


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်းအား အလှူငွေများလှူဒါန်း
==============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၂၈ ရက်နေ့ နေ့လည် ၁၄၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း၊ သုံးရာသီဖောင်ဒေးရှင်း၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များမှ ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ပရဟိတလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန်အတွက် ​ဗဟိုအတွင်းရေးမှူးမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။