MFF Futsal Championship 2024 ၿပိဳင္ပြဲကို ဩဂုတ္လတြင္ အသင္းေပါင္း(၃၆)သင္းျဖင့္ က်င္းျပဳလုပ္မည္

MFF Futsal Championship 2024 ၿပိဳင္ပြဲကို လာမည့္ ဩဂုတ္လ ေနာက္ဆုံးအပတ္တြင္ MFF Futsal Stadium ၌ အသင္းေပါင္း(၃၆) သင္းျဖင့္ စတင္က်င္းပသြားမည္ျဖစ္ေၾကာင္း ဖူဆယ္ေကာ္မတီထံက သိရသည္။
MFF Futsal Championship 2024 ၿပိဳင္ပြဲကို MFF Futsal League 1 မွ အသင္း (၁၀) သင္း၊ MFF Futsal League 2 မွ အသင္း (၁၂ )သင္း၊ မႏၲလာဖူဆယ္လိဂ္မွ အသင္း (၆) အသင္း၊ လက္ရွိက်င္းပလ်က္ရွိသည့္ Max Energy Amateur Cup 2024 ၿပိဳင္ပြဲမွ ကြာတားဖိုင္နယ္ေရာက္ အသင္း(၈)သင္း၊ စုစုေပါင္း (၃၆) သင္းဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိမည္ ျဖစ္သည္။
MFF Futsal Championship 2024 ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု ရရွိေသာ အသင္းသည္ အာဆီယံ ဖူဆယ္ကလပ္ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲကို ဝင္ေရာက္ခြင့္ ရရွိမည္ ျဖစ္သည္။
MFF Futsal Championship 2024 ၿပိဳင္ပြဲက်င္းပမည့္ ရက္အတိအက်ကို ထပ္မံ ထုတ္ျပန္ေပးမည္ ျဖစ္ေၾကာင္း ယင္းေကာ္မတီက အသိေပးထားသည္။

______________________

MFF Futsal Championship 2024 ပြိုင်ပွဲကို ဩဂုတ်လတွင် အသင်းပေါင်း(၃၆)သင်းဖြင့် ကျင်းပြုလုပ်မည်
================
MFF Futsal Championship 2024 ပြိုင်ပွဲကို လာမည့် ဩဂုတ်လ နောက်ဆုံးအပတ်တွင် MFF Futsal Stadium ၌ အသင်းပေါင်း(၃၆) သင်းဖြင့် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဖူဆယ်ကော်မတီထံက သိရသည်။
MFF Futsal Championship 2024 ပြိုင်ပွဲကို MFF Futsal League 1 မှ အသင်း (၁၀) သင်း၊ MFF Futsal League 2 မှ အသင်း (၁၂ )သင်း၊ မန္တလာဖူဆယ်လိဂ်မှ အသင်း (၆) အသင်း၊ လက်ရှိကျင်းပလျက်ရှိသည့် Max Energy Amateur Cup 2024 ပြိုင်ပွဲမှ ကွာတားဖိုင်နယ်ရောက် အသင်း(၈)သင်း၊ စုစုပေါင်း (၃၆) သင်းဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
MFF Futsal Championship 2024 ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိသော အသင်းသည် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
MFF Futsal Championship 2024 ပြိုင်ပွဲကျင်းပမည့် ရက်အတိအကျကို ထပ်မံ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။