ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသာလၽွင္ ေသြးထြက္သံယိုျဖစ္ပြားမႈကို တားဆီးနိုင္ေၾကာင္း ကုလသမဂၢေျပာၾကား

ေမ ၁၃

အစၥေရးႏွင့္ ဟားမတ္စ္တို႔အၾကား ျဖစ္ပြားေနသည့္ ပဋိပကၡအတြင္း ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ သေဘာတူညီမႈရရွိေရးႏွင့္ပတ္သက္ၿပီး ႀကိဳးပမ္းေဆာင္ရြက္ေနေသာ ၾကားဝင္ ညႇိႏွိင္းသူမ်ားသည္ ၎တို၏ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို လတ္တေလာတြင္ ရပ္နားထားေၾကာင္း သိရသည္။

သို႔ေသာ္လည္း ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသာလၽွင္ ေနာက္ထပ္ေသြးထြက္သံယိုျဖစ္ပြားမႈကို တားဆီး နိုင္ၿပီး အလြန္လိုအပ္ေနေသာ ေထာက္ပံ့ကူညီမႈမ်ားကို ေပးအပ္နိုင္မည္ျဖစ္ေၾကာင္း ကုသမဂၢအကူအညီေပးေရး တာဝန္ရွိသူမ်ားက ေမလ ၁၀ ရက္ သတင္းစာရွင္းလင္းပြဲတြင္ သတိေပးေျပာၾကားလိုက္သည္။

အစၥေရးက ဗုံးမ်ားကို ရာဖာၿမိဳ႕အေပၚသို႔ ဆက္လက္ၾကဲခ်လ်က္ရွိေၾကာင္း ကုလသမဂၢလူသားခ်င္းစာနာမႈ ဆိုင္ရာ ညႇိႏွိင္းေရး႐ုံးမွ ပက္ထရိုေပါလုစ္ က ေျပာသည္။ ထိုျပင္ အစၥေရးက လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ ဇုန္အျဖစ္သတ္မွတ္ထားေသာ မူဝါစီေဒသႏွင့္ပိုမိုနီးကပ္စြာ တိုက္ခိုက္မႈမ်ားျဖစ္ပြားလာေနသည္ကို ျမင္ေတြ႕ရေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

အဆိုပါေနရာတြင္ ေထာင္ေသာင္းခ်ီေသာ အိုးအိမ္စြန႔္ခြာလာသူမ်ား ခိုလႈံေနၾကေသာ္လည္း အစၥေရးက ၎တို႔ထံ ထိေရာက္ၿပီးေဘးကင္းေသာနည္းလမ္းျဖင့္ ေထာက္ပံ့ကူညီမႈမ်ားကို တားဆီးထားေၾကာင္း ကုလသမဂၢ တာဝန္ရွိသူမ်ားကေျပာသည္။

ယခုသီတင္းပတ္အေစာပိုင္းတြင္ အစၥေရးက ရာဖာနယ္စပ္ျဖတ္သန္းေရးဂိတ္ကို ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ ဂါဇာကမ္းေျမာင္သို႔ ထရပ္ကားမ်ား ဝင္ေရာက္နိုင္ျခင္းမရွိေတာ့ေၾကာင္း သိရသည္။

ထိုျပင္ ေဆး႐ုံမ်ားၿပိဳက်ၿပီး သန႔္ရွင္းေသာေသာက္သုံးေရ ျပတ္လပ္ပါက ေရာဂါကူးစက္ပ်ံ႕ႏွံမႈမ်ား ျဖစ္ပြားလာမည္ကို စိုးရိမ္လ်က္ရွိၾကသည္။ ဂါဇာကမ္းေျမာင္ေတာင္ပိုင္းတြင္ စေနေန႔မတိုင္မီ ရိကၡာမ်ားျပတ္ေတာက္ဖြယ္ရွိေၾကာင္း ကုလသမဂၢတာဝန္ရွိသူမ်ားက သတိေပးထားသည္။

======

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသာလျှင် သွေးထွက်သံယိုဖြစ်ပွားမှုကို တားဆီးနိုင်ကြောင်း ကုလသမဂ္ဂပြောကြား

မေ ၁၃

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှုရရှိရေးနှင့်ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေသော ကြားဝင် ညှိနှိင်းသူများသည် ၎င်းတို၏ တွေ့ဆုံဆွေးနွေးမှုများကို လတ်တလောတွင် ရပ်နားထားကြောင်း သိရသည်။

သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသာလျှင် နောက်ထပ်သွေးထွက်သံယိုဖြစ်ပွားမှုကို တားဆီး နိုင်ပြီး အလွန်လိုအပ်နေသော ထောက်ပံ့ကူညီမှုများကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ကုသမဂ္ဂအကူအညီပေးရေး တာဝန်ရှိသူများက မေလ ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။

အစ္စရေးက ဗုံးများကို ရာဖာမြို့အပေါ်သို့ ဆက်လက်ကြဲချလျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိင်းရေးရုံးမှ ပက်ထရိုပေါလုစ် က ပြောသည်။ ထိုပြင် အစ္စရေးက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဇုန်အဖြစ်သတ်မှတ်ထားသော မူဝါစီဒေသနှင့်ပိုမိုနီးကပ်စွာ တိုက်ခိုက်မှုများဖြစ်ပွားလာနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါနေရာတွင် ထောင်သောင်းချီသော အိုးအိမ်စွန့်ခွာလာသူများ ခိုလှုံနေကြသော်လည်း အစ္စရေးက ၎င်းတို့ထံ ထိရောက်ပြီးဘေးကင်းသောနည်းလမ်းဖြင့် ထောက်ပံ့ကူညီမှုများကို တားဆီးထားကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများကပြောသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အစ္စရေးက ရာဖာနယ်စပ်ဖြတ်သန်းရေးဂိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် ဂါဇာကမ်းမြောင်သို့ ထရပ်ကားများ ဝင်ရောက်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ထိုပြင် ဆေးရုံများပြိုကျပြီး သန့်ရှင်းသောသောက်သုံးရေ ပြတ်လပ်ပါက ရောဂါကူးစက်ပျံ့နှံမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် စနေနေ့မတိုင်မီ ရိက္ခာများပြတ်တောက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက သတိပေးထားသည်။