ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ တြဲဘက္အေထြေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္ ရန္ကုန္တိုင္းေဒသႀကီးရွိ ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ

ရန္ကုန္ ဩဂုတ္ ၂၈

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ တြဲဘက္အေထြေထြအတြင္းေရးမႈးဦးတင္ေအာင္ခ်စ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ဦးခင္ေမာင္စိုးတို႔သည္ ၾသဂုတ္လ ၂၈ ရက္ေန႔ နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမ၌ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ ခရိုင္ / ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့သည္ ။
အစီစဥ္မ်ားအရေရွးဦးစြာ တက္ေရာက္လာၾကသူမ်ားမွနိုင္ငံေတာ္အလံအားအေလးျပဳျခင္း ၊ နိုင္ငံေတာ္သီခ်င္းအား သံၿပိဳင္သီဆိုခဲ့ၾကၿပီး ပါတီဗဟို၏ တြဲဘက္အေထြေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္မွ ႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီးေနာက္ လာေရာက္ေတြ႕ဆုံရျခင္း၏ရည္ရြယ္ခ်က္ ၊ ပါတီဗဟိုမွေဆာင္ရြက္စီမံေနေသာ ပါတီ၏လုပ္ငန္းကိစၥရပ္မ်ား ၊ ပါတီ၏ေရးရာက႑မ်ားအလိုက္ လုပ္ငန္းအေကာင္ အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ားအား အက်ယ္တဝင့္ ခ်ျပရွင္းလင္းခဲ့ပါသည္။
ဆက္လက္ၿပီးရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ဦးခင္ေမာင္စိုးမွ ပါတီ၏လုပ္ငန္း စီမံခ်က္မ်ား ၊ ေရးရာက႑အလိုက္စည္း႐ုံးေနမႈ ၊ ပါတီလုပ္ငန္းအဆင့္ဆင့္အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနမႈမ်ားႏွင့္စပ္လ်ဥ္း သတ္မွတ္ကာလအတြင္းလုပ္ငန္းမ်ား ရာႏႈန္းျပည့္ၿပီးစီးေစေရးတို႔ကို ရွင္းလင္း တိုက္တြန္းေဆြးေႏြးခဲ့ပါသည္ ။
၎ေနာက္တက္ေရာက္လာၾကေသာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ခရိုင္/ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားမွ မိမိတို႔တာဝန္ယူထားရေသာ နယ္ေျမ/ ေဒသမ်ားအလိုက္ ပါတီ၏ ပကတိေျမျပင္အေျခအေနမ်ား ၊ ပါတီ၏လုပ္ငန္းညြန္ၾကားခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ားအား အသီးသီးတင္ျပခဲ့ၾကၿပီး တင္ျပခ်က္မ်ားအေပၚ ပါတီ၏တာဝန္ရွိသူမ်ားက ျပန္လည္ေဆြးေႏြးျခင္း ၊ အႀကံျပဳျခင္း ၊ သုံးသပ္ေဆြးေႏြးျခင္းတို႔ကို ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္ခဲ့ၾကၿပီး တက္ေရာက္လာၾကေသာပါတီဝင္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှုး ဦးတင်အောင်ချစ် ရန်ကုန်တိုင်းဒေသကြီးရှိ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ
==============================
ရန်ကုန် ဩဂုတ် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှုးဦးတင်အောင်ချစ်နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးတို့သည် သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ ခရိုင် / မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည် ။
အစီစဥ်များအရရှေးဦးစွာ တက်ရောက်လာကြသူများမှနိုင်ငံတော်အလံအားအလေးပြုခြင်း ၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြပြီး ပါတီဗဟို၏ တွဲဘက်အထွေထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် လာရောက်တွေ့ဆုံရခြင်း၏ရည်ရွယ်ချက် ၊ ပါတီဗဟိုမှဆောင်ရွက်စီမံနေသော ပါတီ၏လုပ်ငန်းကိစ္စရပ်များ ၊ ပါတီ၏ရေးရာကဏ္ဍများအလိုက် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများအား အကျယ်တဝင့် ချပြရှင်းလင်းခဲ့ပါသည်။
ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးမှ ပါတီ၏လုပ်ငန်း စီမံချက်များ ၊ ရေးရာကဏ္ဍအလိုက်စည်းရုံးနေမှု ၊ ပါတီလုပ်ငန်းအဆင့်ဆင့်အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးစေရေးတို့ကို ရှင်းလင်း တိုက်တွန်းဆွေးနွေးခဲ့ပါသည် ။
၎င်းနောက်တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများမှ မိမိတို့တာဝန်ယူထားရသော နယ်မြေ/ ဒေသများအလိုက် ပါတီ၏ ပကတိမြေပြင်အခြေအနေများ ၊ ပါတီ၏လုပ်ငန်းညွန်ကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား အသီးသီးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပါတီ၏တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခြင်း ၊ အကြံပြုခြင်း ၊ သုံးသပ်ဆွေးနွေးခြင်းတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသောပါတီဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။