ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို မန္စီးတီး‌ ေလးႏွစ္ဆက္တိုက္ ရရွိ

ေမ ၂၀

မန္စီးတီးအသင္းဟာ မေန႔ညက ကစားသြားတဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံးရာသီပိတ္ပြဲစဥ္ျဖစ္တဲ့ ဝက္စ္ဟမ္းအသင္းကို ၃ ဂိုး ၁ ဂိုးနဲ႔ အနိုင္ရခဲ့တဲ့အတြက္ အခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုရရွိသြားခဲ့ပါတယ္။

ဒါဟာ မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၄ ႏွစ္ဆက္တိုက္ရရွိခဲ့တာျဖစ္ၿပီး ဒါကလည္း ပရီးမီးယားလိဂ္သမိုင္းမွာ စံခ်ိန္တစ္ခုျဖစ္ခဲ့ပါတယ္။

မန္စီးတီးအသင္းတိုက္စစ္မႉး အာလင္းဟာလန္းက သြင္းဂိုး ၂၇ ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံးေရႊဖိနပ္ဆုရရွိခဲ့ၿပီး ကြင္းလယ္ ကစားသမား ဖီးလ္ဖိုဒမ္က တႏွစ္တာအေကာင္းဆုံးကစားသမားဆုရရွိခဲ့ပါတယ္။

စပိန္နည္းျပပတ္ဂြါဒီယိုလာဟာ ၂၀၁၆ ခုႏွစ္ကတည္းက မန္စီးတီးအသင္းဆီ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံ ၆ ႀကိမ္အထိရယူနိုင္ခဲ့ပါတယ္။

အခုရာသီမွာ မန္စီးတီးအသင္းကို ဖိအားေပးခဲ့တဲ့ အာဆင္နယ္အသင္းကလည္း ရာသီပိတ္အိမ္ကြင္းပြဲမွာ အဲဗာတန္အသင္းကို ေနာက္က်သြင္းဂိုးနဲ႔ အနိုင္ရခဲ့ေပမယ့္ တစ္ဖက္မွာမန္စီးတီးအသင္းက အနိုင္ရသြားခဲ့လို႔ အခုရာသီမွာလည္း ဒုတိယအျဖစ္နဲ႔ပဲေက်နပ္ခဲ့ရပါတယ္။

မန္စီးတီးအတြက္ေတာ့အခုခ်န္ပီယံဆုက ၈ ႀကိမ္ေျမာက္ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

========

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီး‌ လေးနှစ်ဆက်တိုက် ရရှိ

မေ ၂၀

မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် အခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။

ဒါဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ဒါကလည်း ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းတိုက်စစ်မှူး အာလင်းဟာလန်းက သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရရှိခဲ့ပြီး ကွင်းလယ် ကစားသမား ဖီးလ်ဖိုဒမ်က တနှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

စပိန်နည်းပြပတ်ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၆ ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

အခုရာသီမှာ မန်စီးတီးအသင်းကို ဖိအားပေးခဲ့တဲ့ အာဆင်နယ်အသင်းကလည်း ရာသီပိတ်အိမ်ကွင်းပွဲမှာ အဲဗာတန်အသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် တစ်ဖက်မှာမန်စီးတီးအသင်းက အနိုင်ရသွားခဲ့လို့ အခုရာသီမှာလည်း ဒုတိယအဖြစ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

မန်စီးတီးအတွက်တော့အခုချန်ပီယံဆုက ၈ ကြိမ်မြောက်ဖြစ်ခဲ့ကြောင်း သိရပါတယ်။