
ဇေယျာသီရီ စက်တင်ဘာ ၂၅


နေပြည်တော် ပြည်ထောင်စုနယ်မြေဇေယျာသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
============================
ဇေယျာသီရီ စက်တင်ဘာ ၂၅
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ၊ချောင်းကမ်းသာကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာတွင် အိမ်ခြေ ၂၅၀ ကျော်ခန့်ရှိပြီး လူးဦးရေ ၁၃၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။
စည်ပင်ကြီးအုပ်စုတွင် စည်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ရွာသစ်ကြီးကျေးရွာ၊ညောင်ပင်ကြီးကျေးရွာ စုစုပေါင်း ၄ ရွာရှိပြီး တစ်အုပ်စုလုံး ရေဘေးသင့်ခံခဲ့ရကြောင်းသိရသည်။
ဆက်လက်၍ ရေဘေးကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ကြောင်းသိရပြီး ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လိုက်ပါဝန်းရံခဲ့ကြောင်း သတင်းရရှိပါသည်။