ကုလသမဂၢအေထြေထြညီလာခံက ပါလက္စတိုင္း အျပည့္အဝအဖြဲ႕ဝင္ျဖစ္ေရး ႀကိဳးပမ္းခ်က္အား ေထာက္ခံသည့္ ဆုံးျဖတ္ခ်က္ခ်မွတ္
ေမ ၁၃
ကုလသမဂၢအေထြေထြညီလာခံသည္ ပါလက္စတိုင္း၏ အျပည့္အဝအဖြဲ႕ဝင္ျဖစ္ေရး ႀကိဳးပမ္းခ်က္အား ေထာက္ခံသည့္ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ကုလသမဂၢအေထြေထြညီလာခံ၌ ေမလ ၁၀ ရက္တြင္ အဆိုပါကိစၥရပ္ႏွင့္ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္ရာ ေထာက္ခံမဲ ၁၄၃ မဲႏွင့္ ကန႔္ကြက္မဲ ကိုးမဲ ထြက္ေပၚခဲ့ေၾကာင္းသိရသည္။ ဆန႔္က်င္သည့္နိုင္ငံမ်ားတြင္ အေမရိကန္ႏွင့္ အစၥေရး တိုပါဝင္သည္။
အဆိုပါ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ၿပီးေနာက္ အစည္းအေဝးခန္းမတစ္ခုလုံး လက္ခုပ္သံမ်ားျဖင့္ ျပည့္ႏွက္ ခဲ့ၿပီး နိုင္ငံကိုယ္စားလွယ္မ်ားသည္ ကုလသမဂၢဆိုင္ရာ ပါလက္စတိုင္းသံအမတ္ႀကီး ရီယတ္မန္ေဆာ ကို ဝမ္းသာအားရ ေပြ႕ဖက္ခဲ့ၾကသည္။
ကုလသမဂၢအေထြေထြညီလာခံ၏ ဆုံးျဖတ္ခ်က္သည္ ပါလက္စတိုင္းအား အျပည့္အဝပါဝင္ရန္ အရည္အခ်င္းျပည့္မီေၾကာင္း အသိအမွတ္ျပဳျခင္းျဖစ္သည္။ အျပည့္အဝအဖြဲ႕ဝင္နိုင္ငံျဖစ္လာေစရန္ လုံျခဳံေရး ေကာင္စီ၏ ေထာက္ခံခ်က္လိုအပ္သည္။
သို႔ေသာ္ အေမရိကန္ကိုယ္စားလွယ္အဖြဲသည္ ၿပီးခဲ့သည့္လက ယင္းဆုံးျဖတ္ခ်က္ကို ဗီတိုအာဏာျဖင့္ ပယ္ခ်ခဲ့သည္။ အေမရိကန္အေနျဖင့္ ပါလက္စတိုင္းကို ဆန႔္က်င္ဘက္ ျပဳျခင္းမဟုတ္ ေၾကာင္း၊ ေထာက္ခံ ပါေၾကာင္းႏွင့္ အဓိပၸာယ္ရွိစြာျဖင့္ အဖြဲ႕ဝင္ျဖစ္လာရန္ေမၽွာ္မွန္းေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္ လက္ေထာက္သံအမတ္ႀကီး ေရာဘတ္ဝု က ဆိုသည္။
နိုင္ငံမ်ားၾကား တိုက္ရိုက္ညႇိႏွိင္းေဆြးေႏြးမႈမ်ားပါဝင္သည့္ လုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ၿပီးမွသာလၽွင္ ပါလက္စတိုင္းအား အျပည့္အဝအဖြဲဝင္နိုင္ငံျဖစ္လာေစရန္ အသိအမွတ္ျပဳမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။
ကုလသမဂၢအေထြေထြညီလာခံ၏ ဆုံးျဖတ္ခ်က္ကို အစၥေရးနိုင္ငံျခားေရးဝန္ႀကီး ကတ္ဇ္ က ေဝဖန္ခဲ့ၿပီး ကုလသမဂၢအဖြဲ႕သည္ လြဲမွားၿပီး အဓိပၸာယ္မဲ့သည့္ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ေၾကာင္း ဆိုရွယ္မီဒီယာတြင္ ေျပာၾကားခဲ့သည္။
======
ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်း အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်အား ထောက်ခံသည့် ဆုံးဖြတ်ချက်ချမှတ်
မေ ၁၃
ကုလသမဂ္ဂအထွေထွေညီလာခံသည် ပါလက်စတိုင်း၏ အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်အား ထောက်ခံသည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၌ မေလ ၁၀ ရက်တွင် အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၄၃ မဲနှင့် ကန့်ကွက်မဲ ကိုးမဲ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။ ဆန့်ကျင်သည့်နိုင်ငံများတွင် အမေရိကန်နှင့် အစ္စရေး တိုပါဝင်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးနောက် အစည်းအဝေးခန်းမတစ်ခုလုံး လက်ခုပ်သံများဖြင့် ပြည့်နှက် ခဲ့ပြီး နိုင်ငံကိုယ်စားလှယ်များသည် ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ရီယတ်မန်ဆော ကို ဝမ်းသာအားရ ပွေ့ဖက်ခဲ့ကြသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်သည် ပါလက်စတိုင်းအား အပြည့်အဝပါဝင်ရန် အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ အပြည့်အဝအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်လိုအပ်သည်။
သို့သော် အမေရိကန်ကိုယ်စားလှယ်အဖွဲသည် ပြီးခဲ့သည့်လက ယင်းဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ အမေရိကန်အနေဖြင့် ပါလက်စတိုင်းကို ဆန့်ကျင်ဘက် ပြုခြင်းမဟုတ် ကြောင်း၊ ထောက်ခံ ပါကြောင်းနှင့် အဓိပ္ပာယ်ရှိစွာဖြင့် အဖွဲ့ဝင်ဖြစ်လာရန်မျှော်မှန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝု က ဆိုသည်။
နိုင်ငံများကြား တိုက်ရိုက်ညှိနှိင်းဆွေးနွေးမှုများပါဝင်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးမှသာလျှင် ပါလက်စတိုင်းအား အပြည့်အဝအဖွဲဝင်နိုင်ငံဖြစ်လာစေရန် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကတ်ဇ် က ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့သည် လွဲမှားပြီး အဓိပ္ပာယ်မဲ့သည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။