ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ ဒုတိယအႀကိမ္ေျမာက္ စုေပါင္း ရဟန္းခံ၊ ရွင္ျပဳ၊ သီလရွင္ဝတ္၊ နားသ အလႉေတာ္မဂၤလာအခမ္းအနား က်င္းပျပဳလုပ္

ေမ ၉၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္၏ ဒုတိယအႀကိမ္ေျမာက္ စုေပါင္း ရဟန္းခံ၊ ရွင္ျပဳ၊ သီလရွင္ဝတ္၊ နားသ အလႉေတာ္မဂၤလာအခမ္းအနားကို ၂၀၂၃ ခုႏွစ္၊ ေမလ (၈)ရက္ႏွင့္ (၉)ရက္ေန႔မ်ားတြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။ ၂၀၂၄ ခုႏွစ္၊ ေမလ (၈)ရက္ေန႔ ညေန (၃)နာရီအခ်ိန္မွစတင္ၿပီး ဥပသမၼဒါ ရဟန္းခံ၊ သာသနာ့အေမြခံ ဆံခ်မဂၤလာအခမ္းအနားကို ရဟန္းေလာင္း (၁၅)ပါးအား ဆံခ်ျခင္း၊ မိုးကုတ္ဝိပႆနာ ေဗာဓိကုန္းရိပ္သာ ေက်ာင္းတိုက္ ဦးစီးပဓာနနာယက ကမၼဌာနာစရိယ ဆရာေတာ္ ဘဒၵႏၲၾသဘာသထံမွ ဆယ္ပါးသီလတည္ေဆာက္၍ ရွင္အျဖစ္ခံယူျခင္းတို႔​ျဖင့္ က်င္းပရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအဖြဲ႕ဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ပါသည္။
ထို႔ေနာက္ အလႉေတာ္မဂၤလာဒုတိယေန႔ျဖစ္သည့္ ၂၀၂၄ ခုႏွစ္ ေမလ (၉)ရက္ေန႔တြင္ အခမ္းအနားကို ၂ ပိုင္းခြဲ၍က်င္းပျပဳလုပ္ခဲ့ပါသည္။ နံနက္ပိုင္းတြင္ ေမာင္ရွင္ေလာင္း (၆၁)ပါး၊ သီလရွင္ (၂၈)ပါး၊ နားသ (၄)ဦး ပါဝင္သည့္ ရွင္အလႉလွည့္ျခင္း၊ ရဟန္းေလာင္းမ်ား သိမ္ဝင္ျခင္းႏွင့္ သိမ္ဆင္းေလာင္းလႉျခင္း၊ ရွင္ဘိသိက္ေျမႇာက္ျခင္းႏွင့္ နားသျခင္း၊ ေမာင္ရွင္ေလာင္းမ်ားႏွင့္ သီလရွင္ဝတ္မည့္သူမ်ားအား ဆံခ်ျခင္း၊ မိုးကုတ္ဝိပႆနာ ေဗာဓိကုန္းရိပ္သာ ေက်ာင္းတိုက္ ဦးစီးပဓာနနာယက ကမၼဌာနာစရိယ ဆရာေတာ္ ဘဒၵႏၲၾသဘာသထံမွ သီလရွင္ေလာင္းမ်ား သီလရွင္ျဖစ္ ရွစ္ပါးသီလခံယူျခင္းႏွင့္ ေမာင္ရွင္ေလာင္းမ်ား ရွင္သာမေဏအျဖစ္ခံယူျခင္း၊ ဆယ္ပါးသီလေဆာက္တည္ျခင္း၊ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းျခင္းတို႔အား အစီအစဥ္အလိုက္ေဆာင္ရြက္ခဲ့ပါသည္။
ေန႔လည္ပိုင္းတြင္ ေရစက္ခ်အႏုေမာဒနာ အခမ္းအနားကို ဆက္လက္ေဆာင္ရြက္ခဲ့ရာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္ရြတ္ဆိုဖြင့္လွစ္ခဲ့ၿပီး လယ္ေဝးၿမိဳ႕ ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဇနိႏၵ ခ်ီးျမႇင့္သည့္ အဂၤါ (၅)ပါးႏွင့္ညီေသာ သီလေတာ္ျမတ္အား ခံယူတည္ေဆာက္ၾကၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဝဏၰေက်ာ္ထင္၊ သီရိပ်ံခ်ီ ဦးခင္ရီက အလႉေတာ္မဂၤလာက်င္းပျပဳလုပ္ရ​ျခင္းႏွင့္ သာသနာေရးဆိုင္ရာေဆာင္ရြက္ခ်က္မ်ား တင္ပ​ျေလၽွာက္ထားပါသည္။
ထို႔ေနာက္ ႂကြေရာက္ေတာ္မူၾကသည့္ ဆရာေတာ္အရွင္သူျမတ္မ်ားမွ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ခ်ီးျမႇင့္ျခင္း၊ ဆရာေတာ္မ်ားအား ပါတီဥကၠ႒၊ ဒုတိယဥကၠ႒မ်ား၊အေထြေထြအတြင္းေရးမႉး၊ တြဲဖက္အေထြေထြအတြင္းေရးမႉးႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားမွ ဒါဓဗၺဝတၳဳအစုစုတို႔အား ဆက္ကပ္လႉဒါန္းၾကၿပီး ပ်ဥ္းမနားၿမိဳ႕ ပါဠိတကၠသိုလ္ မဂၤလာေဇယ်ဳံပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမေဇာတိကဓဇ ၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဝိမလဗုဒၶိမွ ဒုတိယအႀကိမ္ေျမာက္ စုေပါင္းရဟန္းခံ၊ ရွင္ျပဳ၊ သီလရွင္ဝတ္၊ နားသအလႉေတာ္မဂၤလာပြဲ ေအာင္ျမင္မႈ လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမၽွေပးေဝရန္ အႏုေမာဒနာတရားခ်ီးျမႇင့္ခဲ့ၿပီး အခမ္းအနားကို ဗုဒၶ သာသနံ စိရံ တိ႒တု သုံးႀကိမ္ရြတ္ဆို ႐ုပ္သိမ္းၿပီး ေဗ်ာစည္တီး ေရႊမိုးေငြမိုးမ်ားရြာသြန္း၍ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္၏ ဒုတိယအႀကိမ္ေျမာက္ စုေပါင္း ရဟန္းခံ၊ ရွင္ျပဳ၊ သီလရွင္ဝတ္၊ နားသ အလႉေတာ္မဂၤလာအခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ (၂)ရက္တိုင္တိုင္က်င္းပခဲ့သည့္ အလႉေတာ္မဂၤလာအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒မ်ား၊ အေထြေထြအတြင္းေရးမႉး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ ဆပ္ေကာ္မတီအသီးသီးမွ တာဝန္ရွိသူမ်ား၊ အျခားနိုင္ငံေရးပါတီမ်ားမွ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္းမွ မိတ္ေဆြမ်ား၊ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ ေမာင္ရွင္ေလာင္း၊ သီလရွင္ေလာင္း၊ နားသသမီးငယ္မ်ား၏ မိဘမ်ားတက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဒုတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ နားသ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

မေ ၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ နားသ အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ (၈)ရက်နှင့် (၉)ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ (၈)ရက်နေ့ ညနေ (၃)နာရီအချိန်မှစတင်ပြီး ဥပသမ္မဒါ ရဟန်းခံ၊ သာသနာ့အမွေခံ ဆံချမင်္ဂလာအခမ်းအနားကို ရဟန်းလောင်း (၁၅)ပါးအား ဆံချခြင်း၊ မိုးကုတ်ဝိပဿနာ ဗောဓိကုန်းရိပ်သာ ကျောင်းတိုက် ဦးစီးပဓာနနာယက ကမ္မဌာနာစရိယ ဆရာတော် ဘဒ္ဒန္တသြဘာသထံမှ ဆယ်ပါးသီလတည်ဆောက်၍ ရှင်အဖြစ်ခံယူခြင်းတို့​ဖြင့် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ထို့နောက် အလှူတော်မင်္ဂလာဒုတိယနေ့ဖြစ်သည့် ၂၀၂၄ ခုနှစ် မေလ (၉)ရက်နေ့တွင် အခမ်းအနားကို ၂ ပိုင်းခွဲ၍ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် မောင်ရှင်လောင်း (၆၁)ပါး၊ သီလရှင် (၂၈)ပါး၊ နားသ (၄)ဦး ပါဝင်သည့် ရှင်အလှူလှည့်ခြင်း၊ ရဟန်းလောင်းများ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းလှူခြင်း၊ ရှင်ဘိသိက်မြှောက်ခြင်းနှင့် နားသခြင်း၊ မောင်ရှင်လောင်းများနှင့် သီလရှင်ဝတ်မည့်သူများအား ဆံချခြင်း၊ မိုးကုတ်ဝိပဿနာ ဗောဓိကုန်းရိပ်သာ ကျောင်းတိုက် ဦးစီးပဓာနနာယက ကမ္မဌာနာစရိယ ဆရာတော် ဘဒ္ဒန္တသြဘာသထံမှ သီလရှင်လောင်းများ သီလရှင်ဖြစ် ရှစ်ပါးသီလခံယူခြင်းနှင့် မောင်ရှင်လောင်းများ ရှင်သာမဏေအဖြစ်ခံယူခြင်း၊ ဆယ်ပါးသီလဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့အား အစီအစဥ်အလိုက်ဆောင်ရွက်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ရေစက်ချအနုမောဒနာ အခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ ချီးမြှင့်သည့် အင်္ဂါ (၅)ပါးနှင့်ညီသော သီလတော်မြတ်အား ခံယူတည်ဆောက်ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးခင်ရီက အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရ​ခြင်းနှင့် သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များ တင်ပ​ြလျှောက်ထားပါသည်။
ထို့နောက် ကြွရောက်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊ ဆရာတော်များအား ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှ ဒါဓဗ္ဗဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းကြပြီး ပျဥ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိမှ ဒုတိယအကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ နားသအလှူတော်မင်္ဂလာပွဲ အောင်မြင်မှု လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေရန် အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး ဗျောစည်တီး ရွှေမိုးငွေမိုးများရွာသွန်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ နားသ အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါ (၂)ရက်တိုင်တိုင်ကျင်းပခဲ့သည့် အလှူတော်မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အခြားနိုင်ငံရေးပါတီများမှ လုပ်ဖော်ကိုင်ဖက်များ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ မိတ်ဆွေများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မောင်ရှင်လောင်း၊ သီလရှင်လောင်း၊ နားသသမီးငယ်များ၏ မိဘများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။