုန်းကို အဝေးကနေ Lock လုပ်နိုင်ပြီး Find My Device ပိတ်ထားရင်၊ သင့် Google အကောင့်ကို Login ဝင်လို့ မရရင်လည်း အသုံးပြုနိုင်ပါတယ်။
သင့်ဖုန်းမှာ ဒီ Feature တွေကို မကြာခင် ရရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။
Ref : theverge
#DigitalTimes