ေလာ့စ္အိန္ဂ်လိစ္တြင္ ပါလက္စတိုင္းေထာက္ခံသူမ်ား ႐ုန္းရင္းဆန္ခတ္မႈျဖစ္ပြား

(နိုင္ငံတကာ) ဇြန္ ၂၄

အေမရိကန္နိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ ပါလက္စတိုင္းေထာက္ခံသူမ်ား ႐ုန္းရင္းဆန္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဂ်ဴးလူမ်ိဳးအမ်ားစုေနထိုင္ရာ Pico Robertson ရပ္ကြက္ရွိ ဘုရားေက်ာင္းတစ္ခုေရွ႕တြင္ ျပင္းထန္စြာဆႏၵျပခဲ့သည့္အတြက္ ရဲတပ္ဖြဲ႕ႏွင့္ထိပ္တိုက္ေတြ႕ကာ ႐ုန္းရင္းဆန္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဆႏၵျပသူမ်ားအား ဂ်ဴးဘုရားေက်ာင္းႏွင့္ေဝးရာသို႔ တြန္းထုတ္ခဲ့ၿပီး လူစုခြဲရန္ အမိန႔္ေပးခဲ့ရေၾကာင္းသိရသည္။

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေတာ္ဝန္ ကာရင္န္ဘက္စ္မွ အဆိုပါျဖစ္စဥ္အား ရြံရွာဖြယ္အၾကမ္းဖက္မႈစု မွတ္ခ်က္ေပးခဲ့ၿပီး ဘုရားေက်ာင္းမ်ားႏွင့္ ဝတ္ျပဳဆုေတာင္းသည့္ ဂ်ဴးလူမ်ိဳးမ်ား၏ ေနအိမ္မ်ားအား လုံျခဳံေရး ခ်ထားရန္ေတာင္းဆိုထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

+++++++++++++++++

လော့စ်အိန်ဂျလိစ်တွင် ပါလက်စတိုင်းထောက်ခံသူများ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

(နိုင်ငံတကာ) ဇွန် ၂၄

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ပါလက်စတိုင်းထောက်ခံသူများ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျူးလူမျိုးအများစုနေထိုင်ရာ Pico Robertson ရပ်ကွက်ရှိ ဘုရားကျောင်းတစ်ခုရှေ့တွင် ပြင်းထန်စွာဆန္ဒပြခဲ့သည့်အတွက် ရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား ဂျူးဘုရားကျောင်းနှင့်ဝေးရာသို့ တွန်းထုတ်ခဲ့ပြီး လူစုခွဲရန် အမိန့်ပေးခဲ့ရကြောင်းသိရသည်။

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရင်န်ဘက်စ်မှ အဆိုပါဖြစ်စဉ်အား ရွံရှာဖွယ်အကြမ်းဖက်မှုစု မှတ်ချက်ပေးခဲ့ပြီး ဘုရားကျောင်းများနှင့် ဝတ်ပြုဆုတောင်းသည့် ဂျူးလူမျိုးများ၏ နေအိမ်များအား လုံခြုံရေး ချထားရန်တောင်းဆိုထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။