ဘရာဇီးေတာင္ပိုင္း မိုးႀကီးေရလႊမ္းမႈ ေ-သဆုံးသူ ၇၈ ဦးရွိလာၿပီး ၁၀၅ ဦး ေပ်ာက္ဆုံးေနေသး
ဘရာဇီးနိုင္ငံေတာင္ပိုင္း ရီယိုဂရန႔္ဒိုဆူးလ္ျပည္နယ္မွာ မိုးသည္းထန္မႈေၾကာင့္ ေရလႊမ္းမိုးမႈေတြအတြင္း ေ-သဆုံးသူ ၇၈ ဦး ရွိလာခဲ့ၿပီး လူေပါင္း ၁၁၅၀၀၀ ေက်ာ္ကို ေနရပ္ေရႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ ေဒသအာဏာပိုင္ေတြက တနဂၤေႏြေန႔မွာ ေျပာဆိုပါတယ္။
သမၼတ လူးဝစ္ အင္နာစီယို လူလာဒါေဆးဗားဟာ သူ႔အစိုးရအဖြဲ႕ဝင္မ်ားစြာနဲ႔ တနဂၤေႏြမနက္ပိုင္းမွာ ရီယိုဂရန႔္ဒိုဆူးလ္ကို ေရာက္ရွိလာၿပီး ကယ္ဆယ္ေရးနဲ႔ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ေတြအတြက္ ေဒသအာဏာပိုင္ေတြနဲ႔ ေဆြးေႏြးမႈေတြလုပ္ခဲ့ပါတယ္။
ေဗာ္လံတီယာေတြဟာ ေလွေတြ၊ ဂ်က္စကီေတြအျပင္ ေရထဲမွာ ကူးခတ္ၿပီး ကယ္ဆယ္ေရးလုပ္ငန္းစဥ္ေတြမွာ ကူညီေဆာင္ရြက္ေနၾကပါတယ္။ ျပည္နယ္ၿမိဳ႕ေတာ္ ေပၚတိုအလီဂရီရဲ့ အစိတ္အပိုင္း ကၽြန္းေတြေပၚမွာ ေသာၾကာေန႔ကစၿပီး ေရျမဳပ္ဧရိယာေတြကေန သူနဲ႔ သူငယ္ခ်င္းေတြက လူ ၅၀ ခန႔္ကို ကယ္ဆယ္ေပးခဲ့ရၿပီးျဖစ္ေၾကာင္း ဖာဘီယန္နို ဆာဒန္ဟာဆိုသူက ေျပာဆိုပါတယ္။
သူတို႔ေတြလမ္းတစ္ခုထဲ ဝင္လိုက္တာနဲ႔ “ကူညီၾကပါ၊ ကူညီၾကပါဦး”ဆိုတဲ့ အသံေတြပဲ ၾကားေနရတယ္လို႔လည္း ဆာဒန္ဟာက ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္က ၇၀ ခန႔္သာရွိတယ္လို႔ ခန႔္မွန္းထားတဲ့ ေပ်ာက္ဆုံးဦးေရဟာလည္း ၁၀၅ ဦးအထိ ရွိေနတယ္လို႔ သတင္းထုတ္ျပန္ထားတာေၾကာင့္ ေ-သဆုံးဦးေရဟာ သိသာစြာ တိုးလာနိုင္တယ္လို႔ ျပည္နယ္ အရပ္ဖက္ကာကြယ္ေရးအာဏာပိုင္အဖြဲ႕က ေျပာဆိုပါတယ္။
ၿပီးခဲ့တဲ့ ရက္အနည္းငယ္က မုန္တိုင္းေတြေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ ေရလႊမ္းမိုးမႈဟာ ျပည္နယ္ရဲ့ ၿမိဳ႕ေပါင္း ၅၀၀ ေက်ာ္နီးပါးမွာ သုံးပုံႏွစ္ပုံေက်ာ္ကို သက္ေရာက္ေစခဲ့ပါတယ္။ ဥ႐ုေဂြး၊ အာဂ်င္တီးနားနိုင္ငံေတြနဲ႔ နယ္နိမိတ္ထိစပ္ေနတဲ့ ယင္းျပည္နယ္မွာ လူဦးေရ ၁၁၅၀၀၀ ေက်ာ္ ေနရပ္ေရႊ႕ေျပာင္းခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာဆိုပါတယ္။
ေရလႊမ္းမိုးမႈေတြေၾကာင့္ ၿမိဳ႕မ်ားစြာမွာ လမ္းေတြ၊ တံတားေတြ ပ်က္စီးခဲ့ပါတယ္။ ဒါ့အျပင္ မိုးသည္းထန္မႈေတြေၾကာင့္ ေျမၿပိဳမႈေတြလည္း ျဖစ္ပြားခဲ့ၿပီး အေသးစားေရအားလၽွပ္စစ္စက္႐ုံရဲ့ ေရေလွာင္ကန္တစ္ခု တစ္စိတ္တစ္ပိုင္း ၿပိဳက်ခဲ့ေၾကာင္းလည္း သိရပါတယ္။
Ref: IT
========
ဘရာဇီးတောင်ပိုင်း မိုးကြီးရေလွှမ်းမှု ေ-သဆုံးသူ ၇၈ ဦးရှိလာပြီး ၁၀၅ ဦး ပျောက်ဆုံးနေသေး
ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန့်ဒိုဆူးလ်ပြည်နယ်မှာ မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးမှုတွေအတွင်း ေ-သဆုံးသူ ၇၈ ဦး ရှိလာခဲ့ပြီး လူပေါင်း ၁၁၅၀၀၀ ကျော်ကို နေရပ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
သမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးဗားဟာ သူ့အစိုးရအဖွဲ့ဝင်များစွာနဲ့ တနင်္ဂနွေမနက်ပိုင်းမှာ ရီယိုဂရန့်ဒိုဆူးလ်ကို ရောက်ရှိလာပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက် ဒေသအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။
ဗော်လံတီယာတွေဟာ လှေတွေ၊ ဂျက်စကီတွေအပြင် ရေထဲမှာ ကူးခတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်နေကြပါတယ်။ ပြည်နယ်မြို့တော် ပေါ်တိုအလီဂရီရဲ့ အစိတ်အပိုင်း ကျွန်းတွေပေါ်မှာ သောကြာနေ့ကစပြီး ရေမြုပ်ဧရိယာတွေကနေ သူနဲ့ သူငယ်ချင်းတွေက လူ ၅၀ ခန့်ကို ကယ်ဆယ်ပေးခဲ့ရပြီးဖြစ်ကြောင်း ဖာဘီယန်နို ဆာဒန်ဟာဆိုသူက ပြောဆိုပါတယ်။
သူတို့တွေလမ်းတစ်ခုထဲ ဝင်လိုက်တာနဲ့ “ကူညီကြပါ၊ ကူညီကြပါဦး”ဆိုတဲ့ အသံတွေပဲ ကြားနေရတယ်လို့လည်း ဆာဒန်ဟာက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က ၇၀ ခန့်သာရှိတယ်လို့ ခန့်မှန်းထားတဲ့ ပျောက်ဆုံးဦးရေဟာလည်း ၁၀၅ ဦးအထိ ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားတာကြောင့် ေ-သဆုံးဦးရေဟာ သိသာစွာ တိုးလာနိုင်တယ်လို့ ပြည်နယ် အရပ်ဖက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မုန်တိုင်းတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုဟာ ပြည်နယ်ရဲ့ မြို့ပေါင်း ၅၀၀ ကျော်နီးပါးမှာ သုံးပုံနှစ်ပုံကျော်ကို သက်ရောက်စေခဲ့ပါတယ်။ ဥရုဂွေး၊ အာဂျင်တီးနားနိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ယင်းပြည်နယ်မှာ လူဦးရေ ၁၁၅၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ရေလွှမ်းမိုးမှုတွေကြောင့် မြို့များစွာမှာ လမ်းတွေ၊ တံတားတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မိုးသည်းထန်မှုတွေကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပြီး အသေးစားရေအားလျှပ်စစ်စက်ရုံရဲ့ ရေလှောင်ကန်တစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ကြောင်းလည်း သိရပါတယ်။
Ref: IT