MFF Futsal Amateur Cup 2024 ၿပိဳင္ပြဲပထမဆု က်ပ္သိန္း (၅၀) ခ်ီးျမႇင့္မည္
MFF Futsal Amateur Cup 2024 ၿပိဳင္ပြဲကို ဇြန္(၂၂)ရက္မွစတင္ကာ အသင္းေပါင္း (၅၀)ျဖင့္ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ရာ ပထမဆု က်ပ္သိန္း (၅၀)၊ဒုတိယဆု က်ပ္သိန္း (၃၀) ႏွင့္ တတိယဆုအား က်ပ္(၁၅)သိန္းခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံ ဖူဆယ္ေဘာလုံးအဖြဲ႕ခ်ဳပ္ထံက သိရသည္။
လက္ရွိတြင္ ၿပိဳင္ပြဲဝင္အသင္း(၄၄)သင္း မွတ္ပုံတင္ခြင့္ျပဳထားၿပီး အသင္းအေရအတြက္ ျပည့္မီရန္ (၆) သင္းလိုအပ္ေနေသးေၾကာင္း ဆိုသည္။
ၿပိဳင္ပြဲအတြက္ မွတ္ပုံတင္လိုသည့္ အသင္းမ်ားအေနျဖင့္ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဖူဆယ္ႏွင့္ သဲေသာင္ျပင္ ဌာနတြင္ ၿပိဳင္ပြဲဝင္ေလၽွာက္လႊာမ်ားကို ယခုလ ေမ (၃၁) ရက္အထိ သြားေရာက္ထုတ္ယူနိုင္ၿပီး အသင္းမွတ္ပုံတင္သြင္းျခင္းကို ဇြန္ (၁)ရက္မွ (၁၀) ရက္အထိ ျပဳလုပ္နိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲအား ယခင္က ေမ (၁၅) ရက္တြင္ စတင္က်င္းပမည္ဟု အသိေပးထားေသာ္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္မည့္အသင္းမ်ားစာရင္းသြင္းျခင္းကိစၥရပ္မ်ားေၾကာင့္ ယခုအခါ ဇြန္ (၂၂ )ရက္သို႔ ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။
MFF Futsal Amateur Cup 2024 ၿပိဳင္ပြဲတြင္ ကြာတားဖိုင္နယ္ အဆင့္တက္ေရာက္ခြင့္ရရွိေသာ အသင္းမ်ားအေနျဖင့္ MFF Futsal Championship 2024 ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိမည္ျဖစ္ၿပီး MFF Futsal League II 2024 ၿပိဳင္ပြဲသို႔ ဝင္ေရာက္ကစားနိုင္မည့္ အခြင့္ေရးလည္းရရွိမည္ ျဖစ္သည္။
MFF Futsal Amateur Cup 2024 ၿပိဳင္ပြဲကို Main Sponsor အျဖစ္ Max Energy မွ ပံ့ပိုးကူညီေပးျခင္းျဖစ္ေၾကာင္း သိရသည္။
========
MFF Futsal Amateur Cup 2024 ပြိုင်ပွဲပထမဆု ကျပ်သိန်း (၅၀) ချီးမြှင့်မည်
MFF Futsal Amateur Cup 2024 ပြိုင်ပွဲကို ဇွန်(၂၂)ရက်မှစတင်ကာ အသင်းပေါင်း (၅၀)ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ပထမဆု ကျပ်သိန်း (၅၀)၊ဒုတိယဆု ကျပ်သိန်း (၃၀) နှင့် တတိယဆုအား ကျပ်(၁၅)သိန်းချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။
လက်ရှိတွင် ပြိုင်ပွဲဝင်အသင်း(၄၄)သင်း မှတ်ပုံတင်ခွင့်ပြုထားပြီး အသင်းအရေအတွက် ပြည့်မီရန် (၆) သင်းလိုအပ်နေသေးကြောင်း ဆိုသည်။
ပြိုင်ပွဲအတွက် မှတ်ပုံတင်လိုသည့် အသင်းများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဌာနတွင် ပြိုင်ပွဲဝင်လျှောက်လွှာများကို ယခုလ မေ (၃၁) ရက်အထိ သွားရောက်ထုတ်ယူနိုင်ပြီး အသင်းမှတ်ပုံတင်သွင်းခြင်းကို ဇွန် (၁)ရက်မှ (၁၀) ရက်အထိ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအား ယခင်က မေ (၁၅) ရက်တွင် စတင်ကျင်းပမည်ဟု အသိပေးထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများစာရင်းသွင်းခြင်းကိစ္စရပ်များကြောင့် ယခုအခါ ဇွန် (၂၂ )ရက်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
MFF Futsal Amateur Cup 2024 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်တက်ရောက်ခွင့်ရရှိသော အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးလည်းရရှိမည် ဖြစ်သည်။
MFF Futsal Amateur Cup 2024 ပြိုင်ပွဲကို Main Sponsor အဖြစ် Max Energy မှ ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။