ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ပါတီဝင္အဆိုျပဳလႊာေပးအပ္ပြဲသို႔ တက္ေရာက္

ေမ ၁၃၊ ျပည္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ ေမလ (၁၁) ရက္ေန႔ ေန႔လည္ ၁၃၀၀ အခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ ျပည္ၿမိဳနယ္ပါတီ႐ုံးခန္းမတြင္ ျပဳလုပ္သည့္ ပါတီဝင္အသစ္ (၂၂၅)ဦး၏ အဆိုျပဳလႊာမ်ား စုေပါင္းေပးအပ္ပြဲအခမ္းအနားသို တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားကို နိုင္ငံေတာ္အလံအေလးျပဳၿပီး နိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ခဲ့ၿပီး အစီအစဥ္အရ ပါတီဥကၠ႒မွ အမွာစကားေျပာၾကားရာ ” ပါတီသို အသစ္ဝင္ေရာက္လာသူမ်ားသိသင့္သည့္ အသင္းဘဝမွသည္ နိုင္ငံေတာ္၏ သမိုင္းလိုအပ္ခ်က္အရ ပါတီအျဖစ္ေျပာင္းလဲျဖတ္သန္းခဲ့သည့္ မိမိတိုပါတီ၏ သမိုင္းေၾကာင္း၊ မိမိတိုပါတီ တံဆိပ္၊ အလံ၊ ေဆာင္ပုဒ္ တို၏ အဓိပၸါယ္ဖြင့္ဆိုခ်က္မ်ား၊ ပါတီ၏ ေရတို ေရရွည္ရည္မွန္းခ်က္မ်ားႏွင့္ ေရွ႕ဆက္ေဆာင္ရြက္သြားမည့္အစီအမံမ်ား ” အား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။

ထိုေနာက္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ပါတီဥကၠ႒ ဦးေအာင္ခ်ိဳဦးက ပါတီဝင္အသစ္မ်ား၏ အဆိုျပဳလႊာ (၂၂၅)ေစာင္အား ေပးအပ္ရာ ပါတီဥကၠ႒ ဦးခင္ရီက လက္ခံရယူခဲ့ပါသည္။ ဆက္လက္ၿပီး ပါတီဝင္အသစ္မ်ားထဲက တစ္ဦးမွ ပါတီသိုဝင္ေရာက္ရျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး အခမ္းအနားကို ညေန ၁၄၃၀ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။

အဆိုပါ ပါတီဝင္အဆိုျပဳလႊာေပးအပ္ပြဲအခမ္းအနားသို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊  ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ေပါင္းစပ္ညႇိႏွိင္းေရးမႉး တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ ဗဟိုအလုပ္အမႈေဆာင္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ပါတီဥကၠ႒ ဦးေအာင္ခ်ိဳဦး၊ တိုင္းေဒသႀကီး/ခရိုင္/ၿမိဳနယ္ ပါတီေကာ္မတီဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ပါတီဝင္အသစ္ (၂၂၅)ဦး စုစုေပါင္းအင္အား (၇၀၀)ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်
***
မေ ၁၃၊ ပြည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ နေ့လည် ၁၃၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြိုနယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် ပါတီဝင်အသစ် (၂၂၅)ဦး၏ အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး အစီအစဥ်အရ ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ ” ပါတီသို အသစ်ဝင်ရောက်လာသူများသိသင့်သည့် အသင်းဘဝမှသည် နိုင်ငံတော်၏ သမိုင်းလိုအပ်ချက်အရ ပါတီအဖြစ်ပြောင်းလဲဖြတ်သန်းခဲ့သည့် မိမိတိုပါတီ၏ သမိုင်းကြောင်း၊ မိမိတိုပါတီ တံဆိပ်၊ အလံ၊ ဆောင်ပုဒ် တို၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပါတီ၏ ရေတို ရေရှည်ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ ” အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပါတီဝင်အသစ်များ၏ အဆိုပြုလွှာ (၂၂၅)စောင်အား ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက လက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီး ပါတီဝင်အသစ်များထဲက တစ်ဦးမှ ပါတီသိုဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ညနေ ၁၄၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊  ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပေါင်းစပ်ညှိနှိင်းရေးမှူး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး/ခရိုင်/မြိုနယ် ပါတီကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပါတီဝင်အသစ် (၂၂၅)ဦး စုစုပေါင်းအင်အား (၇၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။