ပီအက္စ္ဂ်ီအသင္းမွ ထြက္ခြာမည္ဟု ဘာေပး ထုတ္ျပန္
ျပင္သစ္တိုက္စစ္မႉးဘာေပးဟာ ယခုရာသီအကုန္မွာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အရြယ္ကစားသမားဟာ သူ႔ရဲ့ဆိုရွယ္မီဒီယာအေကာင့္ကေန ဆုံးျဖတ္ခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဘာေပးက “အခ်ိန္တန္ရင္ ေျပာမယ္လို႔ ကၽြန္ေတာ္အျမဲတမ္းေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းမွာ ကၽြန္ေတာ့္ရဲ့ေနာက္ဆုံးႏွစ္ပါ။ သက္တမ္းတိုးေတာ့မွာမဟုတ္ပါဘူး။ စြန႔္စားမႈဟာ ရက္သတၱပတ္အနည္းငယ္အတြင္း ၿပီးဆုံးေတာ့မွာပါ”လို႔ ေျပာခဲ့ပါတယ္။ ဘာေပးဟာ ဇြန္လမွာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ယခုေႏြရာသီမွာ ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရရွိထားတယ္လို႔ သိရပါတယ္။
=======
ပီအက်စ်ဂျီအသင်းမှ ထွက်ခွာမည်ဟု ဘာပေး ထုတ်ပြန်
ပြင်သစ်တိုက်စစ်မှူးဘာပေးဟာ ယခုရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘာပေးက “အချိန်တန်ရင် ပြောမယ်လို့ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ ကျွန်တော့်ရဲ့နောက်ဆုံးနှစ်ပါ။ သက်တမ်းတိုးတော့မှာမဟုတ်ပါဘူး။ စွန့်စားမှုဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးတော့မှာပါ”လို့ ပြောခဲ့ပါတယ်။ ဘာပေးဟာ ဇွန်လမှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယခုနွေရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။