႐ုရွား မဟာဗ်ဴဟာေျမာက္ဒုံးပ်ံတပ္ဖြဲ႕က စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္လ်က္ရွိ
(နိုင္ငံတကာ) ဇြန္ ၂၇
႐ုရွားမဟာဗ်ဴဟာေျမာက္ ဒုံးပ်ံတပ္ဖြဲ႕သည္ Yars အမ်ိဳးအစား ေျမျပင္အေျချပဳ ဒုံးက်ည္စနစ္မ်ား ပါဝင္ သည့္ စစ္ေရးေလ့က်င့္မႈမ်ားကို ဆိုက္ေဘးရီးယားအေရွ႕ေတာင္ပိုင္း အာကြက္စ္ေဒသ၌ လုပ္ေဆာင္လ်က္ရွိ ေၾကာင္း ေဒသတြင္းမီဒီယာတစ္ခုက ဇြန္လ ၂၆ ရက္တြင္ ေဖာ္ျပသည္။
အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားသည္ ႐ုရွား က လုပ္ေဆာင္မည္ဟု စီစဥ္ထားသည့္ စစ္ေရးေလ့က်င့္မႈမ်ားျဖစ္ၿပီး စစ္ေရးေလ့က်င့္မႈအတြင္း ႐ုရွားမဟာဗ်ဴဟာ ေျမာက္ ဒုံးပ်ံတပ္ဖြဲ႕မွစစ္သည္မ်ားက ခရီးအကြာအေဝး ၁၀၀ ကီလိုမီတာအထိ ခ်ီတက္ျခင္း၊ တပ္ဖြဲ႕ဝင္မ်ား၏ ေနရာယူမႈမ်ားကို အေျပာင္းအလဲျပဳလုပ္ျခင္း၊ ျဖန႔္ခြဲေနရာယူျခင္း၊ စစ္သည္ႏွင့္လက္နက္ပစၥည္းမ်ားအား ရန္သူ က ရွာေဖြျခင္းမျပဳနိုင္ရန္ ပုံဖ်က္ျခင္း၊ တိုက္ပြဲဝင္ႏွင့္လုံျခဳံေရးအစီအမံမ်ားကို ေလ့က်င့္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့ ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ RIA Novosti သတင္းေအဂ်င္စီ က ေဖာ္ၿပ သည္။
စစ္ေရးေလ့က်င့္မႈမ်ားအတြင္း ဒုံးပ်ံတပ္ဖြဲ႕မ်ားႏွင့္တပ္ဖြဲ႕ခြဲမ်ားအေနျဖင့္ ၎တို႔၏ဒုံးက်ည္စနစ္မ်ားအား ရန္သူ မျမင္နိုင္ေစရန္ႏွင့္ ပုံဖ်က္စြမ္းရည္တိုးတက္ေစရန္အတြက္ သစ္ေတာထူထပ္ရာေဒသအတြင္းသို႔ ျဖန႔္ခြဲေနရာ ခ်မႈမ်ားကိုပါ ေလ့က်င့္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ မဟာဗ်ဴဟာေျမာက္ဒုံးပ်ံတပ္ဖြဲ႕အေနျဖင့္လည္း အဖ်က္ အေမွာင့္ႏွင့္ ကင္းေထာက္ေရးအဖြဲ႕မ်ား၏ ၿခိမ္းေျခာက္မႈအႏၲရာယ္ ကိုင္တြယ္ေျဖရွင္းေရးႏွင့္စပ္လ်ဥ္း၍ ေလ့က်င့္ လ်က္ရွိေၾကာင္း ဝန္ႀကီးဌာန က ထုတ္ျပန္ထားသည္ဟု ဆင္ဟြာသတင္းဌာနတြင္ ေဖာ္ျပထားသည္။
================
ရုရှား မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ့က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိ
*********************
(နိုင်ငံတကာ) ဇွန် ၂၇
ရုရှားမဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့သည် Yars အမျိုးအစား မြေပြင်အခြေပြု ဒုံးကျည်စနစ်များ ပါဝင် သည့် စစ်ရေးလေ့ကျင့်မှုများကို ဆိုက်ဘေးရီးယားအရှေ့တောင်ပိုင်း အာကွက်စ်ဒေသ၌ လုပ်ဆောင်လျက်ရှိ ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဇွန်လ ၂၆ ရက်တွင် ဖော်ပြသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ရုရှား က လုပ်ဆောင်မည်ဟု စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုများဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားမဟာဗျူဟာ မြောက် ဒုံးပျံတပ်ဖွဲ့မှစစ်သည်များက ခရီးအကွာအဝေး ၁၀၀ ကီလိုမီတာအထိ ချီတက်ခြင်း၊ တပ်ဖွဲ့ဝင်များ၏ နေရာယူမှုများကို အပြောင်းအလဲပြုလုပ်ခြင်း၊ ဖြန့်ခွဲနေရာယူခြင်း၊ စစ်သည်နှင့်လက်နက်ပစ္စည်းများအား ရန်သူ က ရှာဖွေခြင်းမပြုနိုင်ရန် ပုံဖျက်ခြင်း၊ တိုက်ပွဲဝင်နှင့်လုံခြုံရေးအစီအမံများကို လေ့ကျင့်ခြင်းတို့ကို လုပ်ဆောင်ခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA Novosti သတင်းအေဂျင်စီ က ဖော်ပြ သည်။
စစ်ရေးလေ့ကျင့်မှုများအတွင်း ဒုံးပျံတပ်ဖွဲ့များနှင့်တပ်ဖွဲ့ခွဲများအနေဖြင့် ၎င်းတို့၏ဒုံးကျည်စနစ်များအား ရန်သူ မမြင်နိုင်စေရန်နှင့် ပုံဖျက်စွမ်းရည်တိုးတက်စေရန်အတွက် သစ်တောထူထပ်ရာဒေသအတွင်းသို့ ဖြန့်ခွဲနေရာ ချမှုများကိုပါ လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ့အနေဖြင့်လည်း အဖျက် အမှောင့်နှင့် ကင်းထောက်ရေးအဖွဲ့များ၏ ခြိမ်းခြောက်မှုအန္တရာယ် ကိုင်တွယ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ လေ့ကျင့် လျက်ရှိကြောင်း ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။