ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေၿမ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ျပည္ခိုင္ၿဖိဳးပါတီမွ ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရးကူညီေစာင့္ေရွာက္မူ႔ျပဳလုပ္

ပ်ဥ္မနား စက္တင္ဘာ ၂၀
ေနျပည္ေတာ္၊ ျပည္ေထာင္စုနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္ ၊သၾကားစက္အုပ္စုတြင္ ေရဘးသင့္ျပည္သူမ်ားအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ က်န္းမာေရးကူညီေစာင့္ေရွာက္မူ႔ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ပ်ဥ္းမနားၿမိဳ႕နယ္၊သၾကားစက္အုပ္စုတြင္ အိမ္ေၿခ ၄၅၀ ခန္႔ရွိ၍ သၾကားစက္ဝန္ထမ္းမ်ား ႏွင့္မိသားစုမ်ား ေနထိုင္ၾက​ေၾကာင္းသိရွိရၿပီး တစ္အုပ္စုလုံးေရေဘးသင့္ခံခဲ့ရျခင္း ျဖစ္သည္။
ေရေဘးေၾကာင့္ ၀မ္းပ်က္၀မ္းေလၽွာေရာဂါ၊ ကိုယ္အေရအပ်ားယားယံျခင္းေရာဂါ၊ ဖ်ားနာျခင္းမ်ား၊ကေလးသူငယ္မ်ား အျဖစ္မ်ားသည့္ ေသြးလြန္တုပ္ေကြးေရာဂါ စသည္တို႔ ခံစားေန​ရသူမ်ားကို ျပည္ခိုင္ၿဖိဳးပါတီမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ားမွ ကုသေပးခဲ့ေၾကာင္းသိရၿပီး ျပည္ခိုင္ၿဖိဳးပါတီဗဟိုေကာ္မတီဝင္ ဦးခင္ေမာင္ေဌး၊ ျပည္ေတာင္စုနယ္ေျမေကာ္မတီဝင္ ဦးေအာင္ျမင့္ႀကိဳင္တို႔ႏွင့္အတူ ပ်ဥ္းမနားၿမိဳ႕နယ္ပါတီဥကၠဌ ဦးေဇာ္ထူးေအာင္တို႔လိုက္ပါဝန္းရံခဲ့ေၾကာင္း သတင္းရရွိပါသည္။


နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
============================
ပျဥ်မနား စက်တင်ဘာ ၂၀
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားမြို့နယ် ၊သကြားစက်အုပ်စုတွင် ရေဘးသင့်ပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပျဥ်းမနားမြို့နယ်၊သကြားစက်အုပ်စုတွင် အိမ်ခြေ ၄၅၀ ခန့်ရှိ၍ သကြားစက်ဝန်ထမ်းများ နှင့်မိသားစုများ နေထိုင်ကြ​ကြောင်းသိရှိရပြီး တစ်အုပ်စုလုံးရေဘေးသင့်ခံခဲ့ရခြင်း ဖြစ်သည်။
ရေဘေးကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ၊ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ကြောင်းသိရပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်တောင်စုနယ်မြေကော်မတီဝင် ဦးအောင်မြင့်ကြိုင်တို့နှင့်အတူ ပျဥ်းမနားမြို့နယ်ပါတီဥက္ကဌ ဦးဇော်ထူးအောင်တို့လိုက်ပါဝန်းရံခဲ့ကြောင်း သတင်းရရှိပါသည်။